သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုန်းတွင်းနယ်စပ် လုံခြုံရေး တိုးမြှင့်တဲ့ဥပဒေ တရုတ်ပြဋ္ဌာန်း


တရုတ်-မြန်မာနယ်စပ် တရုတ်ဘက် နယ်စပ်ဂိတ်မြင်ကွင်း။ (မေ ၂၅၊ ၂၀၁၂)
တရုတ်-မြန်မာနယ်စပ် တရုတ်ဘက် နယ်စပ်ဂိတ်မြင်ကွင်း။ (မေ ၂၅၊ ၂၀၁၂)

(Zawgyi / Unicode)

တရုတ်ပြည်ဟာ မြန်မာနိုင်ငံ အပါအဝင် အိမ်နီးချင်းနိုင်ငံတွေနဲ့ ထိစပ်နေတဲ့ သူ့ရဲ့နယ်နိမိတ်လုံခြုံရေး တိုးမြှင့်ဖို့အတွက် ဥပဒေတရပ်ကို စနေနေ့တုန်းက ပြဋ္ဌာန်းလိုက်ပါတယ်။

အိန္ဒိယနဲ့ နယ်နိမိတ်အငြင်းပွားမှု၊ အာဖဂန်မှာ တာလီဘန်တွေ အာဏာပြန်ရလာပြီးနောက် ရွှေ့ပြောင်းနေထိုင်သူတွေ အများအပြား ဝင်ရောက်လာနိုင်တဲ့ အခြေအနေ၊ ဒါ့အပြင် မြန်မာနဲ့ ဗီယက်နမ်နိုင်ငံတွေကနေ တရားမဝင် ဝင်ရောက်မှုတွေကြောင့် ကိုဗစ်ရောဂါ ကူးစက်ပြန့်ပွားနိုင်ခြေ စတဲ့ ပြဿနာရပ်တွေ ရှိနေချိန်မှာ အခုလို နယ်စပ်ကို လုံခြုံရေး တိုးမြှင့်ဖို့အတွက် ဥပဒေ ပြဋ္ဌာန်းလိုက်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ခြင်း ထိစပ်နေတဲ့ ယူနန်ပြည်နယ်နဲ့ ဗီယက်နမ်နိုင်ငံတွေနဲ့ နယ်နိမိတ်ခြင်း ထိစပ်နေတဲ့ Guangxi ပြည်နယ်တွေအတွင်း တရားမဝင် ဝင်ရောက်လာသူတွေထံကနေ ကိုဗစ် ပြန်လည်ကူးစက်မှုတွေ ရှိခဲ့ပါတယ်။

ဒါ့အပြင် အာဖဂန်နိုင်ငံမှာ တာလီဘန်တွေ အာဏာပြန်လည်ရရှိခဲ့ပြီးနောက် ဒုက္ခသည်တွေ အများအပြား ဝင်ရောက်လာတာ ဒါမှမဟုတ် တရုတ်ပြည်က ဝီဂါ မွတ်စလင်တွေနဲ့ ချိတ်ဆက်ဖို့ အာဖဂန်ဘက်ကနေ အစ္စလာမ္မစ် အစွန်းရောက်တွေ ဝင်ရောက်လာမှာကိုလည်း တရုတ်က စိုးရိမ်နေပါတယ်။

တရုတ်ပြည်ရဲ့ အချုပ်အခြာ အာဏာနဲ့ နယ်နိမိတ်ကို ထိရောက်စွာ ကာကွယ်သွားမယ်လို့ အဲဒီ တရုတ်ဥပဒေသစ်မှာ ဖော်ပြထားပါတယ်။

ဒီဥပဒေဟာ မြန်မာနိုင်ငံ အပါအဝင် နယ်စပ်ပြဿနာဖြစ်နေတဲ့ အိန္ဒိယ၊ အင်အားကြီး ရုရှား၊ ဒါ့အပြင် မြောက်ကိုရီးယား အပါအဝင် နိုင်ငံပေါင်း ၁၄ နိုင်ငံနဲ့ ထိစပ်နေတဲ့ နယ်နိမိတ်ကို ဘယ်လိုကာကွယ်မယ်ဆိုတာကို အသေးစိတ် ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

---------------------

(Unicode)








XS
SM
MD
LG