သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ဘူတန္နယ္စပ္မွာ တ႐ုတ္ေ႐ြ႕ေျပာင္း႐ြာသစ္ေတြတည္ေဆာက္


တရုတ္-အႏၵိယ အျငင္းပြားနယ္စပ္တခု (ဓာတ္ပံု - AP)

တ႐ုတ္ႏိုင္ငံက ဘူတန္ႏိုင္ငံနယ္စပ္မွာ ေက်း႐ြာသစ္ေတြေဆာက္တာနဲ႔ ေ႐ြ႕ေျပာင္းေနထိုင္မႈအသစ္ေတြ ျပဳလုပ္လာေနတာေၾကာင့္ နယ္ေျမပိုင္ဆိုင္မႈ အျငင္းပြားတဲ့ကိစၥေတြ ျဖစ္ေပၚေနပါတယ္။ ဘူတန္ႏိုင္ငံဟာ တ႐ုတ္နဲ႔ အိႏၵိယ ႏွစ္ႏိုင္ငံအၾကားမွာရွိေနတဲ့ ႏိုင္ငံငယ္ေလး ျဖစ္ပါတယ္။

အိႏၵိယနဲ႔ တ႐ုတ္နယ္စပ္မွာလိုဘဲ ဘူတန္နဲ႔ နယ္နိမိတ္ျခင္း ထိစပ္ေနတဲ့ ကီလိုမီတာ ၄၇၇ ရွည္လ်ားတဲ့ေဒသတေလွ်ာက္မွာ တ႐ုတ္ဘက္က ေ႐ြ႕ေျပာင္းေနထိုင္မႈအသစ္ေတြ ျပဳလုပ္လာေနတာဟာ မဟာျဗဴဟာအရ အေရးပါတဲ့ ဒီေဒသမွာ အိႏၵိယနဲ႔ နယ္ေျမအျငင္းပြားမႈေတြ ျဖစ္လာခဲ့ရင္ အသာစီးရႏိုင္ေအာင္ တ႐ုတ္ဘက္က ႀကိဳတင္ စီစဥ္ေနတာလို႔ သုေတသီေတြက သုံးသပ္ပါတယ္။

ဘူတန္နယ္စပ္က ေဆာက္လုပ္ေရးလုပ္ငန္းေတြကို ၂၀၂၀ ခုႏွစ္ ဒုတိယႏွစ္ဝက္ပိုင္းမွာ စတင္ခဲ့တာျဖစ္ၿပီး ၂၀၂၁ ခုႏွစ္အတြင္းမွာ အရွိန္ျမင့္ ေဆာင္႐ြက္တာကို ေတြ႕ရေၾကာင္း၊ အေဆာက္အဦးေတြဟာ ေတာင္ေပၚ သစ္သားအိမ္ပုံစံမ်ိဳး တပုံစံထဲ ေဆာက္ထားတာျဖစ္ေၾကာင္း အစၥေရးအေျခစိုက္ ေျမျပင္ေျပာင္းလဲမႈအေျခအေနေတြကို သုေတသနျပဳေနတဲ့အဖြဲ႕က Damien Symon က ေျပာပါတယ္။

တ႐ုတ္တို႔က အခုအိမ္ေတြေဆာက္ေနတဲ့ေနရာဟာ ေတာေတာင္ ထူထပ္တဲ့ ၾကမ္းတမ္းတဲ့ ေျမခံရွိတဲ့ေနရာေတြျဖစ္ေၾကာင္းနဲ႔ အဲဒီ နယ္ေျမဟာ ဘူတန္ႏိုင္ငံကပိုင္ဆိုင္တဲ့ ေဒသအတြင္းမွာျဖစ္ေၾကာင္း၊ ဒါေပမယ့္ လူေနတဲ့ေဒသမဟုတ္ေၾကာင္း Damien Symon က ေျပာပါတယ္။

အခု ေ႐ြ႕ေျပာင္းေနထိုင္မႈအသစ္ တည္ေဆာက္ေနတဲ့ ေနရာဟာ ၂၀၁၇ ခုႏွစ္တုန္းက တ႐ုတ္တို႔က လမ္းေဖာက္တဲ့အတြက္ အိႏၵိယစစ္သားေတြက တားဆီးရာက ႏွစ္ႏိုင္ငံ တင္းမာမႈေတြျဖဖစ္ခဲ့တဲ့ Doklam ကုန္းျမင့္ေဒသနဲ႔ ကီလိုမီတာ ၃၀ ေလာက္ ေဝးတဲ့ေနရာမွာ ျဖစ္တယ္လို႔ ဆိုပါတယ္။ တ႐ုတ္တို႔က သူတို႔လမ္းေဖာက္တဲ့အစီအစဥ္ကို ဖ်က္သိမ္းၿပီး အဲဒီေနရာကို နဂိုအတိုင္း ထားရွိဖို႔ သေဘာတူၿပီးတဲ့ေနာက္မွာ အဲဒီ တင္းမာမႈက အဆုံးသတ္သြားခဲ့ပါတယ္။

.......................................................................................

တိုက္႐ိုက္ လင့္ခ္


ဘူတန်နယ်စပ်မှာ တရုတ်ရွေ့ပြောင်းရွာသစ်တွေတည်ဆောက်

တရုတ်နိုင်ငံက ဘူတန်နိုင်ငံနယ်စပ်မှာ ကျေးရွာသစ်တွေဆောက်တာနဲ့ ရွေ့ပြောင်းနေထိုင်မှုအသစ်တွေ ပြုလုပ်လာနေတာကြောင့် နယ်မြေပိုင်ဆိုင်မှု အငြင်းပွားတဲ့ကိစ္စတွေ ဖြစ်ပေါ်နေပါတယ်။ ဘူတန်နိုင်ငံဟာ တရုတ်နဲ့ အိန္ဒိယ နှစ်နိုင်ငံအကြားမှာရှိနေတဲ့ နိုင်ငံငယ်လေး ဖြစ်ပါတယ်။

အိန္ဒိယနဲ့ တရုတ်နယ်စပ်မှာလိုဘဲ ဘူတန်နဲ့ နယ်နိမိတ်ခြင်း ထိစပ်နေတဲ့ ကီလိုမီတာ ၄၇၇ ရှည်လျားတဲ့ဒေသတလျှောက်မှာ တရုတ်ဘက်က ရွေ့ပြောင်းနေထိုင်မှုအသစ်တွေ ပြုလုပ်လာနေတာဟာ မဟာဗြူဟာအရ အရေးပါတဲ့ ဒီဒေသမှာ အိန္ဒိယနဲ့ နယ်မြေအငြင်းပွားမှုတွေ ဖြစ်လာခဲ့ရင် အသာစီးရနိုင်အောင် တရုတ်ဘက်က ကြိုတင် စီစဉ်နေတာလို့ သုတေသီတွေက သုံးသပ်ပါတယ်။

ဘူတန်နယ်စပ်က ဆောက်လုပ်ရေးလုပ်ငန်းတွေကို ၂၀၂၀ ခုနှစ် ဒုတိယနှစ်ဝက်ပိုင်းမှာ စတင်ခဲ့တာဖြစ်ပြီး ၂၀၂၁ ခုနှစ်အတွင်းမှာ အရှိန်မြင့် ဆောင်ရွက်တာကို တွေ့ရကြောင်း၊ အဆောက်အဦးတွေဟာ တောင်ပေါ် သစ်သားအိမ်ပုံစံမျိုး တပုံစံထဲ ဆောက်ထားတာဖြစ်ကြောင်း အစ္စရေးအခြေစိုက် မြေပြင်ပြောင်းလဲမှုအခြေအနေတွေကို သုတေသနပြုနေတဲ့အဖွဲ့က Damien Symon က ပြောပါတယ်။

တရုတ်တို့က အခုအိမ်တွေဆောက်နေတဲ့နေရာဟာ တောတောင် ထူထပ်တဲ့ ကြမ်းတမ်းတဲ့ မြေခံရှိတဲ့နေရာတွေဖြစ်ကြောင်းနဲ့ အဲဒီ နယ်မြေဟာ ဘူတန်နိုင်ငံကပိုင်ဆိုင်တဲ့ ဒေသအတွင်းမှာဖြစ်ကြောင်း၊ ဒါပေမယ့် လူနေတဲ့ဒေသမဟုတ်ကြောင်း Damien Symon က ပြောပါတယ်။

အခု ရွေ့ပြောင်းနေထိုင်မှုအသစ် တည်ဆောက်နေတဲ့ နေရာဟာ ၂၀၁၇ ခုနှစ်တုန်းက တရုတ်တို့က လမ်းဖောက်တဲ့အတွက် အိန္ဒိယစစ်သားတွေက တားဆီးရာက နှစ်နိုင်ငံ တင်းမာမှုတွေဖြဖစ်ခဲ့တဲ့ Doklam ကုန်းမြင့်ဒေသနဲ့ ကီလိုမီတာ ၃၀ လောက် ဝေးတဲ့နေရာမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ တရုတ်တို့က သူတို့လမ်းဖောက်တဲ့အစီအစဉ်ကို ဖျက်သိမ်းပြီး အဲဒီနေရာကို နဂိုအတိုင်း ထားရှိဖို့ သဘောတူပြီးတဲ့နောက်မှာ အဲဒီ တင်းမာမှုက အဆုံးသတ်သွားခဲ့ပါတယ်။

XS
SM
MD
LG