သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ယူနန္ျပည္နယ္တြင္း တရားမ၀င္ျမန္မာႏိ္ုင္ငံသားလက္ခံသူေတြကို တ႐ုတ္အေရးယူမည္


ျမန္မာ ယူနန္နယ္စပ္ဂိတ္ျမင္ကြင္း (ႏိုဝင္ဘာလ ၁၈၊၂ဝ၂ဝ)

{{Zawgyi/Unicode}}
ျမန္မာႏုိင္ငံနဲ႔နယ္စပ္ ယူနန္ျပည္နယ္မွာ ကုိဗစ္ကပ္ေရာဂါကာလ တရားမ၀င္ေရာက္ရွိေနတဲ့ ျမန္မာႏုိင္ငံသားေတြကုိ လက္ခံထားသူေတြကုိ ႀကီးေလးတဲ့ ဒဏ္ေငြေပးေဆာင္ရမွာျဖစ္ေၾကာင္း တ႐ုတ္အာဏာပုိင္ေတြ သတိေပးလုိက္တဲ့အေၾကာင္း ကိုေဇာ္ထက္ သတင္းေပးပို႔ထားပါတယ္။

ျမန္မာႏုိင္ငံသား အမ်ားအျပားရွိတဲ့ ေ႐ႊလီနဲ႔ က်ယ္ေဂါင္ၿမိဳ႕ေတြ အပါအ၀င္ ယူနန္ျပည္နယ္ထဲမွာ တရား၀င္ေနထုိင္ခြင့္ အေထာက္အထားမရွိဘဲ ေနထုိင္အလုပ္လုပ္ကုိင္ေနသူေတြကုိ လက္မခံဖို႔နဲ႔ ပ်က္ကြက္ခဲ့မယ္ဆုိရင္ တရားမ၀င္ေနထုိင္သူ တေယာက္ကုိ ျမန္မာက်ပ္ေငြ သိန္း ၁၀၀ နီးပါးနဲ႔ ညီမွ်တဲ့ တ႐ုတ္ယြမ္ေငြ ၅၀၀၀၀ ဒဏ္ေငြေဆာင္ရမွာျဖစ္ေၾကာင္း တ႐ုတ္ေဒသခံ အာဏာပုိင္ေတြ သတိေပးလိုက္တာ ျဖစ္ပါတယ္။ျမန္မာအလုပ္သမားေတြ လက္ခံထားတဲ့ တ႐ုတ္လုပ္ငန္းရွင္ေတြလည္း ဒီၫႊန္ၾကားခ်က္ကို လိုက္နာရမွာျဖစ္ေၾကာင္းလည္း ညႊန္ၾကားခ်က္မွာ ေဖာ္ျပထားပါတယ္။

ျမန္မာႏုိင္ငံမွာ ကပ္ေရာဂါ တေက်ာ့ျပန္တုိးလာရာက နယ္စပ္ေဒသလုံၿခံဳေရး တုိးျမွင့္ထားတဲ့ တ႐ုတ္ႏုိင္ငံက ေရာဂါကူးစက္မႈေတြ တုိးျမွင့္ထိန္းခ်ဳပ္ဖုိ႔ ရည္ရြယ္ခ်က္နဲ႔ အခုလို ၫႊန္ၾကားခ်က္ေတြ ထုတ္ျပန္ေနတာလုိ႔လည္း ေရႊလီၿမိဳ႕မွာ ေက်ာက္အေရာင္းအဝယ္ လုပ္ငန္းလုပ္ကိုင္ေနတဲ့ ကိုမိုးထြန္းကေျပာပါတယ္။

“ တယ္ဟုန္ျပည္နယ္ေပါ့ တယ္ဟုန္ျပည္နယ္ဆိုေတာ့ သူက ပန္ဆိုင္းတို႔ဘာတို႔ ဘက္မွာလည္း ခိုးေပါက္ေတြ ဘာညာရွိတယ္ေလ၊ ခိုးေပါက္ကေန ဝင္မလာႏိုင္ေအာင္ တားျမစ္တဲ့ပုံစံေပါ့။ အဓိကေတာ့ တ႐ုတ္ျပည္ထဲက တ႐ုတ္အိမ္ရွင္၊ အိမ္ငွားေတြအတြက္ ထုတ္ျပန္တာေပါ့။ အလုပ္သမားဆိုရင္လည္း တ႐ုတ္ေတြဆီမွာ အခန္းငွားၿပီး ေနရင္ အိမ္ရွင္နဲ႔ဆိုင္သြားၿပီေလ ဒါက။ အကယ္၍ဒီဘက္မွာ ကိုယ္ပိုင္ေနတဲ့ အခန္းေတြဘာညာ ရွိတယ္ဆိုရင္ေတာ့၊ ျမန္မာျပည္သား အခ်င္းခ်င္းကေတာ့ လက္မခံဘူး။ သူကထုတ္ျပန္တာ။”

ျမန္မာႏုိင္ငံသား အမ်ားအျပား အလုပ္လုပ္ကုိင္ေနတဲ့ ေရႊလီၿမိဳ႕မွာ မၾကာေသးခင္တုန္းက ျမန္မာႏုိင္ငံသားတခ်ဳိ႕ ကုိဗစ္ကပ္ေရာဂါ ကူးစက္မႈေတြ ေတြ႔ရွိခဲ့တာေၾကာင့္ တ႐ုတ္အာဏာပုိင္ေတြက နယ္စပ္ေဒသလံုၿခံဳေရး တုိးျမွင့္တာ အပါအ၀င္ ေရာဂါထိန္းခ်ဳပ္ေရးအတြက္ အရွိန္ျမွင့္ ေဆာင္ရြက္လာေနတာပါ။ ဒါေပမဲ့လည္း နယ္စပ္ေဒသမွာ တရားမ၀င္ ၀င္ေရာက္ေနသူေတြ ရွိေနဆဲျဖစ္တဲ့အတြက္ အခုလို တင္းၾကပ္လာတာလုိ႔လည္း ေ႐ႊလီၿမိဳ႕အေျခစုိက္ မိုးမခေဖာင္ေဒးရွင္း ဥကၠ႒ ေဒၚမိုးမခက ေျပာပါတယ္။

“ အရင္တုန္းကလည္း အဲဒီလိုဒဏ္ေငြ ေဆာင္ရမယ္ ေထာင္ခ်ခံရမယ္ အၿမဲတမ္းသတိေပးတယ္၊ သတိေပးရဲ႕သားနဲ႔ကို အခုဆိုရင္ ခိုးေပါက္ေတြ ဘာေတြဆိုရင္ သူတို႔က အျမင့္ႀကီးပဲ ၿခံေတြ၊ ဘာေတြ ထပ္ကာတယ္၊ စာအုပ္မရွိ၊ ဘာမွအေထာက္အထားမရွိ ခိုးဝင္လာသူကို ကိုယ္က လက္ခံထားမယ္ ဆိုရင္ေတာ့ သူတို႔ဒီ အေရးယူမွာေပါ့။”

ဒီကိစၥနဲ႔ပတ္သက္လို႔ သံတမန္လမ္းေၾကာင္းအရ ျမန္မာဘက္ သတင္းေပးပို႔တာမ်ိဳးမရွိေပမဲ့ ကပ္ေရာဂါ ကာကြယ္ေရးအတြက္ ယူနန္အစိုးရက သူ႔ျပည္နယ္အတြင္းမွာ မၾကာခဏဆိုသလို ၫႊန္ၾကားခ်က္ေတြ ေျပာင္းလဲ ထုတ္ျပန္တာမ်ိဳး ရွိေၾကာင္း မူဆယ္ခ႐ိုင္ အုပ္ခ်ဳပ္ေရးဦးစီးဌာန လက္ေထာက္ ၫႊန္ၾကားေရးမႉး ဦးေမာင္ေမာင္သန္းက ဗြီအိုေအကို ေျပာပါတယ္။

“ သူတို႔ဘက္က အမိန႔္ၫႊန္ၾကားခ်က္က အမ်ိဳးမ်ိဳး ထုတ္ေနတာပဲေလ၊ ထုတ္ေနတာကို က်ေနာ္တို႔လည္း ဒီ အစည္းအေဝးေတြ ဘာေတြမွာက် သက္ဆိုင္ရာ ဌာနေတြက တင္ျပမွသိတာေလ။ ကိုယ့္ဘက္ကို သံတမန္ လမ္းေၾကာင္းအရ တရားဝင္အေၾကာင္းမၾကားရင္ က်ေနာ္တို႔လည္း မသိၾကဘူး။ သူ႔ဘက္အျခမ္းေတာ့ သူ႔တိုင္းျပည္ရဲ႕ ဥပေဒေပါ့၊ သူတို႔အတိုင္း ထုတ္ေနတာေတြေတာ့ ရွိမွာေပါ့ေလ။”

ျမန္မာျပည္မွာ ကိုဗစ္အတည္ျပဳလူနာ တျဖည္းျဖည္းတိုးလာတဲ့ မတ္လကုန္ကစလို႔ တ႐ုတ္ဘက္က ျမန္မာနဲ႔ ထိစပ္ေနတဲ့ နယ္စပ္ၿမိဳ႕ေတြမွာ လူအဝင္အထြက္ကို တားျမစ္ထားတာ ျဖစ္ပါတယ္။ ကုန္စည္ပို႔ေဆာင္ေရးကိုလည္း အကန႔္အသတ္နဲ႔ ခြင့္ျပဳထားေပမဲ့ ေဆာင္းသီးႏွံ႔ေပၚတဲ့ ရာသီျဖစ္လို႔ တ႐ုတ္ဘက္က အျမန္ဆုံး ေျဖေလွ်ာ့ေပးဖို႔လည္း ကုန္သည္ေတြက ေတာင္းဆိုေနၾကပါတယ္။
က်ေနာ္ကေတာ့ ေဇာ္ထက္ပါ ဗြီအိုေအအတြက္ သတင္းေပးပို႔လိုက္တာပါ။

.............................

တိုက္႐ိုက္ လင့္ခ္


{{Unicode}}
မြန်မာနိုင်ငံနဲ့နယ်စပ် ယူနန်ပြည်နယ်မှာ ကိုဗစ်ကပ်ရောဂါကာလ တရားမဝင်ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေကို လက်ခံထားသူတွေကို ကြီးလေးတဲ့ ဒဏ်ငွေပေးဆောင်ရမှာဖြစ်ကြောင်း တရုတ်အာဏာပိုင်တွေ သတိပေးလိုက်တဲ့အကြောင်း ကိုဇော်ထက် သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံသား အများအပြားရှိတဲ့ ရွှေလီနဲ့ ကျယ်ဂေါင်မြို့တွေ အပါအဝင် ယူနန်ပြည်နယ်ထဲမှာ တရားဝင်နေထိုင်ခွင့် အထောက်အထားမရှိဘဲ နေထိုင်အလုပ်လုပ်ကိုင်နေသူတွေကို လက်မခံဖို့နဲ့ ပျက်ကွက်ခဲ့မယ်ဆိုရင် တရားမဝင်နေထိုင်သူ တယောက်ကို မြန်မာကျပ်ငွေ သိန်း ၁၀၀ နီးပါးနဲ့ ညီမျှတဲ့ တရုတ်ယွမ်ငွေ ၅၀၀၀၀ ဒဏ်ငွေဆောင်ရမှာဖြစ်ကြောင်း တရုတ်ဒေသခံ အာဏာပိုင်တွေ သတိပေးလိုက်တာ ဖြစ်ပါတယ်။မြန်မာအလုပ်သမားတွေ လက်ခံထားတဲ့ တရုတ်လုပ်ငန်းရှင်တွေလည်း ဒီညွှန်ကြားချက်ကို လိုက်နာရမှာဖြစ်ကြောင်းလည်း ညွှန်ကြားချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ကပ်ရောဂါ တကျော့ပြန်တိုးလာရာက နယ်စပ်ဒေသလုံခြုံရေး တိုးမြှင့်ထားတဲ့ တရုတ်နိုင်ငံက ရောဂါကူးစက်မှုတွေ တိုးမြှင့်ထိန်းချုပ်ဖို့ ရည်ရွယ်ချက်နဲ့ အခုလို ညွှန်ကြားချက်တွေ ထုတ်ပြန်နေတာလို့လည်း ရွှေလီမြို့မှာ ကျောက်အရောင်းအဝယ် လုပ်ငန်းလုပ်ကိုင်နေတဲ့ ကိုမိုးထွန်းကပြောပါတယ်။

“ တယ်ဟုန်ပြည်နယ်ပေါ့ တယ်ဟုန်ပြည်နယ်ဆိုတော့ သူက ပန်ဆိုင်းတို့ဘာတို့ ဘက်မှာလည်း ခိုးပေါက်တွေ ဘာညာရှိတယ်လေ၊ ခိုးပေါက်ကနေ ဝင်မလာနိုင်အောင် တားမြစ်တဲ့ပုံစံပေါ့။ အဓိကတော့ တရုတ်ပြည်ထဲက တရုတ်အိမ်ရှင်၊ အိမ်ငှားတွေအတွက် ထုတ်ပြန်တာပေါ့။ အလုပ်သမားဆိုရင်လည်း တရုတ်တွေဆီမှာ အခန်းငှားပြီး နေရင် အိမ်ရှင်နဲ့ဆိုင်သွားပြီလေ ဒါက။ အကယ်၍ဒီဘက်မှာ ကိုယ်ပိုင်နေတဲ့ အခန်းတွေဘာညာ ရှိတယ်ဆိုရင်တော့၊ မြန်မာပြည်သား အချင်းချင်းကတော့ လက်မခံဘူး။ သူကထုတ်ပြန်တာ။”

မြန်မာနိုင်ငံသား အများအပြား အလုပ်လုပ်ကိုင်နေတဲ့ ရွှေလီမြို့မှာ မကြာသေးခင်တုန်းက မြန်မာနိုင်ငံသားတချို့ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တွေ့ရှိခဲ့တာကြောင့် တရုတ်အာဏာပိုင်တွေက နယ်စပ်ဒေသလုံခြုံရေး တိုးမြှင့်တာ အပါအဝင် ရောဂါထိန်းချုပ်ရေးအတွက် အရှိန်မြှင့် ဆောင်ရွက်လာနေတာပါ။ ဒါပေမဲ့လည်း နယ်စပ်ဒေသမှာ တရားမဝင် ဝင်ရောက်နေသူတွေ ရှိနေဆဲဖြစ်တဲ့အတွက် အခုလို တင်းကြပ်လာတာလို့လည်း ရွှေလီမြို့အခြေစိုက် မိုးမခဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါ်မိုးမခက ပြောပါတယ်။

“ အရင်တုန်းကလည်း အဲဒီလိုဒဏ်ငွေ ဆောင်ရမယ် ထောင်ချခံရမယ် အမြဲတမ်းသတိပေးတယ်၊ သတိပေးရဲ့သားနဲ့ကို အခုဆိုရင် ခိုးပေါက်တွေ ဘာတွေဆိုရင် သူတို့က အမြင့်ကြီးပဲ ခြံတွေ၊ ဘာတွေ ထပ်ကာတယ်၊ စာအုပ်မရှိ၊ ဘာမှအထောက်အထားမရှိ ခိုးဝင်လာသူကို ကိုယ်က လက်ခံထားမယ် ဆိုရင်တော့ သူတို့ဒီ အရေးယူမှာပေါ့။”

ဒီကိစ္စနဲ့ပတ်သက်လို့ သံတမန်လမ်းကြောင်းအရ မြန်မာဘက် သတင်းပေးပို့တာမျိုးမရှိပေမဲ့ ကပ်ရောဂါ ကာကွယ်ရေးအတွက် ယူနန်အစိုးရက သူ့ပြည်နယ်အတွင်းမှာ မကြာခဏဆိုသလို ညွှန်ကြားချက်တွေ ပြောင်းလဲ ထုတ်ပြန်တာမျိုး ရှိကြောင်း မူဆယ်ခရိုင် အုပ်ချုပ်ရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးမောင်မောင်သန်းက ဗွီအိုအေကို ပြောပါတယ်။

“ သူတို့ဘက်က အမိန့်ညွှန်ကြားချက်က အမျိုးမျိုး ထုတ်နေတာပဲလေ၊ ထုတ်နေတာကို ကျနော်တို့လည်း ဒီ အစည်းအဝေးတွေ ဘာတွေမှာကျ သက်ဆိုင်ရာ ဌာနတွေက တင်ပြမှသိတာလေ။ ကိုယ့်ဘက်ကို သံတမန် လမ်းကြောင်းအရ တရားဝင်အကြောင်းမကြားရင် ကျနော်တို့လည်း မသိကြဘူး။ သူ့ဘက်အခြမ်းတော့ သူ့တိုင်းပြည်ရဲ့ ဥပဒေပေါ့၊ သူတို့အတိုင်း ထုတ်နေတာတွေတော့ ရှိမှာပေါ့လေ။”

မြန်မာပြည်မှာ ကိုဗစ်အတည်ပြုလူနာ တဖြည်းဖြည်းတိုးလာတဲ့ မတ်လကုန်ကစလို့ တရုတ်ဘက်က မြန်မာနဲ့ ထိစပ်နေတဲ့ နယ်စပ်မြို့တွေမှာ လူအဝင်အထွက်ကို တားမြစ်ထားတာ ဖြစ်ပါတယ်။ ကုန်စည်ပို့ဆောင်ရေးကိုလည်း အကန့်အသတ်နဲ့ ခွင့်ပြုထားပေမဲ့ ဆောင်းသီးနှံ့ပေါ်တဲ့ ရာသီဖြစ်လို့ တရုတ်ဘက်က အမြန်ဆုံး ဖြေလျှော့ပေးဖို့လည်း ကုန်သည်တွေက တောင်းဆိုနေကြပါတယ်။
ကျနော်ကတော့ ဇော်ထက်ပါ ဗွီအိုအေအတွက် သတင်းပေးပို့လိုက်တာပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG