သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တ႐ုတ္ႏုိင္ငံသားေတြ ျမန္မာႏုိင္ငံ ေျမာက္ပိုင္းမွာ အသြားအလာဆင္ျခင္ဖို႔ တ႐ုတ္ သတိေပး


တ႐ုတ္-ျမန္မာ နယ္စပ္ဂိတ္တေနရာ။ (စက္တင္ဘာ ၂၆၊ ၂၀၀၇)

(Zawgyi / Unicode)

တ႐ုတ္နယ္စပ္နဲ႔နီးတဲ့ ျမန္မာႏုိင္ငံ ရွမ္းျပည္ေျမာက္ပိုင္းေဒသမွာ ဝင္ေငြေကာင္းတဲ့အလုပ္ ရေစမယ္လို႔ အလုပ္အကုိင္ လာေရာက္ရွာေဖြသူေတြကို ေသြးေဆာင္ဖ်ားေယာင္းၿပီး ေနာက္ဆုံးမွာ ျပန္ေပးဆဲြတာ၊ ျပည့္တန္္ဆာလုပ္ငန္းထဲ အဓမၼေစခိုင္းတာေတြ ရွိလာတယ္ဆိုတဲ့ ရဲအစီရင္ခံစာေၾကာင့္ အႏၱရာယ္မ်ားတဲ့ အဲဒီေဒသကို သြားေရာက္ အလုပ္ရွာေဖြတာမ်ဳိး မလုပ္ၾကဖို႔ တ႐ုတ္အစိုးရက သူ႔ျပည္သူေတြကို သတိေပးထားေၾကာင္း South China Morning Post သတင္းမွာ ေဖာ္ျပပါတယ္။

အထူးသျဖင့္ ကာဆီႏုိ ေလာင္းကစား႐ုံေတြ၊ အြန္လိုင္းကတဆင့္ ေငြေၾကး လိမ္လည္မႈေတြ၊ ျပည့္တန္ဆာလုပ္ငန္းေတြ ျပည့္ေနတဲ့ ရွမ္းျပည္ ကိုးကန္႔ေဒသက ေလာက္ကိုင္ၿမဳိ႕ ဒုစ႐ုိက္နယ္ေျမဟာ အလုပ္အကိုင္အတြက္ ဒါမွမဟုတ္ လာေရာက္လည္ပတ္တဲ့ တ႐ုတ္ႏိုင္ငံသားေတြကို ပစ္မွတ္ထားေနတယ္လို႔ ဆိုပါတယ္။

ျမန္မာႏုိင္ငံက တရားဝင္ကုမၸဏီေတြမွာ အလုပ္ေကာင္းရမယ္ဆိုတဲ့ ေၾကာ္ျငာေတြေၾကာင့္ တ႐ုတ္ႏုိင္ငံသား အမ်ားအျပား လိမ္လည္လွည့္ဖ်ား ခံခဲ့ရတယ္လို႔ တ႐ုတ္ႏုိင္ငံျခားေရး ဝန္ႀကီးဌာနရဲ႕ စေနေန႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပပါတယ္။

ဒါေပမယ့္ အဲဒီေဒသကို တကယ္တမ္း ေရာက္သြားခ်ိန္မွာ ေလာင္းကစား႐ုံေတြ၊ တယ္လီဖုန္းနဲ႔ ဆက္သြယ္လိမ္လည္ၿပီး ေငြရယူတဲ့ ရာဇဝတ္လုပ္ငန္းမ်ဳိးေတြမွာ အတင္းအက်ပ္ ခိုင္းေစတာခံရေၾကာင္း၊ ဒါကို ျငင္းဆန္တဲ့သူေတြဟာ ျပင္းထန္စြာ ႏွိပ္စက္ အျပစ္ေပးတာ ခံရတယ္လို႔ ဆိုပါတယ္။

ကုိးကန္႔ေဒသမွာ ျမန္မာႏုိင္ငံသား ခံယူထားတဲ့ တ႐ုတ္နိုင္ငံသား အသိုင္းအဝုိင္းက ႀကီးမားၿပီး ေဒသတခုလုံးနီးပါး မန္ဒရင္း တ႐ုတ္ဘာသာစကားနဲ႔သာ ေျပာဆိုၾကသလို သုံးစဲြတဲ့ ေငြေၾကးကလည္း တ႐ုတ္ ယြမ္ေငြ ျဖစ္တယ္လို႔ သတင္းက ဆုိပါတယ္။

တ႐ုတ္စီးပြားေရးသမားတဦးကို တႏိုင္ငံတည္းသား တ႐ုတ္ေတြက ၾသဂုတ္လထဲ ျပန္ေပးဆဲြသြားတဲ့အမႈကို ၿပီးခဲ့တဲ့အပတ္က တ႐ုတ္သတင္းေတြမွာ ေဖာ္ျပလာၾကပါတယ္။ အဲဒီစီးပြားေရးသမားဟာ ၿပီးခဲ့တဲ့ ဇန္နဝါရီလမွာ ျမန္မာႏိုင္ငံကုိ တရားမဝင္ ဝင္ေရာက္ခဲ့ၿပီး ဇူလိုင္လထဲ တယ္လီဖုန္းေတြေရာင္းတဲ့ ဆိုင္တခု ဖြင့္ထားခ်ိန္မွာ လုပ္ေဖာ္ကိုင္ဘက္ေတြရဲ႕ ျပန္ေပးဆဲြ ေငြညႇစ္တာမ်ဳိးကို ႀကဳံခဲ့ရေပမယ့္ မိသားစုက အေဝးကေန ေငြနဲ႔ လွမ္းေရြးခဲ့တာပါ။

ျပန္ေပးဆဲြသူလို႔ မသကၤာတဲ့ တ႐ုတ္လူမ်ဳိး ၉ ဦးကို ျမန္မာရဲတပ္ဖဲြ႔က စက္တင္ဘာလထဲမွာ ဖမ္းဆီးခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

တရုတ်နိုင်ငံသားတွေ မြန်မာနိုင်ငံ မြောက်ပိုင်းမှာ အသွားအလာဆင်ခြင်ဖို့ တရုတ် သတိပေး

တရုတ်နယ်စပ်နဲ့နီးတဲ့ မြန်မာနိုင်ငံ ရှမ်းပြည်မြောက်ပိုင်းဒေသမှာ ဝင်ငွေကောင်းတဲ့အလုပ် ရစေမယ်လို့ အလုပ်အကိုင် လာရောက်ရှာဖွေသူတွေကို သွေးဆောင်ဖျားယောင်းပြီး နောက်ဆုံးမှာ ပြန်ပေးဆွဲတာ၊ ပြည့်တန်ဆာလုပ်ငန်းထဲ အဓမ္မစေခိုင်းတာတွေ ရှိလာတယ်ဆိုတဲ့ ရဲအစီရင်ခံစာကြောင့် အန္တရာယ်များတဲ့ အဲဒီဒေသကို သွားရောက် အလုပ်ရှာဖွေတာမျိုး မလုပ်ကြဖို့ တရုတ်အစိုးရက သူ့ပြည်သူတွေကို သတိပေးထားကြောင်း South China Morning Post သတင်းမှာ ဖော်ပြပါတယ်။

အထူးသဖြင့် ကာဆီနို လောင်းကစားရုံတွေ၊ အွန်လိုင်းကတဆင့် ငွေကြေး လိမ်လည်မှုတွေ၊ ပြည့်တန်ဆာလုပ်ငန်းတွေ ပြည့်နေတဲ့ ရှမ်းပြည် ကိုးကန့်ဒေသက လောက်ကိုင်မြို့ ဒုစရိုက်နယ်မြေဟာ အလုပ်အကိုင်အတွက် ဒါမှမဟုတ် လာရောက်လည်ပတ်တဲ့ တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားနေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံက တရားဝင်ကုမ္ပဏီတွေမှာ အလုပ်ကောင်းရမယ်ဆိုတဲ့ ကြော်ငြာတွေကြောင့် တရုတ်နိုင်ငံသား အများအပြား လိမ်လည်လှည့်ဖျား ခံခဲ့ရတယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ စနေနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါပေမယ့် အဲဒီဒေသကို တကယ်တမ်း ရောက်သွားချိန်မှာ လောင်းကစားရုံတွေ၊ တယ်လီဖုန်းနဲ့ ဆက်သွယ်လိမ်လည်ပြီး ငွေရယူတဲ့ ရာဇဝတ်လုပ်ငန်းမျိုးတွေမှာ အတင်းအကျပ် ခိုင်းစေတာခံရကြောင်း၊ ဒါကို ငြင်းဆန်တဲ့သူတွေဟာ ပြင်းထန်စွာ နှိပ်စက် အပြစ်ပေးတာ ခံရတယ်လို့ ဆိုပါတယ်။

ကိုးကန့်ဒေသမှာ မြန်မာနိုင်ငံသား ခံယူထားတဲ့ တရုတ်နိုင်ငံသား အသိုင်းအဝိုင်းက ကြီးမားပြီး ဒေသတခုလုံးနီးပါး မန်ဒရင်း တရုတ်ဘာသာစကားနဲ့သာ ပြောဆိုကြသလို သုံးစွဲတဲ့ ငွေကြေးကလည်း တရုတ် ယွမ်ငွေ ဖြစ်တယ်လို့ သတင်းက ဆိုပါတယ်။

တရုတ်စီးပွားရေးသမားတဦးကို တနိုင်ငံတည်းသား တရုတ်တွေက သြဂုတ်လထဲ ပြန်ပေးဆွဲသွားတဲ့အမှုကို ပြီးခဲ့တဲ့အပတ်က တရုတ်သတင်းတွေမှာ ဖော်ပြလာကြပါတယ်။ အဲဒီစီးပွားရေးသမားဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ မြန်မာနိုင်ငံကို တရားမဝင် ဝင်ရောက်ခဲ့ပြီး ဇူလိုင်လထဲ တယ်လီဖုန်းတွေရောင်းတဲ့ ဆိုင်တခု ဖွင့်ထားချိန်မှာ လုပ်ဖော်ကိုင်ဘက်တွေရဲ့ ပြန်ပေးဆွဲ ငွေညှစ်တာမျိုးကို ကြုံခဲ့ရပေမယ့် မိသားစုက အဝေးကနေ ငွေနဲ့ လှမ်းရွေးခဲ့တာပါ။

ပြန်ပေးဆွဲသူလို့ မသင်္ကာတဲ့ တရုတ်လူမျိုး ၉ ဦးကို မြန်မာရဲတပ်ဖွဲ့က စက်တင်ဘာလထဲမှာ ဖမ်းဆီးခဲ့ပါတယ်။

XS
SM
MD
LG