သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ- တ႐ုတ္ နယ္စပ္ကုန္သြယ္ေရးညႇိႏႈိင္းဖို႔ ကုန္သည္ေတြက အစိုးရကိုေတာင္းဆို


 ျမန္မာ- တ႐ုတ္ နယ္စပ္ရွိ ကုန္ကားမ်ား

(Zawgyi/Unicode)

ကုိဗစ္ကပ္ေရာဂါကာလ အိမ္နီးခ်င္းတ႐ုတ္ႏုိင္ငံက နယ္စပ္အ၀င္အထြက္ေတြမွာ လုံၿခံဳေရးနဲ႔ စည္းကမ္းခ်က္ေတြ တုိးျမႇင့္ထားတာေၾကာင့္ ကုန္သြယ္ေရး ထိခုိက္မွာ စုိးရိမ္ေနတဲ့ ျမန္မာကုန္သည္ေတြက ေဆြးေႏြးညွိႏႈိင္းဖုိ႔ ျမန္မာတာ၀န္ရွိသူေတြကုိ တုိက္တြန္းေနတဲ့အေၾကာင္း ကိုေဇာ္ထက္ ေျပာျပမွာပါ။

ျမန္မာႏုိင္ငံမွာ ကပ္ေရာဂါ ကူးစက္မႈေတြ တုိးလာေနခ်ိန္မွာပဲ နယ္စပ္ေဒသေတြမွာ တ႐ုတ္ႏုိင္ငံက ေရာဂါကူးစက္မႈထိန္းခ်ဳပ္ေရး အစီအစဥ္ေတြ တုိးျမႇင့္ထားတာေၾကာင့္ ျမန္မာႏုိင္ငံကထြက္ကုန္ေတြ ပုိ႔ေဆာင္ရာမွာ ထိခုိက္မွာကုိ ကုန္သည္ေတြ စုိးရိမ္ေနပါတယ္။ အထူးသျဖင့္ မၾကာခင္ေပၚေတာ့မယ့္ ေဆာင္းသီးႏွံေတြနဲ႔ ေရထြက္ကုန္ေတြ မူဆယ္နယ္စပ္ကေန တင္ပုိ႔ေရး အခက္အခဲ ႀကံဳရႏုိင္တာေၾကာင့္ တ႐ုတ္ႏုိင္ငံ ယူနန္ျပည္နယ္ အာဏာပုိင္ေတြနဲ႔ ျမန္မာတာဝန္ရွိသူေတြ အျမန္ဆုံးညႇိႏႈိင္းေပးဖို႔ မေန႔တုန္းကပဲ ျမန္မာကုန္သည္ေတြက စာပို႔ၿပီးေတာင္းဆို လိုက္တာပါ။

မူဆယ္ၿမိဳ႕ သစ္သီးဝလံကုန္စည္ဒိုင္ ဒုဥကၠ႒ စိုင္းခင္ေမာင္ကေတာ့ တ႐ုတ္ႏုိင္ငံဘက္မွာ ျမန္မာကုန္သည္ေတြအတြက္ ကိုယ္စားလွယ္ေတြ ထားခြင့္ျပဳမယ္ဆိုရင္ အဆင္ေျပႏိုင္တယ္လို႔ ေျပာပါတယ္။

“ နည္းနည္း ပိုၿပီး တင္းက်ပ္လာတယ္၊ ပိုခက္လာတယ္၊ သိပ္ၿပီး အေနအထားေတြ မေကာင္းၾကဘူးေပါ့။ ဟိုဘက္မွာ ကိုယ္စားလွယ္ ထားႏိုင္ဖို႔ ဟိုဘက္မွာ ေနခြင့္ေပါ့ေလ ညႇိႏႈိင္းေပးေစခ်င္တာ အစိုးရ၊ ရွမ္းျပည္နယ္ အစိုးရက။ ဥပမာ ပြဲ႐ုံကိုယ္စားလွယ္၊ ေတာင္သူကိုယ္စားလွယ္၊ ဒါမွမဟုတ္ ကုမၸဏီ ကိုယ္စားလွယ္ေတြ ဟိုဘက္မွာ ရွိေနတယ္ ဆိုရင္ေတာ့။ ကိုယ့္ပြဲ႐ုံကိုယ္စားလွယ္က တဖက္မွာ မရွိေတာ့ ကားဝင္ကားထြက္ ေနာက္ေရာင္းတာ၊ ဝယ္တာကအစ ဘာမွ အဆင္မေျပဘူး။”

တ႐ုတ္ႏုိင္ငံကုိ ျမန္မာႏုိင္ငံက ေရထြက္ကုန္ေတြ၊ စုိက္ပ်ဳိးေရးထြက္ကုန္ေတြ အဓိက တင္ပုိ႔ေနရာမွာ ကပ္ေရာဂါ ႀကံဳရတဲ့ ဧၿပီလဆန္းကစလို႔ တ႐ုတ္ႏုိင္ငံဘက္က လူနဲ႔ ကုန္ကားအဝင္အထြက္ကို ကန႔္သတ္ထားတာ အခုအခ်ိန္အထိပါ။ ဒါေၾကာင့္လည္း ေဆာင္းသီးႏွံေတြထြက္မယ့္ ေရွ႕လထဲမွာ ကုန္စည္တင္ပုိ႔ေရးမွာ ကန္႔သတ္မႈေတြ ရွိေနဦးမယ္ဆုိရင္ အခက္အခဲႀကံဳရမွာကုိ ျမန္မာကုန္သည္ေတြဘက္က စုိးရိမ္ေနၾကပါတယ္။

ရွမ္းျပည္နယ္ စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီး ဦးစိုးၫႊန႔္လြင္ကေတာ့ ဒီကိစၥအေသးစိတ္ကို ဒီေန႔ ေအာက္တိုဘာ ၁၅ ရက္မွာပဲ စီးပြားေရးနဲ႔ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးထံ တင္ျပထားတယ္လို႔ ဗြီအိုေအကို ေျပာပါတယ္။

“ ဖုန္း contact က ျပည္ေထာင္စုဝန္ႀကီးနဲ႔ တိုက္႐ိုက္ေျပာခဲ့ပါတယ္ ငါးရွဥ့္ကိစၥကို၊ တ႐ုတ္နဲ႔ပတ္သက္ၿပီး လာမယ့္ ရာသီသီးႏွံေတြ အတြက္လည္း က်ေနာ္တို႔ ႀကိဳတင္ညႇိႏႈိင္းၿပီးေတာ့ ဒီေရာဂါနဲ႔ ပတ္သက္ၿပီးေတာ့ အခက္အခဲမရွိေအာင္၊ အဝင္အထြက္ကို ဘယ္လိုေဆာင္႐ြက္မလဲ ဆိုတာ အေၾကာင္းၾကားထား ပါတယ္။ အဓိက က နယ္စပ္ကုန္သြယ္ေရးက ျပည္ေထာင္စုက တိုက္႐ိုက္ ကိုင္တြယ္တာ ျဖစ္ပါတယ္ခင္ဗ်။”

ကပ္ေရာဂါကူးစက္မႈေတြကုိ ထိန္းခ်ဳပ္တဲ့အေနနဲ႔ နယ္စပ္မွာ တ႐ုတ္ႏုိင္ငံက ျမန္မာကုန္ကားယာဥ္ေမာင္းသမားေတြကို မဝင္မခံေတာ့ဘဲ တ႐ုတ္ႏိုင္ငံသားနဲ႔ အစားထိုးၿပီး ကုန္ကားကိုပဲ ဝင္ခြင့္ေပးထားပါတယ္။ ဒါေၾကာင့္လည္း ကုန္စည္စီးဆင္းမႈေတြ ေႏွးေကြးေနၿပီး မၾကာခင္ ျမန္မာႏုိင္ငံက ထြက္ကုန္ေတြ အမ်ားအျပား တ႐ုတ္ႏုိင္ငံထဲ တင္ပုိ႔ရမယ့္ အခ်ိန္မ်ဳိးမွာ ဆုံးရႈံးမႈပမာဏ မ်ားႏိုင္တယ္လို႔လည္း ျမန္မာကုန္သည္ေတြက အစိုးရကို ေပးပို႔ထားတဲ့ စာထဲမွာ သတိေပးထားပါတယ္။

တခ်ိန္တည္းမွာပဲ တ႐ုတ္ႏုိင္ငံနဲ႔နယ္စပ္ ကခ်င္ျပည္နယ္ ကန္ပိုက္တီးဘက္မွာေတာ့ ျမန္မာအစိုးရက ခြင့္ျပဳထားတာေၾကာင့္ တ႐ုတ္ငွက္ေပ်ာတင္ ကုန္ကား အစီး ၂၀၀ ေလာက္ ပုံမွန္ဝင္ထြက္ခြင့္ ရေနပါတယ္။ ကန္ပိုက္တီး ကားႀကီးမ်ားအသင္း ဥကၠ႒ ေဒၚတူးကေတာ့ ကုန္စည္စီးဆင္းမႈေတြ မွ်တမႈရွိဖုိ႔နဲ႔ ေဒသခံေတြအလုပ္အကိုင္ရရွိေရး အစိုးရတာ၀န္ရွိသူေတြနဲ႔ ဒီလထဲ ေဆြးေႏြးဖို႔ စီစဥ္ထားတယ္လို႔ ေျပာပါတယ္။

နယ္စပ္စခန္းေတြမွာ အႀကီးဆုံးျဖစ္တဲ့ မူဆယ္နယ္စပ္ဂိတ္ ပို႔ကုန္တန္ဖိုးက ၂၀၁၉- ၂၀၂၀ ဘ႑ာႏွစ္ ဩဂုတ္လအထိ အေမရိကန္ေဒၚလာ သန္းေပါင္း ၂၈၀၃.၃၅၆ ရွိၿပီး၊ ၿပီးခဲ့တဲ့ဘ႑ာႏွစ္ကေတာ့ အေမရိကန္ေဒၚလာ သန္း ၃၁၅၀ ေက်ာ္ ရွိခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

မြန်မာ- တရုတ် နယ်စပ်ကုန်သွယ်ရေးညှိနှိုင်းဖို့ကုန်သည်တွေကအစိုးရကိုတောင်းဆို

(Unicode)

ကိုဗစ်ကပ်ရောဂါကာလ အိမ်နီးချင်းတရုတ်နိုင်ငံက နယ်စပ်အဝင်အထွက်တွေမှာ လုံခြုံရေးနဲ့ စည်းကမ်းချက်တွေ တိုးမြှင့်ထားတာကြောင့် ကုန်သွယ်ရေး ထိခိုက်မှာ စိုးရိမ်နေတဲ့ မြန်မာကုန်သည်တွေက ဆွေးနွေးညှိနှိုင်းဖို့ မြန်မာတာဝန်ရှိသူတွေကို တိုက်တွန်းနေတဲ့အကြောင်း ကိုဇော်ထက် ပြောပြမှာပါ။

မြန်မာနိုင်ငံမှာ ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာနေချိန်မှာပဲ နယ်စပ်ဒေသတွေမှာ တရုတ်နိုင်ငံက ရောဂါကူးစက်မှုထိန်းချုပ်ရေး အစီအစဉ်တွေ တိုးမြှင့်ထားတာကြောင့် မြန်မာနိုင်ငံကထွက်ကုန်တွေ ပို့ဆောင်ရာမှာ ထိခိုက်မှာကို ကုန်သည်တွေ စိုးရိမ်နေပါတယ်။ အထူးသဖြင့် မကြာခင်ပေါ်တော့မယ့် ဆောင်းသီးနှံတွေနဲ့ ရေထွက်ကုန်တွေ မူဆယ်နယ်စပ်ကနေ တင်ပို့ရေး အခက်အခဲ ကြုံရနိုင်တာကြောင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် အာဏာပိုင်တွေနဲ့ မြန်မာတာဝန်ရှိသူတွေ အမြန်ဆုံးညှိနှိုင်းပေးဖို့ မနေ့တုန်းကပဲ မြန်မာကုန်သည်တွေက စာပို့ပြီးတောင်းဆို လိုက်တာပါ။

မူဆယ်မြို့ သစ်သီးဝလံကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ စိုင်းခင်မောင်ကတော့ တရုတ်နိုင်ငံဘက်မှာ မြန်မာကုန်သည်တွေအတွက် ကိုယ်စားလှယ်တွေ ထားခွင့်ပြုမယ်ဆိုရင် အဆင်ပြေနိုင်တယ်လို့ ပြောပါတယ်။

“ နည်းနည်း ပိုပြီး တင်းကျပ်လာတယ်၊ ပိုခက်လာတယ်၊ သိပ်ပြီး အနေအထားတွေ မကောင်းကြဘူးပေါ့။ ဟိုဘက်မှာ ကိုယ်စားလှယ် ထားနိုင်ဖို့ ဟိုဘက်မှာ နေခွင့်ပေါ့လေ ညှိနှိုင်းပေးစေချင်တာ အစိုးရ၊ ရှမ်းပြည်နယ် အစိုးရက။ ဥပမာ ပွဲရုံကိုယ်စားလှယ်၊ တောင်သူကိုယ်စားလှယ်၊ ဒါမှမဟုတ် ကုမ္ပဏီ ကိုယ်စားလှယ်တွေ ဟိုဘက်မှာ ရှိနေတယ် ဆိုရင်တော့။ ကိုယ့်ပွဲရုံကိုယ်စားလှယ်က တဖက်မှာ မရှိတော့ ကားဝင်ကားထွက် နောက်ရောင်းတာ၊ ဝယ်တာကအစ ဘာမှ အဆင်မပြေဘူး။”

တရုတ်နိုင်ငံကို မြန်မာနိုင်ငံက ရေထွက်ကုန်တွေ၊ စိုက်ပျိုးရေးထွက်ကုန်တွေ အဓိက တင်ပို့နေရာမှာ ကပ်ရောဂါ ကြုံရတဲ့ ဧပြီလဆန်းကစလို့ တရုတ်နိုင်ငံဘက်က လူနဲ့ ကုန်ကားအဝင်အထွက်ကို ကန့်သတ်ထားတာ အခုအချိန်အထိပါ။ ဒါကြောင့်လည်း ဆောင်းသီးနှံတွေထွက်မယ့် ရှေ့လထဲမှာ ကုန်စည်တင်ပို့ရေးမှာ ကန့်သတ်မှုတွေ ရှိနေဦးမယ်ဆိုရင် အခက်အခဲကြုံရမှာကို မြန်မာကုန်သည်တွေဘက်က စိုးရိမ်နေကြပါတယ်။

ရှမ်းပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွှန့်လွင်ကတော့ ဒီကိစ္စအသေးစိတ်ကို ဒီနေ့ အောက်တိုဘာ ၁၅ ရက်မှာပဲ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးထံ တင်ပြထားတယ်လို့ ဗွီအိုအေကို ပြောပါတယ်။

“ ဖုန်း contact က ပြည်ထောင်စုဝန်ကြီးနဲ့ တိုက်ရိုက်ပြောခဲ့ပါတယ် ငါးရှဉ့်ကိစ္စကို၊ တရုတ်နဲ့ပတ်သက်ပြီး လာမယ့် ရာသီသီးနှံတွေ အတွက်လည်း ကျနော်တို့ ကြိုတင်ညှိနှိုင်းပြီးတော့ ဒီရောဂါနဲ့ ပတ်သက်ပြီးတော့ အခက်အခဲမရှိအောင်၊ အဝင်အထွက်ကို ဘယ်လိုဆောင်ရွက်မလဲ ဆိုတာ အကြောင်းကြားထား ပါတယ်။ အဓိက က နယ်စပ်ကုန်သွယ်ရေးက ပြည်ထောင်စုက တိုက်ရိုက် ကိုင်တွယ်တာ ဖြစ်ပါတယ်ခင်ဗျ။”

ကပ်ရောဂါကူးစက်မှုတွေကို ထိန်းချုပ်တဲ့အနေနဲ့ နယ်စပ်မှာ တရုတ်နိုင်ငံက မြန်မာကုန်ကားယာဉ်မောင်းသမားတွေကို မဝင်မခံတော့ဘဲ တရုတ်နိုင်ငံသားနဲ့ အစားထိုးပြီး ကုန်ကားကိုပဲ ဝင်ခွင့်ပေးထားပါတယ်။ ဒါကြောင့်လည်း ကုန်စည်စီးဆင်းမှုတွေ နှေးကွေးနေပြီး မကြာခင် မြန်မာနိုင်ငံက ထွက်ကုန်တွေ အများအပြား တရုတ်နိုင်ငံထဲ တင်ပို့ရမယ့် အချိန်မျိုးမှာ ဆုံးရှုံးမှုပမာဏ များနိုင်တယ်လို့လည်း မြန်မာကုန်သည်တွေက အစိုးရကို ပေးပို့ထားတဲ့ စာထဲမှာ သတိပေးထားပါတယ်။

တချိန်တည်းမှာပဲ တရုတ်နိုင်ငံနဲ့နယ်စပ် ကချင်ပြည်နယ် ကန်ပိုက်တီးဘက်မှာတော့ မြန်မာအစိုးရက ခွင့်ပြုထားတာကြောင့် တရုတ်ငှက်ပျောတင် ကုန်ကား အစီး ၂၀၀ လောက် ပုံမှန်ဝင်ထွက်ခွင့် ရနေပါတယ်။ ကန်ပိုက်တီး ကားကြီးများအသင်း ဥက္ကဋ္ဌ ဒေါ်တူးကတော့ ကုန်စည်စီးဆင်းမှုတွေ မျှတမှုရှိဖို့နဲ့ ဒေသခံတွေအလုပ်အကိုင်ရရှိရေး အစိုးရတာဝန်ရှိသူတွေနဲ့ ဒီလထဲ ဆွေးနွေးဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။

နယ်စပ်စခန်းတွေမှာ အကြီးဆုံးဖြစ်တဲ့ မူဆယ်နယ်စပ်ဂိတ် ပို့ကုန်တန်ဖိုးက ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ် ဩဂုတ်လအထိ အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၈၀၃.၃၅၆ ရှိပြီး၊ ပြီးခဲ့တဲ့ဘဏ္ဍာနှစ်ကတော့ အမေရိကန်ဒေါ်လာ သန်း ၃၁၅၀ ကျော် ရှိခဲ့ပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG