သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးခံ ကနေဒါနိုင်ငံသားတွေနဲ့ တရုတ်ဟွာဝေးကုမ္ပဏီ အရာရှိတို့ ဌာနေပြန်ရောက်


တရုတ်နိုင်ငံကို ပြန်လည်ရောက်ရှိခဲ့တဲ့ ဟွာဝေးကုမ္ပဏီ ဘဏ္ဍာရေးဆိုင်ရာ အမှုဆောင်အရာရှိချုပ် Meng Wanzhou. (စက်တင်ဘာ ၂၅၊ ၂၀၂၁)
တရုတ်နိုင်ငံကို ပြန်လည်ရောက်ရှိခဲ့တဲ့ ဟွာဝေးကုမ္ပဏီ ဘဏ္ဍာရေးဆိုင်ရာ အမှုဆောင်အရာရှိချုပ် Meng Wanzhou. (စက်တင်ဘာ ၂၅၊ ၂၀၂၁)

(Zawgyi / Unicode)

သံတမန်ရေးအရ ညှိနှိုင်းခဲ့ပြီးနောက် ကနေဒါနဲ့ တရုတ်နိုင်ငံတွေမှာ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးလိုက်တာကြောင့် နောက်တနေ့ဖြစ်တဲ့ စနေနေ့မှာပဲ ဌာနေကို အသီးသီး ပြန်ရောက်သွားကြပါပြီ။

ကနေဒါနိုင်ငံသားတွေဖြစ်တဲ့ Michael Spavor နဲ့ Michael Kovrig တို့ စနေနေ့ မနက်ပိုင်းမှာ ကနေဒါနိုင်ငံ Alberta က Calgary ကို လေယာဉ်နဲ့ ပြန်ရောက်လာပြီး ဝန်ကြီးချုပ် Justin Trudeau က ကြိုဆိုခဲ့ပါတယ်။ သူတို့ဟာ ၂၀၁၈ ခုနှစ်ကတည်းက တရုတ်နိုင်ငံမှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

အမေရိကန်မှာ တရားရင်ဆိုင်ဖို့ အမေရိကန် အာဏာပိုင်တွေက တောင်းဆိုနေတဲ့ တရုတ်ဟွာဝေး နည်းပညာကုမ္ပဏီ ထိပ်တန်းအရာရှိ Meng Wanzhou ကို ကနေဒါမှာ ဖမ်းဆီးလိုက်ပြီး သီတင်း ၂ ပတ် မပြည့်ခင်မှာပဲ ကနေဒါနိုင်ငံသား ၂ ယောက်ကို ဖမ်းဆီးလိုက်တာပါ။

ရက်ပေါင်း ၁,၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရတဲ့ ကနေဒါနိုင်ငံသား ၂ ယောက် ဌာနေ ပြန်ရောက်လာပြီး မိနစ်ပိုင်းအကြာမှာပဲ ဟွာဝေးကုမ္ပဏီရဲ့ ဘဏ္ဍာရေးဆိုင်ရာ အမှုဆောင်အရာရှိချုပ် Meng Wanzhou ရဲ့ လေယာဉ်ကလည်း တရုတ်နိုင်ငံကို ဆိုက်ရောက်သွားတာ ဖြစ်ပါတယ်။ သူမပြန်လွတ်လာတဲ့ သတင်းကို တရုတ်ဗဟိုရုပ်သံကနေ ထုတ်လွှင့်ပေးနေသလို တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရကလည်း သူ့ဆိုရှယ်မီဒီယာမှာ Meng Wanzhou ကနေဒါက ပြန်ထွက်လာချိန်ကစပြီး တင်ထားတာ ဖြစ်ပါတယ်။

ကနေဒါဝန်ကြီးချုပ် Trudeau က သောကြာနေ့ ညနေပိုင်းမှာ သူ့နိုင်ငံသား ၂ ဦး ပြန်လွတ်မြောက်လာတာနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာပါ။ ဒီသတင်းစာရှင်းလင်းပွဲ မတိုင်ခင် နာရီပိုင်းအတွင်းကတော့ Meng Wanzhou ကနေဒါမှာ အထိန်းသိမ်းခံနေစဉ်မှာပဲ သူ့ကို ပြန်လွှတ်ပေးဖို့ အမေရိကန်တရားရေးဌာနနဲ့ သဘောတူညီချက် ရခဲ့တာပါ။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကလည်း ကနေဒါနိုင်ငံသား ၂ ဦးကို ပြန်လွှတ်ပေးဖို့ တရုတ်အာဏာပိုင်တွေရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုကြတဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့အတူ ရပ်တည်မှာဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

----------------------

(Unicode)








XS
SM
MD
LG