သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဆိတ် ခိုးသွင်းတဲ့ တရုတ်မှောင်ခိုဂိုဏ်းတွေ တရုတ်ရဲနှိမ်နင်း

တရုတ်နိုင်ငံမြောက်ပိုင်း Gansu ပြည်နယ်တွင် ဆိတ်ကျောင်းနေသည့် လယ်သမားတဦး။ ၁၂ အောက်တိုဘာ ၂၀၀၈။
တရုတ်နိုင်ငံမြောက်ပိုင်း Gansu ပြည်နယ်တွင် ဆိတ်ကျောင်းနေသည့် လယ်သမားတဦး။ ၁၂ အောက်တိုဘာ ၂၀၀၈။

မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံထဲ ဆိတ်တွေ ခိုးသွင်းနေတဲ့ဂိုဏ်းက ဂိုဏ်းသားလို့ သံသယရှိသူ ၃၇ ဦးကို ခိုးသွင်းလာတဲ့ ဆိတ်ကောင်ရေ ၇၀၀ နဲ့အတူ မကြာသေးခင်ကပဲ ဖမ်းဆီးရမိကြောင်း တရုတ်အာဏာပိုင်တွေက ပြောပါတယ်။

ဒါဟာ မြန်မာဘက်ကနေ တရုတ်နိုင်ငံထဲ နှစ်ပေါင်းများစွာ ဆိတ်ခိုးသွင်းမှုတွေထဲက အများဆုံးဖမ်းမိတဲ့ အမှုတခုဖြစ်ပြီး ဒီအမှုမှာ ဂိုဏ်း ၃ ဂိုဏ်း ပါဝင်ပတ်သက်နေတယ်လို့ ဆိုပါတယ်။ ၂၀၁၆ ခုနှစ်ကစပြီး အများဆုံး ဖမ်းမိတာကတော့ ယွမ်ငွေ သန်း ၂၇၀ နဲ့ညီတဲ့ ဒေါ်လာ ၄၃ သန်းတန်ဖိုးရှိ ဆိတ်တန်ချိန် ၁၀,၀၀၀ ကျော် ဖြစ်ပါတယ်။

တရုတ်နိုင်ငံအရှေ့ပိုင်း Fujian ခရိုင်၊ အနောက်တောင်ပိုင်း ယူနန်နဲ့ စီချွမ်း၊ အလယ်ပိုင်းက Hubei ခရိုင်တွေထဲ မှာရှိတဲ့ ဒီဂိုဏ်းတွေရဲ့စခန်းတွေကို အင်္ဂါနေ့က Fuzhou အကောက်ခွန်ဌာနက ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ဆိတ်တွေကို တရုတ်-မြန်မာနယ်စပ်ကနေရတရုတ်နိုင်ငံထဲကို ထရပ်ကားတွေနဲ့ ခိုးပြီးသယ်ဆောင်ကြတာ ဖြစ်ပါတယ်။

ဆိတ်သားဈေးဟာ မြန်မာနိုင်ငံမှာ ဂရမ် ၅၀၀ အတွက် တရုတ်ယွမ် ၁၅-၁၆ ယွမ်ပဲပေးရပေမယ့် တရုတ်နိုင်ငံထဲ ရောက်ရင် တရုတ်ယွမ် ၇၀ - ၈၀ လောက် ဈေးပေါက်တာမို့ အမြတ်အစွန်း အများအပြားရတဲ့ မှောင်ခိုလုပ်ငန်း ဖြစ်နေတယ်လို့ Fuzhou အကောက်ခွန်ဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

အခုအချိန်ဟာ တရုတ်နှစ်သစ်ကူးချိန်နီးလာပြီမို့ မြန်မာနိုင်ငံထဲကဆိတ်တွေ တရုတ်ဘက်ကို ခိုးသွင်းမှု ပိုများ လာနေတာပါ။ ဆိတ်ခိုးသွင်းတဲ့ဂိုဏ်းတွေဟာ တရုတ်နှစ်သစ်ကူးပွဲတော်မတိုင်ခင် တနေ့ကို ဆိတ်အကောင်ရေ ၁,၅၀၀ - ၂,၀၀၀ လောက် ခိုးသွင်းကြတယ်လို့လည်း Fuzhou အကောက်ခွန်ဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

မြန်မာဆိတ် ခိုးသွင်းတဲ့ တရုတ်မှောင်ခိုဂိုဏ်းတွေ တရုတ်ရဲနှိမ်နင်း
please wait

No media source currently available

0:00 0:01:18 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG