သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟားမတ်စ်-အစ္စရေးပဋိပက္ခ ကြားဝင်စေ့စပ်ဖို့ တရုတ်ကြိုးပမ်း


အရှေ့အလယ်ပိုင်းဆိုင်ရာ တရုတ် အထူးသံတမန် ဇိုင်ကျွန်း (Zhai Jun)
အရှေ့အလယ်ပိုင်းဆိုင်ရာ တရုတ် အထူးသံတမန် ဇိုင်ကျွန်း (Zhai Jun)

အစ္စရေးနဲ့ ဟားမတ်စ် စစ်သွေးကြွအုပ်စုကြား အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး စကားဝိုင်းတွေပေါ်လာရေးကိုရှေ့ရှုပြီး အရှေ့အလယ်ပိုင်းဆိုင်ရာ တရုတ် အထူးသံတမန် ဇိုင်ကျွန်း (Zhai Jun) ဟာ ဒေသတွင်း သက်ဆိုင်ရာတိုင်းပြည်တွေကိုသွားရောက်မယ်လို့ တရုတ် နိုင်ငံတော်ပိုင် စီစီတီဗွီသတင်းက တနင်္ဂနွေနေ့က ပြောပါတယ်။

ဘယ်တုန်းကမှ ပြဿနာကို အင်အားနဲ့မဖြေရှင်းနိုင်ပါဘူးလို့ ရုပ်မြင်သံကြား အင်တာဗျူးမှာ မစ္စတာဇိုင်ကျွန်းက ပြောပါတယ်။ အကြမ်းဖက်တာကို အကြမ်းဖက်တုံ့ပြန်တာဟာ လက်စားချေတဲ့ သံသရာလည်တာပဲဖြစ်စေပြီး နိုင်ငံရေး အဖြေအတွက် အတားအဆီးတွေပဲ ဖန်တီးပါလိမ့်မယ်လို့ သူကဆိုပါတယ်။

ဒါပေမဲ့ သူ့ ခရီးစဥ်ရဲ့ အသေးစိတ်ကိုတော့ မပြောပါဘူး။ တခြား အင်အားကြီးတိုင်းပြည်တွေက လုပ်တာကို တရုတ်က ပုံတူကူးလုပ်တာပါလို့ စင်္ကာပူ နိုင်ငံတကာလေ့လာရေး ကျောင်းက အကြီးတန်းသုတေသီ Raffaello Pantucci ကတော့ ဒီ ခရီးစဥ်ကို သုံးသပ်ပါတယ်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ ဦးဆောင် အခန်းကဏ္ဍမယူဘဲ တက်ကြွလှုပ်ရှားမှုရှိတဲ့ တရုတ်သံတမန်ရေး ပုံရိပ်ကို ဖော်ဆောင်တာပဲဖြစ်ပါတယ်လို့ ဩစတြေးလျ အမျိုးသားတက္ကသိုလ်က နိုင်ငံရေး သိပ္ပံပညာရှင် ဝမ်တီဆွန်း (Wen-Ti Sung) ကလည်း ဗွီအိုအေကို ဖုံးနဲ့ ပြောပါတယ်။

ဟားမတ်စ်-အစ္စရေးပဋိပက္ခ ကြားဝင်စေ့စပ်ဖို့ တရုတ်ကြိုးပမ်း
please wait

No media source currently available

0:00 0:01:01 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG