သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလလူ့အခွင့်အရေး ကောင်စီအစည်းအဝေး တရုတ်ရှင်ကျန်းဒေသအရေး လွှမ်းမိုးဖွယ်ရှိ


(Zawgyi / Unicode)


တရုတ်ပြည် Xinjiang ဒေသမှ ဝီဂါမွတ်ဆလင်တွေနဲ့ အခြား မွတ်ဆလင် ၁ သန်းလောက်ကို ဖမ်းဆီးထားတဲ့ အရေးနဲ့ ပတ်သက်ပြီး တနင်္လာနေ့မှာ ကျင်းပမယ့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ UNHRC ရဲ့ လနဲ့ချီ ကြာမြင့်မယ့် ညီလာခံ အစီအစဉ်ထဲမှာ ထည့်သွင်းဖေါ်ပြထားခြင်း မရှိပေမယ့်လည်း ဒီကြားနာပွဲမှာ ရှင်ကျန်း မွတ်ဆလင်ကိစ္စဟာ အဓိက လွှမ်းမိုးနေနိုင်တယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ခန့်မှန်းထားပါတယ်။

လူ့အခွင့်အရေးကောင်စီ UNHRC ရဲ့ ဥက္ကဌ Federico Villegas ကတော့ လူ့အခွင့်အရေး ကောင်စီမှာ တရုတ်နိုင်ငံဆိုင်ရာ အထူးအစည်းအဝေး ကျင်းပဖို့ အစီအစဉ်မရှိကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ပြောဆိုခဲတ့ာပါ။

“ လူအခွင့်အရေးကောင်စီဟာ နိုင်ငံပေါင်း ၄၇ နိုင်ငံ ပါဝင်ဖွဲ့စည်းထားတာပါ။ အဖွဲ့ဝင်နိုင်ငံတခုခြင်းက ကောင်စီအနေနဲ့ ဘာလုပ်သင့်တယ် ဆိုတာကို တောင်းဆိုခွင့်ရှိပါတယ်။ ဒါကြောင့် ဒီအစီရင်ခံစာနဲ့ ပတ်သက်လို့ဘဲ ဖြစ်ဖြစ် အခြား အစီရင်ခံစာတွေနဲ့ ပတ်သက်လို့ဖြစ်ဖြစ် နောက်ဆက်တွဲ ဘာလုပ်မယ်ဆိုတာ သက်ဆိုင်ရာ အစိုးရတွေနဲ့ ဆိုင်ပါတယ်။ ကောင်စီ အတွက်ကတော့ ပုံစံတမျိုး ဖြစ်ပါတယ်” လို့ လူ့ခွင့်အရေး ကောင်စီ ဥက္ကဌက ပြောဆိုသွားတာပါ။

ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ ရက်နေ့က လူ့အခွင့်အရေး ကော်မရှင်ရဲ့ မဟာမင်းကြီး Michelle Bachelet က တာဝန်ကုန်ဆုံး ခါနီးမှာ ရှင်ကျန်းဒေသက မွတ်ဆလင်တွေ အပေါ်လူ့အခွင့်အရေး ချိုးဖေါက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနောက် တရုတ်အပေါ် အရေးယူဆောင်ရွက်မှုတွေ လုပ်ဖို့ လူ့အခွင့်ရေး လှုပ်ရှားသူတွေက ပိုမို တောင်းဆိုလာကြပါတယ်။

ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ကြီး Chen Xu ကတော့ လူ့အခွင့်အရေးကို အသုံးချပြီး တရုတ်ပြည်ကို ဝင်ရောက် စွက်ဖက်တာမျိုးကို အခိုင်အမာ ဆန့်ကျင်သွားမှာဖြစ်ပြီး နိုင်ငံပေါင်း ၁၀၀ လောက်က တရုတ်ရဲ့ ရပ်တည်ချက်ကို ထောက်ခံတယ်လို့ဆိုပါတယ်။ ဒါ့အပြင် အနောက်တိုင်း နိုင်ငံတွေ ဦးဆောင်ပြီး တရုတ်ကို ဆန့်ကျင်တဲ့ လုပ်ရပ်ကို ဖွံ့ဖြိုးဆဲနိုင်ငံတွေက လက်ခံမှာ မဟုတ်ဘူးလို့လည်း တရုတ် သံအမတ်ကြီးက ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)







XS
SM
MD
LG