သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းရောက် ဝီဂါမွတ်ဆလင်တွေ တရုတ်နိုင်ငံပြန်မပို့ရေး လူ့အခွင့်အရေးလှုပ်ရှားသူတွေ တောင်းဆို 


FILE - Demonstrators from the Uyghur community gesture as they take part in a protest near the Belgium parliament in Brussels, July 8, 2021.
FILE - Demonstrators from the Uyghur community gesture as they take part in a protest near the Belgium parliament in Brussels, July 8, 2021.

ထိုင်းနိုင်ငံမှာ လွန်ခဲ့တဲ့ ၈ နှစ် ကတည်းက ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ ဝီဂါ ၅၀ ထဲကနေ ဘယ်သူ့ကိုမှ တရုတ်ကို ပြန်မပို့ဖို့ အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တွေက တောင်းဆိုနေကြပါတယ်။

ထိုင်းရောက် ဝီဂါမွတ်ဆလင်တွေ တရုတ်နိုင်ငံပြန်မပို့ရေး လူ့အခွင့်အရေးလှုပ်ရှားသူတွေ တောင်းဆို

{{Zawgyi/Unicode}}
ထိုင်းနိုင်ငံမှာ လွန်ခဲ့တဲ့ ၈ နှစ် ကတည်းက ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ ဝီဂါ ၅၀ ထဲကနေ ဘယ်သူ့ကိုမှ တရုတ်ကို ပြန်မပို့ဖို့ အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တွေက တောင်းဆိုနေကြပါတယ်။ ၂၀၁၅ ခုနှစ်တုန်းက ထိုင်းအစိုးရက ဝီဂါ ၁၀၀ ကို တရုတ်ကို အဓမ္မ ပြန်ပို့ခဲ့တာမျိုး ထပ်ပြီး ဖြစ်လာမှာကို စိုးရိမ်နေကြတာပါ။

ထိုင်းနိုင်ငံ တဝန်းက လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေး စခန်းတွေမှာ ဝီဂါ ၅၀ ကျော်ကို အစိုးရက ထိန်းသိမ်းထားတယ်လို့ ယူဆထားကြပြီး ဒီထဲက အများစုကတော့ ၂၀၁၄ ခုနှစ်လောက်က စလို့ ထိန်းသိမ်းခံထားရတာ ဖြစ်ပါတယ်။

တရုတ်ရဲ့ အနောက်မြောက်ပိုင်း Xinjiang ဒေသတွင်းက အများစု မူဆလင်တွေ ဖြစ်ကြတဲ့ လူနည်းစု ဝီဂါတွေ အပေါ်မှာ တရုတ် အစိုးရရဲ့ ပြုမူဆောင်ရွက်မှုက လူမျိုးတုန်း သတ်ဖြတ်မှု ဖြစ်တယ်လို့ အမေရိကန်နဲ့ တခြားသော နိုင်ငံတွေက စွပ်စွဲထားပြီး ဘေးလွတ်ရာ ထွက်ပြေးရတဲ့ ဝီဂါတွေကို အတင်းအကြပ် ပြန်မပို့ရေး နိုင်ငံတွေကိုလည်း တိုက်တွန်းထားတာ ဖြစ်ပါတယ်။ တရုတ် အစိုးရကတော့ ဖိနှိပ်ချုပ်ချယ်တာ မလုပ်ဘူးလို့ ငြင်းဆိုထားတာပါ။

ထိုင်းနိုင်ငံမှာ ဖမ်းခံထားရတဲ့ ဝီဂါတွေကို အတင်းအကြပ် ပြန်မပို့ရေး ကူညီပေးဖို့ အတွက် ထိုင်း အောက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ကော်မတီထံ ပန်ကြားချက်ကို People’s Empowerment ဖောင်ဒေးရှင်းက ဦးဆောင်တဲ့ အခွင့်အရေး လှုပ်ရှားမှု အဖွဲ့ တဒါဇင်ကျော်က ဇွန်လ ၁၅ ရက်နေ့က ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ ထိုင်းနိုင်ငံ ဘန်ကောက်က တရုတ်သံရုံးထံ ဒီကိစ္စနဲ့ ပတ်သက်ပြီး မှတ်ချက် တစုံတရာ ရရှိရေး ဗွီအိုအေက အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် မှတ်ချက် တစုံတရာ မပေးပါဘူး။

တိုက်ရိုက် လင့်ခ်

............................


{{Zawgyi/Unicode}}





XS
SM
MD
LG