သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်က မြန်မာ တရားမဝင်အလုပ်သမားတွေ နေရပ်ပြန်ဖို့ အကူအညီတောင်း


ကချင်ပြည်နယ် ကန်ပိုက်တီးနယ်စပ်ဂိတ်မှ အိမ်ပြန်လာသော မြန်မာအလုပ်သမားများ
ကချင်ပြည်နယ် ကန်ပိုက်တီးနယ်စပ်ဂိတ်မှ အိမ်ပြန်လာသော မြန်မာအလုပ်သမားများ

(Zawgyi/Unicode)

တရုတ်နိုင်ငံမှာရောက်နေတဲ့ မြန်မာနိုင်ငံသား တရားမဝင်အလုပ်သမားတွေ နေရ ပ်ပြန်ချင်တဲ့အတွက် မြန်မာ တာဝန်ရှိသူတွေကို အကူအညီတောင်းနေကြတာမှာ နန်နင်းမြို့ကောင်စစ်ရုံးကို ဆက်သွယ်ထားသူ ၈၀၀ ကျော်ရှိ ပြီလို့ ကောင်စစ်ရုံးတာဝန်ခံက ဗွီအိုအေကိုပြောပါတယ်။

တရုတ်တနိုင်ငံလုံးမှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ေ ရး တိုးမြှင့် လုပ်ဆောင်နေချိန်မှာပဲ မြန်မာနိုင်ငံသား အလုပ်သမားတွေ အိမ်ပြန်ဖို့ အကူအညီတောင်းခံနေတာပါ။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် ကိုဇော်ထက် သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံကို ပြန်ချင်တဲ့အတွက် ပေကျင်းမြို့က မြန်မာသံရုံးနဲ့ နန်နင်းမြို့က မြန်မာကောင်စစ်ဝန်ချုပ်ရုံးကို ဆက်သွယ်လာ တဲ့ မြန်မာအလုပ်သမားဟာ အခုဆိုရင် ၁၇၀၀ ကျော်ရှိ နေပြီဖြစ်လို့ ပေကျင်းက မြန်မာသံရုံးက ကြေညာချက် ထုတ် ပြန်ပါ တယ်။ နန်နင်းမြို့မြန်မာ ကောင်စစ်ဝန်ချုပ်ရုံးက တော့ သူတို့ဆီကို ဆက်သွယ် အ ကြောင်းကြားလာ တဲ့ မြန်မာစုစုပေါင်း ၈၀၀ ကျော် ရှိနေပြီဖြစ်ပြီး သူတို့ဆီက အချက်အလက်တွေကို ကောက်ယူနေ တယ်လို့ နန်နင်းမြို့က မြန်မာ ကောင်စစ်ဝန် ဒေါ်ထင်ရှား ဦး က ဗွီအိုအေကို ပြောပါတယ်။

“ မြန်မာသံရုံး ပေကျင်းက သက်သက်စာရင်း၊ ကျမတို့ဘက်မှာက ၈၀၀ ကျော်ရှိပါတယ်ရှင့်။ အ ဓိကတော့ ကိုယ့်နို င်ငံသား မဟုတ်တဲ့သူတွေ ပါသွားမှာရယ်၊ ရောဂါကူးစက်ခံရသူတွေ ပါသွားမှာ စိုးတာရယ်ကြောင့် နိုင်ငံသား စိစစ်ရေးရယ်၊ ကျန်းမာရေး စိစစ်မှုတွေ လုပ်နေပါတယ်ရှင့်။”

ပြည်တွင်းပြန်မယ့် မြန်မာအလုပ်သမားတွေရဲ့ အချက်အလက်တွေ မှန်ကန်တယ်ဆိုရင် မြန်မာသံရုံးက သက်ဆို င်ရာ တရုတ်ပြည်နယ်အာဏာပိုင်တွေနဲ့ ဆက်ပြီးညှိနှိုင်းရ မှာ ဖြစ်ပါတယ်။ တရုတ်ပြည်တွင်းက မြန်မာသံရုံးနဲ့ ကောင်စစ်ဝန်ရုံး အားလုံးကို အကြောင်းကြား၊ စာရင်းပို့ထားတဲ့ မြန်မာ အလုပ်မား စုစုပေါင်းက ပျမ်းမျှ ၃၀၀၀ လောက် ရှိနိုင်တယ်လို့ ပေကျင်းမြို့ မြန်မာသံရုံး ဒုတိယ အတွင်းဝန် က ခန့်မှန်း ပါတယ်။

တရုတ်နိုင်ငံမှာ အလုပ်သွားရောက် လုပ်ကိုင်နေကြတဲ့ မြန်မာလုပ်သား တွေဟာ Covid19 ရောဂါပိုး ကူးစက်မှာကို ကြောက်နေကြ ပေမယ့် အများစုဟာ တရားမဝင် လာရောက်ကြသူ တွေ ဖြစ်တဲ့ အတွက် တရုတ်ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့တော့ စိုးရိမ် နေကြတယ်လို့ တရုတ်ပြည်နယ် အရှေ့မြောက်ပိုင်း ဒေသမှာ အလုပ်လုပ်နေတဲ့ ကိုဇော်နိုင်ထွန်းက ပြောပါတယ်။

“ ဘယ်သူမဆို ပြန်ချင်ကြတယ်ဗျ၊ ဒါပေမဲ့ သူတို့က သံရုံးကို ဆက်သွယ်လိုက်လို့ရှိရင် ရဲစခန်းကို သွားပြီးတော့ အဖမ်းခံ ခိုင်းမှာ၊ အဲဒါကြောင့် သူတို့က မပြန်ရဲကြဘူး။ သံရုံးနဲ့ဆက်သွယ်ပြီးတော့ လမ်းမှာရဲက ပိုက်ဆံ ပါလား၊ မပါရင် လမ်းမှာချခဲ့ တာ အဲဒီလို သာဓကတွေရှိတယ်။ ကျနော့သူငယ်ချင်းတွေ မိသွားတဲ့သူတွေဆိုရင်လည်း တချို့ဆို ပြန်လွတ်လာကြပြီ၊ တချို့ဆို ၅လ၊ ၆လ နဲ့လည်းပြန်မလွတ်။ ဘယ်လိုလည်းဆိုတာ ကျနော်လည်းတိတိကျကျ မပြောနိုင်ဘူး။”

မြန်မာသံရုံးဘက် ကတော့ လုပ်ထုံးလုပ်နည်းအရ တရုတ်နိုင်ငံရဲ့၊ ပြည်သူ့လုံခြုံရေးဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက် ရ တာ ဖြစ်ကြောင်းနဲ့ အဖမ်းခံရသူတွေ အနေနဲ့ သူတို့ရဲ့ အချက်အလက်တွေ မှန်ကန်တယ်ဆိုရင် မြန်မာသံရုံးအေ နနဲ့ တရုတ်ပြည်သူ့လုံခြုံရေးဌာနကို ထောက်ခံပေးမှာဖြစ်ကြောင်း နန်နင်းမြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကောင်စစ်ဝန် ဒေါ်ထင်ရှားဦးက ပြောပါတယ်။

“ သက်ဆိုင်ရာ ဌာနကို ကျမတို့က အကြောင်းကြားလိုက်တဲ့အခါကျရင် သူတို့ကနေပြီးတော့ ဒီလူ၊ ဒီလူတွေက နို င်ငံသား ဟုတ်သလားဆိုတာကို ဒီဘက် (မြန်မာသံရုံး) ကိုမေးလာမယ်။ မေးလာရင် ကျမတို့က ထောက်ခံပေးမှာ။ ဖမ်းဆီးတာမျိုးတော့ မဟုတ်ပါဘူးရှင့်၊ အခုအနေအရ သူတို့ ရောဂါအခြေအနေ အရ စိုးနေတဲ့ အတွက်ကြောင့်မို့လို့ သူတို့အနေနဲ့ ထိန်းသိမ်းဖို့လည်း အစီအစဉ်အရှိပါဘူး၊ ပြည်သူ့လုံခြုံရေး ဌာနကလေ။”

မြန်မာအလုပ်သမားတွေအနေနဲ့ သူတို့ရဲ့အခက်အခဲတွေကို ပေကျင်းမြို့က မြန်မာသံရုံးအပြင် ကူမင်းမြို့၊ နန်နင်းမြို့၊ ဟောင်ကောင်မြို့ စတဲ့ မြို့အသီးသီးက မြန်မာကောင်စစ်ဝန်ချုပ်ရုံး တွေမှာလည်း တောင်းခံနိုင်တယ်လို့ ယင်းဌာနတွေက ကြေညာချက်လည်း ထုတ်ပြန်ထားပါတယ်။

တရုတ်နိုင်ငံ ဟူဘေးပြည်နယ်၊ ဝူဟန်မြို့ကနေ ပျံ့နှံ့လာတဲ့ ကိုရိုနာဗိုင်းရပ် Covid 19 ဟာ အခြားနိုင်ငံပေါင်း ၂၉ နိုင်ငံကိုကူးစက်ခဲ့ပြီး လူပေါင်း ၇၇၀၀၀ ကိုကူးစက်ခဲ့ပါတယ်။ သေဆုံးသူက တရုတ်ပြည်မှာ ၂၂၀၀ ကျော်နဲ့ အများဆုံးဖြစ်ပြီး ကိုရီးယား၊ ဂျပန်၊ ထိုင်ဝမ်၊ ပြင်သစ်နဲ့ ဖိလစ်ပိုင်မှာ တယောက်စီ အီရန်၊ ဟောင်ကောင်နဲ့ ကမ္ဘာလှည့် ခရီးသည်တင်သင်္ဘော Diamond Princess က နှစ်ယောက်စီ သေဆုံးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

.....................


(Unicode)











XS
SM
MD
LG