သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အမ်ိဳးသမီးေတြ အကာအကြယ္ေပးေရး ဥပေဒသစ္ တ႐ုတ္လႊတ္ေတာ္ အတည္ျပဳ


(Zawgyi / Unicode)

တ႐ုတ္ႏိုင္ငံမွာ က်ားမ အေျခခံ ခြဲျခားဆက္ဆံမႈနဲ႔ လိင္ပိုင္းဆိုင္ရာ ထိပါး ေစာ္ကားမႈေတြကေန အမ်ိဳးသမီးေတြကို ပိုၿပီး အကာအကြယ္ေပးႏိုင္ေရး ရည္႐ြယ္တဲ့ ဥပေဒ တရပ္ကို တနဂၤေႏြေန႔မွာ အတည္ျပဳလိုက္ပါတယ္။ အမ်ားျပည္သူရဲ႕ အႀကံညဏ္ေတြနဲ႔ အတူ တတိယ အႀကိမ္ ျပင္ဆင္ခဲ့ၿပီးေနာက္ ထိပ္တန္း ဥပေဒ ျပဳေရး အဖြဲ႕ထံ ဥပေဒၾကမ္း တင္သြင္းခဲ့ၿပီး ရက္ပိုင္းအၾကာမွာ အခုလို အတည္ျပဳခဲ့တာ ျဖစ္ပါတယ္။

အမ်ိဳးသမီးေတြရဲ႕ ႐ိုးရာအစဥ္အလာ စံတန္ဘိုးေတြကို မၾကာေသးခင္ကစ အစိုးရက အရွိန္ျမႇင့္ေျပာဆိုလာေနတာေၾကာင့္ အမ်ိဳးသမီး အခြင့္အေရးနဲ႔ ကိုယ္ဝန္ဖ်က္ခ်မႈ အေပၚ ပိုမိုတားျမစ္ကန႔္သတ္မယ့္ အေျခအေနကို ဦးတည္လာမွာ စိုးရိမ္ေၾကာင္း တက္ႂကြလႈပ္ရွားသူေတြ သတိေပးေနခ်ိန္မွာပဲ အခု ဥပေဒ ထြက္ေပၚလာတာလည္း ျဖစ္ပါတယ္။ ဥပေဒ သစ္ထဲမွာ အစဥ္အလာ အေလ့အထေတြကို အေလးေပးမႈ ဘယ္ေလာက္ ပါဝင္သလဲ ဆိုတာကေတာ့ ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။ ဥပေဒသစ္ပါ အေသးစိတ္ အခ်က္အလက္ေတြကိုလည္း မသိရေသးပါဘူး။

ႏွစ္ေပါင္း ၃၀ နီးပါး အတြင္း အမ်ိဳးသမီးမ်ား အတြက္ ကာကြယ္မႈဆိုင္ရာ ဥပေဒကို ပထမဆုံး အႀကိမ္ ေျပာင္းလဲမႈလည္း ျဖစ္ပါတယ္။ အမ်ိဳးသမီးမ်ား အခြင့္အေရးနဲ႔ အက်ိဳးစီးပြားမ်ား ကာကြယ္မႈဆိုင္ရာ ဥပေဒၾကမ္းကို တ႐ုတ္ ျပည္သူ႔ ကြန္ဂရက္ အၿမဲတမ္း ေကာ္မတီ- NPC ထံကို ၾကာသပေတးေန႔က တင္သြင္းခဲ့တာပါ။ ဥပေဒကို အတည္ျပဳေၾကာင္း NPC က သူ႔ရဲ႕ ဝက္ဘ္ဆိုက္မွာ ေၾကညာထားပါတယ္။

ဥပေဒမွာ သူတို႔ ထည့္သြင္းလိုတဲ့ အခ်က္ေတြကို လူေပါင္း ေသာင္းခ်ီၿပီး အႀကံျပဳစာေတြ ေပးပို႔ခဲ့ေၾကာင္းလည္း NPC က သူ႔ရဲ႕ ဝက္ဘ္ဆိုက္မွာ ေဖာ္ျပထားပါတယ္။ ဆင္းရဲတဲ့ အမ်ိဳးသမီးေတြ၊ အသက္ႀကီးပိုင္း အမ်ိဳးသမီးေတြနဲ႔ မသန္စြမ္း အမ်ိဳးသမီးေတြလို အားနည္းခ်ိဳ႕တဲ့သူေတြရဲ႕ အခြင့္အေရးနဲ႔ အက်ိဳးစီးပြားေတြကို ခိုင္ခိုင္မာမာ ကာကြယ္ေပးထားတဲ့ ဥပေဒ ျဖစ္ေၾကာင္း တ႐ုတ္ အစိုးရပိုင္ Xinhua သတင္းက ၾကာသပေတးေန႔မွာ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

အမျိုးသမီးတွေ အကာအကွယ်ပေးရေး ဥပဒေသစ် တရုတ်လွှတ်တော် အတည်ပြု

တရုတ်နိုင်ငံမှာ ကျားမ အခြေခံ ခွဲခြားဆက်ဆံမှုနဲ့ လိင်ပိုင်းဆိုင်ရာ ထိပါး စော်ကားမှုတွေကနေ အမျိုးသမီးတွေကို ပိုပြီး အကာအကွယ်ပေးနိုင်ရေး ရည်ရွယ်တဲ့ ဥပဒေ တရပ်ကို တနင်္ဂနွေနေ့မှာ အတည်ပြုလိုက်ပါတယ်။ အများပြည်သူရဲ့ အကြံညဏ်တွေနဲ့ အတူ တတိယ အကြိမ် ပြင်ဆင်ခဲ့ပြီးနောက် ထိပ်တန်း ဥပဒေ ပြုရေး အဖွဲ့ထံ ဥပဒေကြမ်း တင်သွင်းခဲ့ပြီး ရက်ပိုင်းအကြာမှာ အခုလို အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

အမျိုးသမီးတွေရဲ့ ရိုးရာအစဉ်အလာ စံတန်ဘိုးတွေကို မကြာသေးခင်ကစ အစိုးရက အရှိန်မြှင့်ပြောဆိုလာနေတာကြောင့် အမျိုးသမီး အခွင့်အရေးနဲ့ ကိုယ်ဝန်ဖျက်ချမှု အပေါ် ပိုမိုတားမြစ်ကန့်သတ်မယ့် အခြေအနေကို ဦးတည်လာမှာ စိုးရိမ်ကြောင်း တက်ကြွလှုပ်ရှားသူတွေ သတိပေးနေချိန်မှာပဲ အခု ဥပဒေ ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ ဥပဒေ သစ်ထဲမှာ အစဉ်အလာ အလေ့အထတွေကို အလေးပေးမှု ဘယ်လောက် ပါဝင်သလဲ ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဥပဒေသစ်ပါ အသေးစိတ် အချက်အလက်တွေကိုလည်း မသိရသေးပါဘူး။ နှစ်ပေါင်း ၃၀ နီးပါး အတွင်း အမျိုးသမီးများ အတွက် ကာကွယ်မှုဆိုင်ရာ ဥပဒေကို ပထမဆုံး အကြိမ် ပြောင်းလဲမှုလည်း ဖြစ်ပါတယ်။ အမျိုးသမီးများ အခွင့်အရေးနဲ့ အကျိုးစီးပွားများ ကာကွယ်မှုဆိုင်ရာ ဥပဒေကြမ်းကို တရုတ် ပြည်သူ့ ကွန်ဂရက် အမြဲတမ်း ကော်မတီ- NPC ထံကို ကြာသပတေးနေ့က တင်သွင်းခဲ့တာပါ။ ဥပဒေကို အတည်ပြုကြောင်း NPC က သူ့ရဲ့ ဝက်ဘ်ဆိုက်မှာ ကြေညာထားပါတယ်။

ဥပဒေမှာ သူတို့ ထည့်သွင်းလိုတဲ့ အချက်တွေကို လူပေါင်း သောင်းချီပြီး အကြံပြုစာတွေ ပေးပို့ခဲ့ကြောင်းလည်း NPC က သူ့ရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ ဆင်းရဲတဲ့ အမျိုးသမီးတွေ၊ အသက်ကြီးပိုင်း အမျိုးသမီးတွေနဲ့ မသန်စွမ်း အမျိုးသမီးတွေလို အားနည်းချို့တဲ့သူတွေရဲ့ အခွင့်အရေးနဲ့ အကျိုးစီးပွားတွေကို ခိုင်ခိုင်မာမာ ကာကွယ်ပေးထားတဲ့ ဥပဒေ ဖြစ်ကြောင်း တရုတ် အစိုးရပိုင် Xinhua သတင်းက ကြာသပတေးနေ့မှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG