သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Scarborough Shoal နယ်မြေပိုင်ဆိုင်မှု တရုတ်ထပ်လောင်း ပြောဆို


 တောင်တရုတ်ပင်လယ်က Scarborough Shoal ကျွန်းမှာ ရေပေါ်မှာပေါ်နေတဲ့ သတ်မှတ်အတားအဆီးတွေကိုတွေ့ရစဥ်။ (ဖေဖော်ဝါရီ ၂၂၊ ၂၀၂၄)
တောင်တရုတ်ပင်လယ်က Scarborough Shoal ကျွန်းမှာ ရေပေါ်မှာပေါ်နေတဲ့ သတ်မှတ်အတားအဆီးတွေကိုတွေ့ရစဥ်။ (ဖေဖော်ဝါရီ ၂၂၊ ၂၀၂၄)

နယ်မြေပိုင်နက်အငြင်းပွါးနေကြတဲ့ တောင်တရုတ်ပင်လယ်ပြင်တွင်းက Scarborough Shoal ကျွန်းကို သူပိုင်နယ်မြေဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဌာနက တနင်္လာနေ့မှာ ထပ်လောင်းပြောဆိုပါတယ်။ တရုတ်လို "Huangyan Dao” လို့ခေါ်တဲ့ Scarborough Shoal ကျွန်းကို တရုတ်တို့က သမိုင်းဝင်ပိုင်ဆိုင်တယ်လို့နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Mao Ning က ပြောဆိုပါတယ်။

Huangyan ကျွန်းရေပြင်တဝိုက်မှာ ဖိလစ်ပိုင်နိုင်ငံရဲ့ လတ်တလော ဆောင်ရွက်မှုတွေဟာ တရုတ်နိုင်ငံရဲ့အချုပ်အခြာအာဏာကို ထိခိုက်စေနိုင်တဲ့အတွက် အချုပ်အခြာအာဏာခိုင်မြဲရေး၊ ရေကြောင်းအခွင့်အရေးနဲ့ နိုင်ငံ့အကျိုးစီးပွါးကိုကာကွယ်ဖို့ တရုတ်အစိုးရက လိုအပ်သလိုဆောင်ရွက် သွားမယ်လို့လည်း ပြောပါတယ်။ ကျွန်းအနီး ရေပေါ်အတားအဆီးသစ်တခု ဂြိုဟ်တုဓာတ်ပုံတွေမှာ တွေ့မြင်ခဲ့ရပြီးတဲ့နောက်တရုတ်က အဲဒီလိုပြောလိုက်တာဖြစ်ပါတယ်။

ဖိလစ်ပိုင်ရဲ့အထူးစီးပွါးရေးဇုံ ရေမိုင် ၂၀၀ အတွင်းမှာရှိတဲ့ Scarborough Shoal ကျွန်းအနီး ဖိလစ်ပိုင်အစိုးရငါးဖမ်းသင်္ဘောတစီးကို တရုတ်က ကြားဖြတ်ဟန့်တားနေပုံရတဲ့ပုံရိပ်တွေကိုလည်း Maxar Technologies ရဲ့ ဂြိုဟ်တု ဓာတ်ပုံတခုမှာတွေ့ရပါတယ်။

ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်က တနင်္ဂနွေနေ့ထုတ်ပြန်တဲ့ ဗွီဒီယိုပုံရိပ်တွေနဲ့ ဂြိုဟ်တုဓာတ်ပုံတွေမှာလည်း ဖေဖော်ဝါရီလ ၂၂ ရက်နေ့က Scarborough Shoal ကျွန်းအနီးမှာ တရုတ်ကမ်းခြေစောင့်တပ်က ရေပေါ်အတားအဆီးတွေ လာရောက်ချထားတာကို တွေ့ရပါတယ်။

Scarborough Shoal နယ်မြေပိုင်ဆိုင်မှု တရုတ်ထပ်လောင်း ပြောဆို
please wait

No media source currently available

0:00 0:01:07 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG