သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နဲ့ ငြိမ်းချမ်းတဲ့ဆက်ဆံရေး ထိုင်ဝမ်သမ္မတလောင်းတွေ လိုလား  

တိုင်ဝမ် ဒုသမ္မတ William Lai
တိုင်ဝမ် ဒုသမ္မတ William Lai

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရထိုင်ဝမ်မှာ ဇန်နဝါရီလ ၁၃ ရက်နေ့ကျရင် သမ္မတရွေးကောက်ပွဲကျင်းပဖို့ ရှိနေပြီး ဝင်ပြိုင်ကြမယ့်သမ္မတလောင်းတွေကတော့ တရုတ်အစိုးရနဲ့ ငြိမ်းချမ်းတဲ့ဆက်ဆံရေး တည်ဆောက်လိုတဲ့ဆန္ဒရှိနေတာကို ထုတ်ဖော် ပြောလာကြပါတယ်။

တရုတ်က ထိုင်ဝမ်ကို သူပိုင်နယ်မြေအဖြစ်ကြေညာပြီး စော်ကားနှောင့်ယှက်တာတွေ တိုးမြှင့်လုပ်လာချိန်မှာ ထိုင်ဝမ်အနေနဲ့ စစ်ရေးနဲ့ ငြိမ်းချမ်းရေး နှစ်ခုထဲကတခု ရွေးချယ်ရမယ့်အခြေအနေ ဆိုက်နေတာပါ။ လာမယ့် ရွေးကောက်ပွဲအတွက် အလားအလာအကောင်းဆုံး ရှေ့ဆုံးက နေရာယူထားတဲ့ လက်ရှိ အာဏာရ ဒီမိုကရက်တစ် ပြည်သူ့ပါတီ DPP ရဲ့ ဒု ဥက္ကဋ္ဌ William Lai က သူ့အနေနဲ့ တရုတ်အစိုးရနဲ့ ဆက်သွယ် စကားပြောဖို့ လမ်းဖွင်ထားကြောင်း စနေနေ့က ရုပ်သံကနေ ထုတ်လွှင်တဲ့ စကားဝိုင်းတခုမှာ ပြောသွားပါတယ်။

ဒါပေမဲ့ တရုတ်အစိုးရကတော့ William Lai ပဲဖြစ်ဖြစ်၊ လက်ရှိသမ္မတ Tsai Ing-wen နဲ့ပဲဖြစ်ဖြစ် စကားပြောဖို့ ငြင်းပယ်ထားပါတယ်။ တရုတ်အစိုးရအနေနဲ့က တရုတ်ကိုလိုလားတဲ့ အမျိုးသားရေး သို့မဟုတ် Kuomintang ပါတီက ကိုယ်စားလှယ်လောင်းကိုသာ ထောက်ခံတာ ဖြစ်ပါတယ်။

William Lai နဲ့ Tsai Ing-wen တို့ကိုတော့ ခွဲထွက်ရေးလိုလားသူတွေအဖြစ် ဝေဖန်ပြီး တရုတ်က ထိုင်ဝမ်ကိုတိုက်ခိုက်လာအောင် လှုံ့ဆော်ဖို့ ကြိုးစားနေသူတွေလို့ စွပ်စွဲထားတာပါ။ William Lai ကတော့ သူ သမ္မတဖြစ်လာရင် ထိုင်ဝမ်ရဲ့ကာကွယ်ရေးနဲ့စီးပွားရေး ပိုမို ခိုင်မာ အားကောင်းအောင်ဆောင်ရွက်မယ့်အကြောင်း ကတိပြုပြောဆိုထားပါတယ်။

တရုတ်နဲ့ ငြိမ်းချမ်းတဲ့ဆက်ဆံရေး ထိုင်ဝမ်သမ္မတလောင်းတွေ လိုလား
please wait

No media source currently available

0:00 0:01:09 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG