သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ငါးဖမ်းသင်္ဘော တိမ်းမှောက် သင်္ဘောသား ၃၉ ဦးပျောက်ဆုံး

ယခင်မှတ်တမ်းရုပ်ပုံ | အိုင်ဗရီကို့စ် ဆိပ်ကမ်းမှာကပ်ထားတဲ့ တရုတ်ငါးဖမ်းလှေပေါ်က တရုတ်အလံကိုတွေ့ရစဉ် (နိုဝင်ဘာ ၂၈၊ ၂၀၁၄)
ယခင်မှတ်တမ်းရုပ်ပုံ | အိုင်ဗရီကို့စ် ဆိပ်ကမ်းမှာကပ်ထားတဲ့ တရုတ်ငါးဖမ်းလှေပေါ်က တရုတ်အလံကိုတွေ့ရစဉ် (နိုဝင်ဘာ ၂၈၊ ၂၀၁၄)

အိန္ဒိယသမုဒ္ဒရာထဲ တရုတ်ငါးဖမ်းစက်လှေတစ်စီး တိမ်းမှောက်ပြီး သင်္ဘောအမှုထမ်း ၃၉ ယောက် ပျောက်ဆုံးနေတယ်လို့ တရုတ်အစိုးရပိုင် CCTV သတင်းကဖော်ပြပါတယ်။ ငါးဖမ်းစက်လှေ က သြစတြေးလျနိုင်ငံ အနောက်မြောက်ဘက် ကီလိုမီတာ ၄၆၀၀ (မိုင် ၂၉၀၀) အကွာမှာ အင်္ဂါနေ့ မနက်အစောပိုင်း ၃ နာရီဝန်းကျင်လောက်က တိမ်းမှောက်သွားခဲ့တာပါ။ စက်လှေပေါ်မှာ တရုတ်သင်္ဘောသား ၁၇ ယောက်၊ အင်ဒိုနီးရှားက ၁၇ ယောက်နဲ့ ဖိလစ်ပိုင်က ၅ ယောက်ပါတယ်လို့ ဖော်ပြပါတယ်။ စက်လှေ တိမ်းမှောက်ရတဲ့ အကြောင်းရင်းတိတိကျကျတော့ မသိရသေးပါဘူး။

အသက်ရှင်ကျန်ရစ်သူတွေကို ကူညီရှာဖွေကြဖို့ တရုတ်သမ္မတ Xi Jinping နဲ့ ၀န်ကြီးချုပ် Li Qiangတို့က သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ တရုတ်နိုင်ငံခြားရေးသံတမန်တွေကို ညွှန်ကြားထားပါတယ်။ သြစတြေးလျ၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်ကလည်း ပျောက်ဆုံးနေတဲ့ သင်္ဘောသားတွေကို ကူညီရှာဖွေပေးနေပါတယ်။ ကယ်ဆယ်ရေးသင်္ဘောတွေနဲ့ သြစတြေးလျ တပ်ဖွဲ့လေယာဉ်တစင်းကလည်း စက်လှေ နစ်မြုပ်တဲ့ နေရာတဝိုက်ကူညီရှာဖွေပေးနေပါတယ်။ အခုထိတော့ အသက်ရှင်ကျန်ရစ်သူ ဒါမှမဟုတ် မျောနေတဲ့အသက်ကယ်လှေ တစီးမှ မတွေ့ရသေးပါဘူး။

တရုတ်ငါးဖမ်းသင်္ဘော တိမ်းမှောက် သင်္ဘောသား ၃၉ ဦးပျောက်ဆုံး
please wait

No media source currently available

0:00 0:00:28 0:00
တိုက်ရိုက် လင့်ခ်
This item is part of
XS
SM
MD
LG