သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကယားျပည္နယ္တြင္း လူ ၃၀ ေက်ာ္ သတ္ျဖတ္မီး႐ႈိ႕ခံရ


ကယားျပည္နယ္အတြင္း တုိက္ပြဲေတြေၾကာင့္ ေတာေတာင္ေတြထဲ ထြက္ေျပးတိမ္းေရွာင္ေနရသူမ်ား။ (ေမ ၂၆၊ ၂၀၂၁)

(Zawgyi / Unicode)

ကယားျပည္နယ္မွာ အမ်ိဳးသမီးနဲ႔ ကေလးေတြ အပါအဝင္ လူ ၃၀ ေက်ာ္ အသတ္ခံရၿပီး သူတို႔ရဲ႕ ခႏၶာကိုယ္ေတြ မီးေလာင္ကၽြမ္းခဲ့တယ္လို႔ ေဒသခံေတြ၊ မီဒီယာေတြနဲ႔ ေဒသခံ လူ႔အခြင့္အေရး အုပ္စုေတြကို ကိုးကားၿပီး ႐ိုက္တာသတင္းက ဆိုပါတယ္။

ဖ႐ူဆိုၿမိဳ႕နယ္၊ မိုဆိုးရြာအနီးမွာ သက္ႀကီးရြယ္အိုေတြ၊ မိန္းမေတြနဲ႔ ကေလးေတြ အပါအဝင္ အိုးအိမ္စြန႔္ခြာ ထြက္ေျပးၾကၿပီး စစ္တပ္ကသတ္တာ ခံလိုက္ရတဲ့ လူေတြရဲ႕ မီးေလာင္ကၽြမ္း ခႏၶာကိုယ္ေတြကို ေတြ႔ရတယ္လို႔ ကရင္နီ လူ႔အခြင့္အေရးအဖြဲ႔က စေနေန႔က ေျပာပါတယ္။ “လူ႔အခြင့္အေရး ခ်ိဳးေဖာက္ၿပီး လူမဆန္ ရက္စက္မႈေတြကို က်ေနာ္တုိ႔ ျပင္းျပင္းထန္ထန္ ကန႔္ကြက္တယ္။” လို႔ ေဖ့စ္ဘုတ္ လူမႈကြန္ရက္ စာမ်က္ႏွာေပၚမွာ အဖြဲ႔က ေျပာထားပါတယ္။

စစ္ေကာင္စီရဲ႕ ထုတ္ျပန္ခ်က္ေတြထဲမွာေတာ့ ဖ႐ူဆိုၿမိဳ႕နယ္အတြင္း လုံၿခဳံေရးေဆာင္ရြက္ေနတဲ့ တပ္ဖြဲ႔ေတြကို KNPP နဲ႔ PDF လက္နက္ကိုင္ေတြက စတင္တိုက္ခိုက္လို႔ ပစ္ခတ္ဖမ္းဆီးခဲ့တယ္လို႔ ဆိုပါတယ္။ မသကၤာဖြယ္ ေမာင္းႏွင္လာတဲ့ ေမာ္ေတာ္ယာဥ္ခုႏွစ္စီးကို စစ္ေဆးဖို႔ ရပ္တန႔္ေစရာမွာ မရပ္ဘဲ စတင္ပစ္ခတ္လို႔ လုံၿခဳံေရးတပ္ေတြက ပစ္ခတ္ဖမ္းဆီးတယ္လို႔ စစ္ေကာင္စီက ထုတ္ျပန္ပါတယ္။ ဒါေပမယ့္ လူအေရအတြက္ ဘယ္ေလာက္ေသဆုံးတယ္ ဆုိတာနဲ႔ မီး႐ႈိ႕မႈေတြကိုေတာ့ ထုတ္ျပန္ခ်က္မွာ မေဖာ္ျပပါဘူး။

ေသဆုံးသြားသူေတြဟာ သူတို႔တပ္က မဟုတ္ဘူးလို႔ ကရင္နီအမ်ိဳးသား ခုခံကာကြယ္ေရးတပ္ (Karenni National Defence Force) က ေျပာပါတယ္။ ေသဆုံးသြားသူေတြဟာ စစ္ေဘးဒုကၡသည္ အရပ္သားေတြ ျဖစ္တယ္လို႔ ဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------

(Unicode)

ကယားပြည်နယ်တွင်း လူ ၃၀ ကျော် သတ်ဖြတ်မီးရှို့ခံရ

ကယားပြည်နယ်မှာ အမျိုးသမီးနဲ့ ကလေးတွေ အပါအဝင် လူ ၃၀ ကျော် အသတ်ခံရပြီး သူတို့ရဲ့ ခန္ဓာကိုယ်တွေ မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေ၊ မီဒီယာတွေနဲ့ ဒေသခံ လူ့အခွင့်အရေး အုပ်စုတွေကို ကိုးကားပြီး ရိုက်တာသတင်းက ဆိုပါတယ်။

ဖရူဆိုမြို့နယ်၊ မိုဆိုးရွာအနီးမှာ သက်ကြီးရွယ်အိုတွေ၊ မိန်းမတွေနဲ့ ကလေးတွေ အပါအဝင် အိုးအိမ်စွန့်ခွာ ထွက်ပြေးကြပြီး စစ်တပ်ကသတ်တာ ခံလိုက်ရတဲ့ လူတွေရဲ့ မီးလောင်ကျွမ်း ခန္ဓာကိုယ်တွေကို တွေ့ရတယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့က စနေနေ့က ပြောပါတယ်။ “လူ့အခွင့်အရေး ချိုးဖောက်ပြီး လူမဆန် ရက်စက်မှုတွေကို ကျနော်တို့ ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်။” လို့ ဖေ့စ်ဘုတ် လူမှုကွန်ရက် စာမျက်နှာပေါ်မှာ အဖွဲ့က ပြောထားပါတယ်။

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေထဲမှာတော့ ဖရူဆိုမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်ဖွဲ့တွေကို KNPP နဲ့ PDF လက်နက်ကိုင်တွေက စတင်တိုက်ခိုက်လို့ ပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။ မသင်္ကာဖွယ် မောင်းနှင်လာတဲ့ မော်တော်ယာဉ်ခုနှစ်စီးကို စစ်ဆေးဖို့ ရပ်တန့်စေရာမှာ မရပ်ဘဲ စတင်ပစ်ခတ်လို့ လုံခြုံရေးတပ်တွေက ပစ်ခတ်ဖမ်းဆီးတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။ ဒါပေမယ့် လူအရေအတွက် ဘယ်လောက်သေဆုံးတယ် ဆိုတာနဲ့ မီးရှို့မှုတွေကိုတော့ ထုတ်ပြန်ချက်မှာ မဖော်ပြပါဘူး။

သေဆုံးသွားသူတွေဟာ သူတို့တပ်က မဟုတ်ဘူးလို့ ကရင်နီအမျိုးသား ခုခံကာကွယ်ရေးတပ် (Karenni National Defence Force) က ပြောပါတယ်။ သေဆုံးသွားသူတွေဟာ စစ်ဘေးဒုက္ခသည် အရပ်သားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

XS
SM
MD
LG