သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရွမ္းနဲ႔ တေအာင္းတိုက္ပြဲေတြေၾကာင့္ ေဒသခံ၄၀၀ေက်ာ္တိမ္းေရွာင္


SSA တပ္သားမ်ား၊ မတ္၂၊ ၂၀၂၁။ (ဓာတ္ပံု - Reuters)

(Zawgyi/Unicode)

ရွမ္းျပည္နယ္ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕နယ္အတြင္းမွာ ရွမ္းနဲ႔ တအန္း(ပေလာင္) တိုင္းရင္းသားလက္နက္ကိုင္တပ္ေတြအၾကား တိုက္ပြဲျပင္းထန္ေနၿပီး ဒီလအတြင္း တစ္ေက်ာ့ျပန္ ျဖစ္ပြားတဲ့ တိုက္ပြဲေတြေၾကာင့္ ေဒသခံ အနည္းဆုံး ၄၀၀ေက်ာ္ေလာက္ ထပ္မံတိမ္းေရွာင္ေနရပါတယ္။ စစ္ေျပးဒုကၡသည္ေတြဟာ စခန္း ၃ခုမွာ စုေပါင္းေနထိုင္ရတာေၾကာင့္ Covid 19 ပိုးကူးစက္မယ့္အေျခအေနကိုလည္း စိုးရိမ္ေနရပါတယ္။ ရန္ကုန္ကလာတဲ့ ေက်ာက္မဲၿမိဳနယ္အတြင္းက စစ္ေရွာင္သတင္းကို ကိုၿငိမ္းခ်မ္းေျပာျပေပးပါမယ္။

ေက်ာက္မဲၿမိဳ႕နယ္အတြင္းမွာ RCSS ရွမ္းေတာင္တပ္ဖြဲ႕နဲ႔ TNLA တအန္းပေလာင္နဲ႔ SSPP ရွမ္းေျမာက္ ပူးေပါင္းတပ္အၾကားမွာ ဒီလ ၁၀ရက္ေန႔ေလာက္ စတင္ၿပီး တိုက္ပြဲေတြ ျပန္လည္ ျဖစ္ပြားခဲ့တာပါ။

ဒီကေန႔ မနက္ပိုင္းမွာလည္း တိုင္းရင္းသားတပ္ေတြအၾကား တိုက္ပြဲျပင္းျပင္းထန္ထန္ျဖစ္ေနေၾကာင္း ပန္ကြမ္႐ြာေဟာင္းက ေဒသခံတစ္ဦးက VOA ကို ေျပာပါတယ္။
“ ဟိုး ၅နာရီခြဲကတည္းက ျဖစ္တာဗ်။ က်ေနာ္တို႔ ပန္ကြမ္အုပ္စု ၄႐ြာစလုံးမွာပဲျဖစ္ေနတာ။ ပန္ျဖတ္ရယ္၊ က်ေနာ္တို႔ ပန္ကြမ္ ၂႐ြာရယ္၊ ပန္သေျပရယ္။ အဲဒီမွာ ဆက္တိုက္ျဖစ္ေနတာေလ။ ႐ြာထဲပါထိ ျဖစ္တယ္။ က်ေနာ္တို႔ ႐ြာမွာ ဒီမနက္ပိုင္းကေလးတစ္ေယာက္ထိတယ္ဗ်။ ကေလးဆိုေပမဲ့လည္း အသက္၂၀ေလာက္ေပါ့။ ေကာင္ေလး။ လက္နက္ႀကီး က်ေတာ့ သူ႔ ပုခုံးကို နည္းနည္းထိသြားတာ။ မစိုးရိမ္ရဘူး။ ႐ြာထဲကိုေတာ့ လက္နက္ႀကီး ၄- ၅ လုံးက်တယ္။ ၄- ၅လုံးေတာင္ မကေလာက္ဘူး။ က်ေနာ္ထင္တာ ၁၀လုံးနီးပါးေလာက္ က်မယ္ထင္တာ။ အဆိုးဆုံးကေတာ့ ပန္ကြမ္႐ြာသစ္မွာပဲ။ ဒီေန႔က်ေတာ့ ပန္ျဖတ္မွာလည္း ဆိုးတယ္။ က်ေနာ္တို႔ ႐ြာေဟာင္းလည္း ေတာ္ေတာ္ေလး ဆိုးတယ္ဗ်။”

ပန္ကြမ္႐ြာေဟာင္းက ေဒသခံေတြကေတာ့ ေလာေလာဆည္ မိမိတို႔ ေနအိမ္ေတြမွာပဲ ေနထိုင္ေနၾကၿပီး ပန္ကြမ္႐ြာသစ္ဘက္က ႐ြာသားေတြကေတာ့ ေက်ာက္မဲၿမိဳ႕နဲ႔ အျခားေဒသဘက္ကို တိမ္းေရွာင္ေနၾကတာပါ။ ပန္ကြမ္႐ြာသစ္က ေဒသခံတစ္ဦးကေတာ့ ဒီလ ၁၁ရက္ေန႔ေလာက္တည္းက ေက်ာက္မဲၿမိဳ႕က အမ်ိဳးအိမ္ကို တိမ္းေရွာင္ေနေၾကာင္း ေျပာပါတယ္။

“ အခု ညီမတို႔က ေကာင္းအဲန္မွာ ဒီဘိုးဘြားရိပ္သာရဲ႕ ေအာက္ဘက္က အမ်ိဳးေတြအိမ္မွာ လာေနပါတယ္ရွင့္။ ေက်ာက္မဲၿမိဳ႕ မွာပဲရွင္။ ထြက္လာတဲ့အခ်ိန္မွာကေတာ့ မိုင္းသံေတြ၊ ေသနတ္သံေတြပဲၾကားတယ္။ ႐ြာထဲကေတာ့ မေရာက္ေသးဘူးေပါ့ေနာ္။ စစ္သားေတြေတာ့ ရွိတယ္။ အဲလိုမ်ိဳးေပါ့၊ ေၾကာက္ရင္းနဲ႔ ေျပးလာၾကတာ။ တစ္႐ြာလုံး။ ဒီေရာက္မွ ႐ြာထဲကို မိုင္းေတြပါေတြက်တယ္ အဲလိုမ်ိဳးသတင္းေတြ ၾကားရတာေပါ့။ အိမ္ကလည္း မိုင္းထိတယ္ ဘာညာ အဲလိုမ်ိဳး။ အိမ္က အေဖတစ္ေယာက္က်န္တာေလ။ အေဖက ဖုန္းထိုးေျပာလာတာ။ ”
စစ္ေရွာင္ေတြကို ကူညီေနတဲ့ လူမႈအသင္းအဖြဲ႕က မိုင္းစမိုင္းလ္က လက္ရွိ ျဖစ္ပြားတဲ့ တိုက္ပြဲေၾကာင့္ စစ္ေရွာင္စခန္း ၃ခုမွာ လူဦးေရ ၃၀၀ေက်ာ္ရွိၿပီး ေဆြမ်ိဳးေတြဆီမွာ ေနထိုင္သူေတြနဲ႔ပါဆို စစ္ေရွာင္ စုစုေပါင္း ၄၀၀ေလာက္ရွိမယ္လို႔ ခန႔္မွန္းထားပါတယ္။

“ စစ္ေရွာင္ေတြ ေျပးတာေတာ့ Camp ၃ခုထဲမွာေတာ့ ၃၀၀ေက်ာ္ေတာ့ ရွိၿပီေပါ့ေနာ္။ မေန႔တုံးက စာရင္းေပါ့ေနာ္။ ဒီေန႔ က်ေနာ္တို႔ မသိရေသးဘူး။ တခ်ိဳ႕ေတြကလည္း ကိုယ့္အမ်ိဳးအိမ္မွာ လာေနတဲ့ဟာေတြ ရွိတယ္။ ကိုယ့္အသိအိမ္မွာေတြ ေနတဲ့ဟာေတြ ရွိတယ္ဆိုေတာ့ ခန႔္မွန္းေျခ ၄၀၀ေက်ာ္ေပါ့။ ၄၀၀ေက်ာ္ေလာက္ ေတာ့ ရွိမယ္။ က်ေနာ္ အျပင္က စစ္ေရွာင္စာရင္းေတြ ကိုဗစ္ကာလျဖစ္ေနတဲ့ အတြက္ေၾကာင့္ လိုက္မေကာက္ ႏိုင္ဘူး ျဖစ္ေနတာေလ။ ”

ဒီႏွစ္မွာေတာ့ ႏိုင္ငံေရးအေျပာင္းအလဲနဲ ့ကိုဗစ္ကပ္ေရာဂါေၾကာင့္ အလႈရွင္ေတြအေနနဲ႔ ေထာက္ပံ့ဖို႔ အခက္အခဲရွိေနသလို လိုအပ္တဲ့ပစၥည္းေတြ ဝယ္ယူဖို႔လည္း အခက္အခဲရွိေနေၾကာင္း ေျပာပါတယ္။

စစ္ေရွာင္ ၃၀၀ေက်ာ္ဟာ မိုင္းတင္း႐ြာစာသင္ေက်ာင္း၊ နမ့္ေဆာ့စာသင္ေက်ာင္းနဲ႔ ၾကဴေရွာ(ေျမာက္)႐ြာ ဘုန္းႀကီးေက်ာင္းေတြမွာ စုေပါင္းေနထိုင္ေနၾကရတာပါ။

ဒီလို စုေပါင္းေနထိုင္ေနရတာေၾကာင့္ ကိုဗစ္ေရာဂါ ကူးစက္မွာကိုလည္း စိုးရိမ္ရတဲ့ အေျခအေနမွာ ရွိေနေၾကာင္း မိုင္းစမိုင္းလ္က ဆက္ေျပာပါတယ္။

“ ကိုဗစ္နဲ႔ ပတ္သက္တဲ့ ကိစၥက်ေတာ့ က်ေနာ္တို႔ ၆ေပအကြာ ေန ေနရတဲ့အခ်ိန္မွာ အခုလို စစ္ေရွာင္ေတြ ဆိုတာက ေနေရး ထိုင္ေရးေနရာေတြဆိုတာက အဆင္ေျပတဲ့ေနရာ ရွိသလို အဆင္မေျပတဲ့ေနရာရွိတယ္။ ေသခ်ာတာကေတာ့ အခု စစ္ေရွာင္ေနတဲ့ေဒသေတြထဲမွာ အဆင္မေျပတာေတာ့ ခပ္မ်ားမ်ား ေတြ႕ရတာေပါ့ေနာ္။ စာသင္ေက်ာင္းထဲမွာဆိုရင္ စုၿပဳံၿပီးမွ အိပ္တာတို႔။ အဲဒီထဲမွာ မေတာ္လို႔ တစ္ေယာက္ေယာက္ကမ်ား ကိုဗစ္ပိုးရွိမယ္ဆိုရင္ေတာ့ အားလုံးကို ကူးစက္ႏိုင္ဖို႔ကေတာ့ စိုးရိမ္ရတဲ့အေျခအေနမ်ိဳးရွိတယ္။”

ရွမ္းျပည္နယ္ေျမာက္ပိုင္း ေက်ာက္မဲ၊ သီေပါ၊ နမၼတူ၊ ေက်းသီးစတဲ့ၿမိဳ႕နယ္ေတြမွာ ၿပီးခဲ့တဲ့ လပိုင္းေတြက RCSS ရွမ္းေတာင္ပိုင္းအဖြဲ႕နဲ႔ SSPP ရွမ္းေျမာက္ပိုင္းနဲ႔ TNLA တအန္း(ပေလာင္) ပူးေပါင္းအဖြဲ႕ေတြအၾကား တိုက္ပြဲေတြ ျပင္းျပင္းထန္ထန္ျဖစ္ပြားခဲ့ပါတယ္။

ဒီတိုက္ပြဲေတြအတြင္းမွာ ေထာင္နဲ႔ ခ်ီတဲ့ ေဒသခံျပည္သူေတြ ေနရပ္စြန႔္ခြာတိမ္းေရွာင္ခဲ့ရသလို တခ်ိဳ႕ေတြဟာ လက္နက္ႀကီး ထိမွန္တာ၊ မိုင္းနင္းမိတာေၾကာင့္ ေသဆုံး ဒဏ္ရာရတာေတြလည္း ရွိခဲ့ပါတယ္။

......................................................................................

တိုက္႐ိုက္ လင့္ခ္


ရှမ်းနဲ့ တအောင်းတိုက်ပွဲတွေကြောင့် ဒေသခံ၄၀၀ကျော်တိမ်းရှောင်

(Unicode)

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်းမှာ ရှမ်းနဲ့ တအန်း(ပလောင်) တိုင်းရင်းသားလက်နက်ကိုင်တပ်တွေအကြား တိုက်ပွဲပြင်းထန်နေပြီး ဒီလအတွင်း တစ်ကျော့ပြန် ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ အနည်းဆုံး ၄၀၀ကျော်လောက် ထပ်မံတိမ်းရှောင်နေရပါတယ်။ စစ်ပြေးဒုက္ခသည်တွေဟာ စခန်း ၃ခုမှာ စုပေါင်းနေထိုင်ရတာကြောင့် Covid 19 ပိုးကူးစက်မယ့်အခြေအနေကိုလည်း စိုးရိမ်နေရပါတယ်။ ရန်ကုန်ကလာတဲ့ ကျောက်မဲမြိုနယ်အတွင်းက စစ်ရှောင်သတင်းကို ကိုငြိမ်းချမ်းပြောပြပေးပါမယ်။

ကျောက်မဲမြို့နယ်အတွင်းမှာ RCSS ရှမ်းတောင်တပ်ဖွဲ့နဲ့ TNLA တအန်းပလောင်နဲ့ SSPP ရှမ်းမြောက် ပူးပေါင်းတပ်အကြားမှာ ဒီလ ၁၀ရက်နေ့လောက် စတင်ပြီး တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားခဲ့တာပါ။

ဒီကနေ့ မနက်ပိုင်းမှာလည်း တိုင်းရင်းသားတပ်တွေအကြား တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်နေကြောင်း ပန်ကွမ်ရွာဟောင်းက ဒေသခံတစ်ဦးက VOA ကို ပြောပါတယ်။

“ ဟိုး ၅နာရီခွဲကတည်းက ဖြစ်တာဗျ။ ကျနော်တို့ ပန်ကွမ်အုပ်စု ၄ရွာစလုံးမှာပဲဖြစ်နေတာ။ ပန်ဖြတ်ရယ်၊ ကျနော်တို့ ပန်ကွမ် ၂ရွာရယ်၊ ပန်သပြေရယ်။ အဲဒီမှာ ဆက်တိုက်ဖြစ်နေတာလေ။ ရွာထဲပါထိ ဖြစ်တယ်။ ကျနော်တို့ ရွာမှာ ဒီမနက်ပိုင်းကလေးတစ်ယောက်ထိတယ်ဗျ။ ကလေးဆိုပေမဲ့လည်း အသက်၂၀လောက်ပေါ့။ ကောင်လေး။ လက်နက်ကြီး ကျတော့ သူ့ ပုခုံးကို နည်းနည်းထိသွားတာ။ မစိုးရိမ်ရဘူး။ ရွာထဲကိုတော့ လက်နက်ကြီး ၄- ၅ လုံးကျတယ်။ ၄- ၅လုံးတောင် မကလောက်ဘူး။ ကျနော်ထင်တာ ၁၀လုံးနီးပါးလောက် ကျမယ်ထင်တာ။ အဆိုးဆုံးကတော့ ပန်ကွမ်ရွာသစ်မှာပဲ။ ဒီနေ့ကျတော့ ပန်ဖြတ်မှာလည်း ဆိုးတယ်။ ကျနော်တို့ ရွာဟောင်းလည်း တော်တော်လေး ဆိုးတယ်ဗျ။”

ပန်ကွမ်ရွာဟောင်းက ဒေသခံတွေကတော့ လောလောဆည် မိမိတို့ နေအိမ်တွေမှာပဲ နေထိုင်နေကြပြီး ပန်ကွမ်ရွာသစ်ဘက်က ရွာသားတွေကတော့ ကျောက်မဲမြို့နဲ့ အခြားဒေသဘက်ကို တိမ်းရှောင်နေကြတာပါ။ ပန်ကွမ်ရွာသစ်က ဒေသခံတစ်ဦးကတော့ ဒီလ ၁၁ရက်နေ့လောက်တည်းက ကျောက်မဲမြို့က အမျိုးအိမ်ကို တိမ်းရှောင်နေကြောင်း ပြောပါတယ်။

“ အခု ညီမတို့က ကောင်းအဲန်မှာ ဒီဘိုးဘွားရိပ်သာရဲ့ အောက်ဘက်က အမျိုးတွေအိမ်မှာ လာနေပါတယ်ရှင့်။ ကျောက်မဲမြို့ မှာပဲရှင်။ ထွက်လာတဲ့အချိန်မှာကတော့ မိုင်းသံတွေ၊ သေနတ်သံတွေပဲကြားတယ်။ ရွာထဲကတော့ မရောက်သေးဘူးပေါ့နော်။ စစ်သားတွေတော့ ရှိတယ်။ အဲလိုမျိုးပေါ့၊ ကြောက်ရင်းနဲ့ ပြေးလာကြတာ။ တစ်ရွာလုံး။ ဒီရောက်မှ ရွာထဲကို မိုင်းတွေပါတွေကျတယ် အဲလိုမျိုးသတင်းတွေ ကြားရတာပေါ့။ အိမ်ကလည်း မိုင်းထိတယ် ဘာညာ အဲလိုမျိုး။ အိမ်က အဖေတစ်ယောက်ကျန်တာလေ။ အဖေက ဖုန်းထိုးပြောလာတာ။ ”

စစ်ရှောင်တွေကို ကူညီနေတဲ့ လူမှုအသင်းအဖွဲ့က မိုင်းစမိုင်းလ်က လက်ရှိ ဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် စစ်ရှောင်စခန်း ၃ခုမှာ လူဦးရေ ၃၀၀ကျော်ရှိပြီး ဆွေမျိုးတွေဆီမှာ နေထိုင်သူတွေနဲ့ပါဆို စစ်ရှောင် စုစုပေါင်း ၄၀၀လောက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

“ စစ်ရှောင်တွေ ပြေးတာတော့ Camp ၃ခုထဲမှာတော့ ၃၀၀ကျော်တော့ ရှိပြီပေါ့နော်။ မနေ့တုံးက စာရင်းပေါ့နော်။ ဒီနေ့ ကျနော်တို့ မသိရသေးဘူး။ တချို့တွေကလည်း ကိုယ့်အမျိုးအိမ်မှာ လာနေတဲ့ဟာတွေ ရှိတယ်။ ကိုယ့်အသိအိမ်မှာတွေ နေတဲ့ဟာတွေ ရှိတယ်ဆိုတော့ ခန့်မှန်းခြေ ၄၀၀ကျော်ပေါ့။ ၄၀၀ကျော်လောက် တော့ ရှိမယ်။ ကျနော် အပြင်က စစ်ရှောင်စာရင်းတွေ ကိုဗစ်ကာလဖြစ်နေတဲ့ အတွက်ကြောင့် လိုက်မကောက် နိုင်ဘူး ဖြစ်နေတာလေ။ ”

ဒီနှစ်မှာတော့ နိုင်ငံရေးအပြောင်းအလဲနဲ ကိုဗစ်ကပ်ရောဂါကြောင့် အလှုရှင်တွေအနေနဲ့ ထောက်ပံ့ဖို့ အခက်အခဲရှိနေသလို လိုအပ်တဲ့ပစ္စည်းတွေ ဝယ်ယူဖို့လည်း အခက်အခဲရှိနေကြောင်း ပြောပါတယ်။

စစ်ရှောင် ၃၀၀ကျော်ဟာ မိုင်းတင်းရွာစာသင်ကျောင်း၊ နမ့်ဆော့စာသင်ကျောင်းနဲ့ ကြူရှော(မြောက်)ရွာ ဘုန်းကြီးကျောင်းတွေမှာ စုပေါင်းနေထိုင်နေကြရတာပါ။

ဒီလို စုပေါင်းနေထိုင်နေရတာကြောင့် ကိုဗစ်ရောဂါ ကူးစက်မှာကိုလည်း စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေကြောင်း မိုင်းစမိုင်းလ်က ဆက်ပြောပါတယ်။

“ ကိုဗစ်နဲ့ ပတ်သက်တဲ့ ကိစ္စကျတော့ ကျနော်တို့ ၆ပေအကွာ နေ နေရတဲ့အချိန်မှာ အခုလို စစ်ရှောင်တွေ ဆိုတာက နေရေး ထိုင်ရေးနေရာတွေဆိုတာက အဆင်ပြေတဲ့နေရာ ရှိသလို အဆင်မပြေတဲ့နေရာရှိတယ်။ သေချာတာကတော့ အခု စစ်ရှောင်နေတဲ့ဒေသတွေထဲမှာ အဆင်မပြေတာတော့ ခပ်များများ တွေ့ရတာပေါ့နော်။ စာသင်ကျောင်းထဲမှာဆိုရင် စုပြုံပြီးမှ အိပ်တာတို့။ အဲဒီထဲမှာ မတော်လို့ တစ်ယောက်ယောက်ကများ ကိုဗစ်ပိုးရှိမယ်ဆိုရင်တော့ အားလုံးကို ကူးစက်နိုင်ဖို့ကတော့ စိုးရိမ်ရတဲ့အခြေအနေမျိုးရှိတယ်။”

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ နမ္မတူ၊ ကျေးသီးစတဲ့မြို့နယ်တွေမှာ ပြီးခဲ့တဲ့ လပိုင်းတွေက RCSS ရှမ်းတောင်ပိုင်းအဖွဲ့နဲ့ SSPP ရှမ်းမြောက်ပိုင်းနဲ့ TNLA တအန်း(ပလောင်) ပူးပေါင်းအဖွဲ့တွေအကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပါတယ်။

ဒီတိုက်ပွဲတွေအတွင်းမှာ ထောင်နဲ့ ချီတဲ့ ဒေသခံပြည်သူတွေ နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရသလို တချို့တွေဟာ လက်နက်ကြီး ထိမှန်တာ၊ မိုင်းနင်းမိတာကြောင့် သေဆုံး ဒဏ်ရာရတာတွေလည်း ရှိခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG