သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွိုင်ကော်မြို့ပေါ်တွင် ပစ်ခတ်၊ ပေါက်ကွဲမှုတွေဖြစ်ပွား


KPDF ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့ (ဓာတ်ပုံ - AFP)
KPDF ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့ (ဓာတ်ပုံ - AFP)

(Zawgyi/Unicode)

ကယားပြည်နယ်လွိုင်ကော်မြို့မှာ မနေ့ညကဗုံးပေါက်ကွဲမှုအပြင် သေနတ်နဲ့ပစ်ခတ်မှုတွေဖြစ်ပွါးခဲ့ပါတယ်။ ဒီပစ်ခတ်မှုတွေဟာ စစ်ကောင်စီတပ်ဘက်က တဖက်သတ်ပစ်ခတ်တာလို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) စွပ်စွဲ ပြောဆိုထားပါတယ်။ လက်ရှိ ကယားပြည်နယ်မှာ မြန်မာစစ်တပ်နဲ့ ကရင်နီကာကွယ်ရေးတပ်တို့အကြားတိုက်ပွဲတွေဖြစ်ပွါးနေသလို ဗုံးပေါက်ကွဲမှုတွေလဲ ဖြစ်နေတာပါ။ ဒီအခြေအနေကို ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန်ကနေပြောပြပေးမှာပါ။

ကယားပြည်နယ် လွိုင်ကော်မြို့ပေါ် ရပ်ကွက်တွေမှာ ဩဂုတ်လ ၄ရက်နေ့ ည ၉နာရီဝန်းကျင်ကစပြီး ဗုံးပေါက်ကွဲသံ၊ လက်နက် ကြီး၊ လက်နက်ငယ်အသံတွေ ကြားနေရတယ်လို့ ဒေသခံတဦးကပြောပါတယ်။

“ညပိုင်းကျတော့ အလုံးကြီးသံတွေရော သေနတ်သံတွေရော ကြားနေရတယ်ပေါ့။ ဟိုနားကြားလိုက်ဒီနားကြားလိုက် ပေါ့ဗျာ။ မြို့လယ်ခေါင်လောက် သူတို့ခွဲလိုက်တယ်။ ဘယ်သူခွဲတာလဲမသိဘူးနော်။ နောင်ယားဘက်မှာတို့ ပစ်တာခတ်တာတွေ ရှိ တယ်ဗျ။ လူအသေပျောက်တော့ခုချိန်ထိမရှိဘူး။ ”

ဒီပစ်ခတ်မှုတွေဟာ စစ်ကောင်စီတပ်ဘက်က တဖက်သတ်ပစ်ခတ်တာလို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ပြန်ကြားရေးတာဝန်ရှိသူတဦးကပြောပါတယ်။

“ ပစ်တယ်ဆိုတာလဲ သူတို့ဘက်ကတဖက်သတ်ပစ်တာပေါ့။ စကစဘက်ကတော့ အဓိကကတော့ ပြည်သူတွေခေါင်းမမော့ နိုင်အောင် ပြည်သူတွေကြောက်လန့်အောင် ခြိမ်းခြောက်တဲ့သဘောလို့ ကျွန်တော်တို့က ဒီလိုဘဲမှတ်ယူတယ်ဗျ။ ”

လွိုင်ကော်မြို့အတွင်း ညပိုင်းတွေမှာ ပစ်ခတ်မှုတွေ ဆက်တိုက်ဆိုသလိုရှိနေပြီး လုံခြုံရေးအရ စိုးရိမ်နေရတယ်လို့ မြို့ခံတွေက ပြော ပါတယ်။

ကယားပြည်နယ်လွိုင်ကော်အပါဝင် ဖရူဆို ဘော်လခဲနဲ့ ရှမ်းပြည်နယ်အစပ်မိုးဗြဲမြို့မှာ ဒေသခံကရင်နီကာကွယ်ရေးအဖွဲ့နဲ့ စစ်ကောင်စီတပ်တွေအကြားပစ်ခတ်တိုက်ခိုက်မှုတွေရှိနေတာပါ။

မနေ့ကလဲ ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်းမှာ မြန်မာစစ်တပ်နဲ့ ကရင်နီတပ်မတော် KA ၊ ကရင်နီအမျိုးသား ကာကွယ်ရေး တပ် KNDF ပူးပေါင်းအဖွဲ့တို့တိုက်ပွဲဖြစ်ရာမှာစစ်တပ်ဘက်ကထိခိုက်မှုရှိခဲ့တယ်လို့ KNDF) ပြန်ကြားရေးတာဝန်ရှိသူ တဦး က ပြောပါတယ်။

“ သူတို့အဲဒီကနေမဆင်းလာခင်မှာ ရွှေ တောင်တန်းမှာတညအိပ်တယ်။ သူတို့ဆင်းလာတဲ့အချိန်မှာ တိုက်ပွဲဖြစ်ကြတဲ့ပုံစံ ပေါနော်။ စကစဘက်ကတော့(၃)ဦးကျဆုံးတယ်ဗျ။ ကျွန်တော်တို့ဘက်တော့တစုံတရာထိခိုက်မှုတော့မရှိဘူးဗျ။”

သြဂုတ်လ (၃)ရက်နေ့က ဖရူဆိုမြို့နယ်နဲ့ဘောလခဲမြို့နယ်အတွင်း တိုက်ပွဲ (၄)ကြိမ်ဖြစ်ပွါးခဲ့ပြီး တိုက်ပွဲမှာ မြန်မာစစ်တပ်ဘက်က ထိခိုက်ကျဆုံးမှုများတယ်လို့ KNDF ဘက်က သတင်းထုတ်ပြန်ထားပေမယ့် သီးခြား အတည်မပြုနိုင်သေးပါဘူး။

တိုက်ပွဲအခြေအနေကိုသိရှိဖို့ တပ်မတော်ပြောခွင့်ရကို ဆက်သွယ်ခဲ့ရာမှာ ဆက်သွယ်လို့မရခဲ့ပါဘူး။

ကယားပြည်နယ်အစပ် ရှမ်းပြည်နယ်ဖယ်ခုံမြို့အတွင်း ရေပေးဝေရာမှာအသုံးပြုနေတဲ့ 100KVA Transformer ကို အကြမ်းဖက်အဖျက်အမှောင့် လုပ်ဆောင်သူတွေကနေ ဩဂုတ်လ ၃ ရက်နေ့ မွန်းလွဲပိုင်းမှ ာလက်လုပ် Remote မိုင်း ၁ လုံးနဲ့ ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ တပ်မတော်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

ပေါက်ကွဲမှုကြောင့် 100KVA Transformer ၁ လုံးအပါအဝင် တခြား ပျက်စီး ဆုံးရှုံးမှုတွေရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒေသခံမိုးဗြဲကာကွယ်ရေးအဖွဲ့ဘက်က သူတို့လုပ်ဆောင်တာမဟုတ်ဘူးလို့ငြင်းဆိုပါတယ်။

“ နေ့ခင်းကြောင်ကြောင်တောင်ကြီးကို ဘယ်သူလုပ်မလဲ။ သူတို့ဘဲရှိမှာပေါ့။ သူတို့ကစောင့်ထားတာကိုး။ ကျွန်တော်တို့PDF တော့ မဟုတ်ဘူး။ ”

သြဂုတ်လ (၃)ရက်နေ့ကလဲ ဖယ်ခုံမြို့ မြို့တော်ခန်းမမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနေချိန် ဗုံးပေါက်ကွဲ ခဲ့လို့ လုံခြုံရေး အဖွဲ့တွေထိခိုက်မှုတွေရှိခဲ့ပါတယ်။

မြန်မာစစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း မေလကစလို့ မိုးဗြဲ၊ လွိုင်ကော်၊ ဒီမော့ဆို အစရှိတဲ့မြို့ နယ်တွေမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ တွေကနေ ရရာလက်နက်စွဲကိုင်ပြီးတော့ စစ်ကောင်စီတပ်ကို ပစ်ခတ် တိုက်ခိုက်မှု တွေဖြစ်ပွါးလာပါတယ်။

တိုက်ရိုက် လင့်ခ်


.............................................................................................

တိုက်ရိုက် လင့်ခ်



(Unicode)


















XS
SM
MD
LG