သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဒီးေမာ့ဆို ျမိဳ႕နယ္တဝိုက္စစ္ေျပးဒုကၡသည္မ်ားစားနပ္ရိကၡာျပတ္လပ္


ဖ်ားနာနေတဲ့ ကယားဒေသ စစ္ေဘးေရွာင္တဦးအား သယ္ယူစဥ္

(Zawgyi/Unicode)

ကယားျပည္နယ္ ဒီးေမာ့ဆိုၿမိဳ႕နယ္ထဲမွာ ဒီေန႔ စက္တင္ဘာ ၂၁ ရက္ မနက္အေစာပိုင္းကေန ညေနပိုင္းအထိ စစ္ေကာင္စီတပ္က
လက္နက္ႀကီး ပစ္ခတ္တာတခ်ိဳ႕ရွိတယ္လို႔ ေဒသခံေတြက VOA ကို ေျပာၾကပါတယ္။ ဒါေပမယ့္လည္း အျပန္အလွန္ပစ္ခတ္တိုက္ပြဲမ်ိဳးေတာ့မရွိဘူးလို႔ ေဒသခံကာကြယ္ေရးအဖြဲ႕က ေျပာပါတယ္။ ဒီးေမာ့ဆိုဖက္က အေျခအေန ရန္ကုန္က သတင္းေပးပို႔တာကို မခင္ျဖဴေထြးေျပာျပပါမယ္။

ကယားျပည္နယ္ ဒီးေမာ့ဆိုၿမိဳ႕နယ္တြင္း စက္တင္ဘာ ၂၀ ရက္ေန႔ တိုက္ပြဲေတြျဖစ္ၿပီးတဲ့ေနာက္ အခု စက္တင္ဘာ ၂၁ရက္ေန႔မွာေတာ့ အေရွ႕ဖက္ျခမ္း ၆မိုင္ေက်း႐ြာအုပ္စုဘက္မွာ မနက္ပိုင္းကေန ညေနပိုင္းအထိ စစ္ေကာင္စီဖက္က လက္နက္ႀကီးနဲ႔ ပစ္ခတ္တာေတြရွိေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

“တဖက္သတ္ရမ္းသမ္းပစ္ခတ္တဲ့ ပုံစံမ်ိဳးပဲၾကားရတယ္၊
အခုထိပစ္ေနတုန္းပဲ၊ မနက္ကေန အခုခ်ိန္ထိပဲ ဒါေပမယ့္ ဆက္တိုက္ေတာ့ မဟုတ္ဘူး
ခဏတေအာင့္ေနျပန္ပစ္လိုက္ ခဏတေအာင့္ေနျပန္ပစ္လိုက္ အဲ့လိုမ်ိဳးေတြရွိတယ္၊
ေဒသခံေတြကေတာ့ တစ္ေယာက္မရွိေတာ့ဘူး ႐ြာေတြမွာ အကုန္လုံးထြက္ေျပးၿပီး
အိမ္ေတြလည္း မေန႔ညက ၆မိုင္မွာ အိမ္ေတြ မီးထေလာင္တယ္ဆိုေတာ့
ဘယ္သူဘယ္ဝါဟာေလာင္လည္း မသိဘူး၊ ဘယ္ႏွစ္လုံးေလာင္လဲ ဘယ္နားေလာင္လဲေတာင္
မသိႏိုင္ေတာ့ဘူး ဘာျဖစ္လည္းဆိုေတာ့ ေဒသခံေတြ
အကုန္လုံးထြက္ေျပးကုန္ၿပီးမို႔လို႔ေလ။”

အဲ့ဒီေဒသတစ္ဝိုက္မွာ တိုက္ပြဲမၾကာမၾကာျဖစ္ပြားေနလို႔ ေဒသခံေတြက
႐ြာမွာမေနရဲဘဲ အိုးအိမ္စြန႔္ခြာ ေတာေတာင္ထဲမွာ ထြက္ေျပးေရွာင္ေနၾကတာလို႔
ဒီးေမာ့ဆိုးေဒသခံ တစ္ဦးက VOA ကို ေျပာပါတယ္။
စစ္တပ္က ႐ြာအနီးတစ္ဝိုက္ တပ္စြဲထားၿပီး အၿမဲတမ္းလိုလို
ရမ္းသမ္းပစ္ခတ္ေနတာလို႔ အဲ့ဒီေဒသခံက ေျပာပါတယ္။

“၆ မိုင္႐ြာအေရွ႕ဖက္ေတာင္ေပၚမွာေတာ့
သူတို႔(စစ္ေကာင္စီ)စခန္းတပ္စြဲထားတာေတာ့ရွိတယ္ သူတု႔ိက အဲ့ေတာင္ေပၚကေနမွ
ျပည္သူေတြ ၆ မိုင္႐ြာအဝင္အထြက္ရွိၿပီးဆိုလို႔ရွိရင္ သူတို႔ေသနတ္နဲ႔
လွမ္းပစ္တယ္၊ အဲ့လိုမ်ိဳးပစ္ ပစ္ ပစ္ ၿပီးေတာ့မွ
သူတို႔႐ြာထဲကိုလည္းဝင္တယ္ ၿပီးရင္ ႐ြာထဲမွာ သူတို႔ယူစားစရာရွိရင္
ယူစားတယ္၊ ၿပီးေတာ့ PDF အဖြဲ႕နဲ႔ေတြ႕ေတာ့ သူတို႔ပစ္ၾကတာေပါ့
အဲ့လိုမ်ိဳးျဖစ္တယ္၊ ပစ္ၿပီးဆိုလို႔ရွိရင္ လက္နက္ႀကီးကေတာ့ တပ္ကေန
လွမ္းထုေနတာ အဲ့မ်ိဳးေတြရွိတယ္။”

အဲ့ဒီ ၆ မိုင္ေက်း႐ြာအုပ္စုမွာ စက္တင္ဘာ ၂၀ မေန႔ ေန႔ခင္းပိုင္းမွာ
ကရင္နီတပ္မေတာ္(KA)နဲ႔ ကရင္နီအမ်ိဳးသားကာကြယ္ေရးတပ္ KNDFတို႔
ပူးေပါင္းအဖြဲ႕နဲ႔ စစ္ေကာင္စီတပ္တို႔အၾကား တိုက္ပြဲျဖစ္ပြားခဲ့ပါတယ္။
တိုက္ပြဲေၾကာင့္ KNDF ဘက္က တပ္ဖြဲ႕ဝင္တစ္ဦး က်ဆုံးၿပီး တပ္ဖြဲ႕ဝင္တခ်ိဳ႕
ထိခိုက္ဒဏ္ရာရွိခဲ့တယ္လို႔ KNDF က VOA ကို ေျပာထားပါတယ္။

ဒါေပမယ့္ ဒီေန႔မွာေတာ့ တိုက္ပြဲျဖစ္ပြားတာမရွိဘူးလို႔ KNDF သတင္းနဲ႔
ျပန္ၾကားေရးဌာန တာဝန္ရွိသူတစ္ဦးက VOA ကို အခုလို အတည္ျပဳပါတယ္။

“ဒီေန႔ကေတာ့ ဘာမရွိဘူးခင္ဗ်၊ ဒါေပမယ့္ စစ္ေကာင္စီဘက္ကေတာ့
လက္နက္ႀကီးေတြနဲ႔ ပစ္တာေတာ့မွန္ပါတယ္၊ ဒါကေတာ့ မေန႔ညေလာက္ကတည္းက
တိုက္ပြဲျဖစ္တာခင္ဗ် ဒီေန႔ကေတာ့ အဲ့လိုပဲ စစ္ေကာင္စီဘက္
ရမ္းသမ္းပစ္ေနတဲ့ဟာမ်ိဳးလည္း ေတြ႕ရတယ္ဗ်။”

၆ မိုင္ေက်း႐ြာအုပ္စုတစ္ဝိုက္မွာ စစ္တပ္က တပ္စြဲထားၿပီး အနည္းဆုံး အင္အား
၁၀၀ အထက္မွာ အၿမဲတမ္းလႈပ္ရွားသြားလာေနတယ္လို႔ ၆ မိုင္ေက်း႐ြာအုပ္စု
ဗက္သလယ္႐ြာသားတစ္ဦးက ေျပာပါတယ္။ အျပစ္မဲ့အရပ္သားျပည္သူကိုလည္း ပစ္သတ္
ဖမ္းဆီးတယ္ အခုလို ေျပာပါတယ္။

“၃လေက်ာ္ၿပီး ႐ြာကို မျပန္ရဲၾကဘူးဗ်၊ ေတာက္ေလွ်ာက္ပါပဲ (ပစ္ခတ္မႈ)
ေတာက္ေလွ်ာက္ပဲ ျဖစ္ေနတယ္ အဲ့နားတစ္ဝိုက္ကေတာ့ စစ္တပ္ထိုင္ေနတာေလး၊
(႐ြာထဲကို)ဒီလအတြင္းမွာကေတာ့ လုံးဝ ဒါ
က်ေနာ္တို႔အဝင္အထြက္မလုပ္ရဲေတာ့ဘူး၊ စစ္တပ္အဲ့မွာထိုင္ေနတာဆိုေတာ့
လာတဲ့လူတိုင္းက သူတို႔ပစ္ေနေတာ့ ဖမ္းလည္းဖမ္းတယ္ ပစ္လည္းပစ္တယ္၊ အဲ့ဒါနဲ႔
မျပန္ရဲၾကဘူး ျပန္ၿပီးဆိုတာနဲ႔ အဲ့လူေရာေပၚမလာေတာ့ဘူး အဆက္အသြယ္လည္း
မရေတာ့ဘူး။”

ဒီးေမာ့ဆိုၿမိဳ႕နယ္တြင္း တိုက္ပြဲနဲ႔ ေနာက္ပိုင္းအေျခအေနနဲ႔ပတ္သက္လို႔ စစ္ေကာင္စီဖက္က တစုံတရာထုတ္ျပန္ေျပာဆိုတာမ်ိဳးမရွိေသးပါဘူး။

တိုက္ပြဲအေျခအေနတင္းမာလာၿပီးေနာက္ ျပည္နယ္ထဲမွာ စစ္တပ္က
လမ္းေၾကာင္းပိတ္ဆို႔ အင္အားအမ်ားအျပားခ်ၿပီး သြားလာသူေတြကို
ေမးျမန္းတာမရွိဘဲ ပစ္ခတ္ေနတယ္လို႔ စစ္ေရွာင္အကူအညီေပးသူေတြက VOA
ကိုေျပာပါတယ္။

ဒီအေျခအေနေၾကာင့္ ဒုကၡသည္အတြက္ စားနပ္ရိကၡာ သယ္ယူလို႔မရသလို အလႉရွင္ေတြ
မရွိသေလာက္နည္းပါးလာလို႔ စားနပ္ရိကၡာ ျပတ္လတ္ေနတဲ့အေၾကာင္း
စစ္ေရွာင္စခန္းတာဝန္ခံတစ္ဦးက ေျပာပါတယ္ပါ။

“အဲ့ဒီသယ္ယူပို႔ေဆာင္ေရးလမ္းေၾကာင္းက ဘယ္လိုမွ
အခုေနာက္ပိုင္းအဆင္မေျပေတာ့ဘူးေနာ္ တစ္ေန႔ထက္တစ္ေန႔ျဖတ္ေတာက္မႈေတြ
ျဖစ္လာတယ္ေပါ့၊ ဆိုေတာ့
သယ္ယူပို႔ေဆာင္ေရးလမ္းေၾကာင္းမရွိေတာ့တဲ့အခါက်ေတာ့ က်ေနာ္တို႔
ဒီစစ္ေရွာင္ေတြၾကားမွာ ဘာျပသနာရွိလည္းဆိုေတာ့ စားနပ္ရိကၡာမလုံေလာက္မႈေတြ
ငတ္ျပတ္မႈေတြျဖစ္လာတယ္ေပါ့ေနာ္၊ ဟိုတစ္ေန႔ကဆိုလို႔ရွိရင္ က်ေနာ္
ဒီစစ္ေရွာင္ၾကားမွာ ေရာက္သြားေတာ့ အဖြားတစ္ေယာက္က သူဆန္ျပဳတ္နဲ႔
ဝါမွ်စ္နဲ႔ပဲ သူခ်က္စားတယ္ သူေျပာတာေပ့ါ၊ က်ေနာ္တို႔ကိုယ္တိုင္းလည္း
ေတြ႕ခဲ့ပါတယ္၊ သူ႔ရဲ႕ ျပဳတ္ခ်က္တာေလး၊ အဓိဘာလဲဆိုလို႔ရွိရင္
သယ္ယူပို႔ေဆာင္ေရးလမ္းေၾကာင္း မရွိတဲ့ အတြက္ေၾကာင့္မို႔ က်ေနာ္တို႔
ဒီစစ္ေရွာင္ၾကားမွာ ရိကၡာျပတ္လတ္မႈျဖစ္တဲ့အထိကို ျဖစ္လာေနတာေပါ့ေနာ္
အခုလက္ရွိအေျခအေနကေလး။”

စစ္တပ္အာဏာသိမ္းၿပီးေနာက္ပိုင္း ေမလကတည္းက ကယားျပည္နယ္မွာ
စစ္ေကာင္စီတပ္နဲ႔ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ေတြၾကား မၾကာခဏ အျပန္အလွန္
ပစ္ခတ္တိုက္ခိုက္ေနၾကတဲ့အတြက္ အိုးအိမ္စြန႔္ ထြက္ေျပးေနၾကရတဲ့
ျပည္တြင္းဒုကၡသည္ ေသာင္းနဲ႔ ခ်ီရွိေနၿပီး စားနပ္ရိကၡာ ျပတ္လတ္တဲ့
အေျခအေနနဲ႔ ရင္ဆိုင္ေနရပါတယ္။

................................................................................

ဒီးမော့ဆို မြို့နယ်တဝိုက်စစ်ပြေးဒုက္ခသည်များစားနပ်ရိက္ခာပြတ်လပ်

(Unicode)

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ထဲမှာ ဒီနေ့ စက်တင်ဘာ ၂၁ ရက် မနက်အစောပိုင်းကနေ ညနေပိုင်းအထိ စစ်ကောင်စီတပ်က
လက်နက်ကြီး ပစ်ခတ်တာတချို့ရှိတယ်လို့ ဒေသခံတွေက VOA ကို ပြောကြပါတယ်။ ဒါပေမယ့်လည်း အပြန်အလှန်ပစ်ခတ်တိုက်ပွဲမျိုးတော့မရှိဘူးလို့ ဒေသခံကာကွယ်ရေးအဖွဲ့က ပြောပါတယ်။ ဒီးမော့ဆိုဖက်က အခြေအနေ ရန်ကုန်က သတင်းပေးပို့တာကို မခင်ဖြူထွေးပြောပြပါမယ်။

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင်း စက်တင်ဘာ ၂၀ ရက်နေ့ တိုက်ပွဲတွေဖြစ်ပြီးတဲ့နောက် အခု စက်တင်ဘာ ၂၁ရက်နေ့မှာတော့ အရှေ့ဖက်ခြမ်း ၆မိုင်ကျေးရွာအုပ်စုဘက်မှာ မနက်ပိုင်းကနေ ညနေပိုင်းအထိ စစ်ကောင်စီဖက်က လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“တဖက်သတ်ရမ်းသမ်းပစ်ခတ်တဲ့ ပုံစံမျိုးပဲကြားရတယ်၊
အခုထိပစ်နေတုန်းပဲ၊ မနက်ကနေ အခုချိန်ထိပဲ ဒါပေမယ့် ဆက်တိုက်တော့ မဟုတ်ဘူး
ခဏတအောင့်နေပြန်ပစ်လိုက် ခဏတအောင့်နေပြန်ပစ်လိုက် အဲ့လိုမျိုးတွေရှိတယ်၊
ဒေသခံတွေကတော့ တစ်ယောက်မရှိတော့ဘူး ရွာတွေမှာ အကုန်လုံးထွက်ပြေးပြီး
အိမ်တွေလည်း မနေ့ညက ၆မိုင်မှာ အိမ်တွေ မီးထလောင်တယ်ဆိုတော့
ဘယ်သူဘယ်ဝါဟာလောင်လည်း မသိဘူး၊ ဘယ်နှစ်လုံးလောင်လဲ ဘယ်နားလောင်လဲတောင်
မသိနိုင်တော့ဘူး ဘာဖြစ်လည်းဆိုတော့ ဒေသခံတွေ
အကုန်လုံးထွက်ပြေးကုန်ပြီးမို့လို့လေ။”

အဲ့ဒီဒေသတစ်ဝိုက်မှာ တိုက်ပွဲမကြာမကြာဖြစ်ပွားနေလို့ ဒေသခံတွေက
ရွာမှာမနေရဲဘဲ အိုးအိမ်စွန့်ခွာ တောတောင်ထဲမှာ ထွက်ပြေးရှောင်နေကြတာလို့
ဒီးမော့ဆိုးဒေသခံ တစ်ဦးက VOA ကို ပြောပါတယ်။
စစ်တပ်က ရွာအနီးတစ်ဝိုက် တပ်စွဲထားပြီး အမြဲတမ်းလိုလို
ရမ်းသမ်းပစ်ခတ်နေတာလို့ အဲ့ဒီဒေသခံက ပြောပါတယ်။

“၆ မိုင်ရွာအရှေ့ဖက်တောင်ပေါ်မှာတော့
သူတို့(စစ်ကောင်စီ)စခန်းတပ်စွဲထားတာတော့ရှိတယ် သူတု့ိက အဲ့တောင်ပေါ်ကနေမှ
ပြည်သူတွေ ၆ မိုင်ရွာအဝင်အထွက်ရှိပြီးဆိုလို့ရှိရင် သူတို့သေနတ်နဲ့
လှမ်းပစ်တယ်၊ အဲ့လိုမျိုးပစ် ပစ် ပစ် ပြီးတော့မှ
သူတို့ရွာထဲကိုလည်းဝင်တယ် ပြီးရင် ရွာထဲမှာ သူတို့ယူစားစရာရှိရင်
ယူစားတယ်၊ ပြီးတော့ PDF အဖွဲ့နဲ့တွေ့တော့ သူတို့ပစ်ကြတာပေါ့
အဲ့လိုမျိုးဖြစ်တယ်၊ ပစ်ပြီးဆိုလို့ရှိရင် လက်နက်ကြီးကတော့ တပ်ကနေ
လှမ်းထုနေတာ အဲ့မျိုးတွေရှိတယ်။”

အဲ့ဒီ ၆ မိုင်ကျေးရွာအုပ်စုမှာ စက်တင်ဘာ ၂၀ မနေ့ နေ့ခင်းပိုင်းမှာ
ကရင်နီတပ်မတော်(KA)နဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDFတို့
ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
တိုက်ပွဲကြောင့် KNDF ဘက်က တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးပြီး တပ်ဖွဲ့ဝင်တချို့
ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ KNDF က VOA ကို ပြောထားပါတယ်။

ဒါပေမယ့် ဒီနေ့မှာတော့ တိုက်ပွဲဖြစ်ပွားတာမရှိဘူးလို့ KNDF သတင်းနဲ့
ပြန်ကြားရေးဌာန တာဝန်ရှိသူတစ်ဦးက VOA ကို အခုလို အတည်ပြုပါတယ်။

“ဒီနေ့ကတော့ ဘာမရှိဘူးခင်ဗျ၊ ဒါပေမယ့် စစ်ကောင်စီဘက်ကတော့
လက်နက်ကြီးတွေနဲ့ ပစ်တာတော့မှန်ပါတယ်၊ ဒါကတော့ မနေ့ညလောက်ကတည်းက
တိုက်ပွဲဖြစ်တာခင်ဗျ ဒီနေ့ကတော့ အဲ့လိုပဲ စစ်ကောင်စီဘက်
ရမ်းသမ်းပစ်နေတဲ့ဟာမျိုးလည်း တွေ့ရတယ်ဗျ။”

၆ မိုင်ကျေးရွာအုပ်စုတစ်ဝိုက်မှာ စစ်တပ်က တပ်စွဲထားပြီး အနည်းဆုံး အင်အား
၁၀၀ အထက်မှာ အမြဲတမ်းလှုပ်ရှားသွားလာနေတယ်လို့ ၆ မိုင်ကျေးရွာအုပ်စု
ဗက်သလယ်ရွာသားတစ်ဦးက ပြောပါတယ်။ အပြစ်မဲ့အရပ်သားပြည်သူကိုလည်း ပစ်သတ်
ဖမ်းဆီးတယ် အခုလို ပြောပါတယ်။

“၃လကျော်ပြီး ရွာကို မပြန်ရဲကြဘူးဗျ၊ တောက်လျှောက်ပါပဲ (ပစ်ခတ်မှု)
တောက်လျှောက်ပဲ ဖြစ်နေတယ် အဲ့နားတစ်ဝိုက်ကတော့ စစ်တပ်ထိုင်နေတာလေး၊
(ရွာထဲကို)ဒီလအတွင်းမှာကတော့ လုံးဝ ဒါ
ကျနော်တို့အဝင်အထွက်မလုပ်ရဲတော့ဘူး၊ စစ်တပ်အဲ့မှာထိုင်နေတာဆိုတော့
လာတဲ့လူတိုင်းက သူတို့ပစ်နေတော့ ဖမ်းလည်းဖမ်းတယ် ပစ်လည်းပစ်တယ်၊ အဲ့ဒါနဲ့
မပြန်ရဲကြဘူး ပြန်ပြီးဆိုတာနဲ့ အဲ့လူရောပေါ်မလာတော့ဘူး အဆက်အသွယ်လည်း
မရတော့ဘူး။”

ဒီးမော့ဆိုမြို့နယ်တွင်း တိုက်ပွဲနဲ့ နောက်ပိုင်းအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီဖက်က တစုံတရာထုတ်ပြန်ပြောဆိုတာမျိုးမရှိသေးပါဘူး။

တိုက်ပွဲအခြေအနေတင်းမာလာပြီးနောက် ပြည်နယ်ထဲမှာ စစ်တပ်က
လမ်းကြောင်းပိတ်ဆို့ အင်အားအများအပြားချပြီး သွားလာသူတွေကို
မေးမြန်းတာမရှိဘဲ ပစ်ခတ်နေတယ်လို့ စစ်ရှောင်အကူအညီပေးသူတွေက VOA
ကိုပြောပါတယ်။

ဒီအခြေအနေကြောင့် ဒုက္ခသည်အတွက် စားနပ်ရိက္ခာ သယ်ယူလို့မရသလို အလှူရှင်တွေ
မရှိသလောက်နည်းပါးလာလို့ စားနပ်ရိက္ခာ ပြတ်လတ်နေတဲ့အကြောင်း
စစ်ရှောင်စခန်းတာဝန်ခံတစ်ဦးက ပြောပါတယ်ပါ။

“အဲ့ဒီသယ်ယူပို့ဆောင်ရေးလမ်းကြောင်းက ဘယ်လိုမှ
အခုနောက်ပိုင်းအဆင်မပြေတော့ဘူးနော် တစ်နေ့ထက်တစ်နေ့ဖြတ်တောက်မှုတွေ
ဖြစ်လာတယ်ပေါ့၊ ဆိုတော့
သယ်ယူပို့ဆောင်ရေးလမ်းကြောင်းမရှိတော့တဲ့အခါကျတော့ ကျနော်တို့
ဒီစစ်ရှောင်တွေကြားမှာ ဘာပြသနာရှိလည်းဆိုတော့ စားနပ်ရိက္ခာမလုံလောက်မှုတွေ
ငတ်ပြတ်မှုတွေဖြစ်လာတယ်ပေါ့နော်၊ ဟိုတစ်နေ့ကဆိုလို့ရှိရင် ကျနော်
ဒီစစ်ရှောင်ကြားမှာ ရောက်သွားတော့ အဖွားတစ်ယောက်က သူဆန်ပြုတ်နဲ့
ဝါမျှစ်နဲ့ပဲ သူချက်စားတယ် သူပြောတာပေ့ါ၊ ကျနော်တို့ကိုယ်တိုင်းလည်း
တွေ့ခဲ့ပါတယ်၊ သူ့ရဲ့ ပြုတ်ချက်တာလေး၊ အဓိဘာလဲဆိုလို့ရှိရင်
သယ်ယူပို့ဆောင်ရေးလမ်းကြောင်း မရှိတဲ့ အတွက်ကြောင့်မို့ ကျနော်တို့
ဒီစစ်ရှောင်ကြားမှာ ရိက္ခာပြတ်လတ်မှုဖြစ်တဲ့အထိကို ဖြစ်လာနေတာပေါ့နော်
အခုလက်ရှိအခြေအနေကလေး။”

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မေလကတည်းက ကယားပြည်နယ်မှာ
စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား မကြာခဏ အပြန်အလှန်
ပစ်ခတ်တိုက်ခိုက်နေကြတဲ့အတွက် အိုးအိမ်စွန့် ထွက်ပြေးနေကြရတဲ့
ပြည်တွင်းဒုက္ခသည် သောင်းနဲ့ ချီရှိနေပြီး စားနပ်ရိက္ခာ ပြတ်လတ်တဲ့
အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG