သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

စစ္ကိုင္း မင္းကင္းနယ္မွာ တိုက္ပြဲျဖစ္


စစ္ကိုင္းတိုင္းေဒသၾကီး ေျမပံု (MIMU)

စစ္ကိုင္းတိုင္း မင္းကင္းနယ္မွာ စစ္ေကာင္စီတပ္နဲ႔ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ေတြ ဇန္နဝါရီလ ၂၅ ရက္က ထိေတြ႕ တိုက္ပြဲျဖစ္ခဲ့ပါတယ္။ စနဗ်င္း႐ြာျပင္မွာ ပစ္ခတ္တိုက္ခိုက္မႈေတြျဖစ္ခဲ့တယ္လို႔ ကာကြယ္ေရးအဖြဲ႕ေတြဘက္က ေျပာပါတယ္။ ကနီၿမိဳ႕နယ္ထဲက မဲဒင္႐ြာဘက္မွာေတာ့ ႐ြာအျပင္မွာ တဲထိုးေနၾကသူတခ်ိဳ႕ရဲ႕ တဲေတြနဲ႔ အသုံးအေဆာင္ေတြကို စစ္သားေတြဖ်က္ဆီးသြားတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ မင္းကင္းနယ္ထဲကအေျခအေန ရန္ကုန္ကေန သတင္းေပးပို႔ထားပါတယ္။

စစ္ကိုင္းတိုင္း မင္းကင္းၿမိဳ႕နယ္ထဲက စနဗ်င္းေက်း႐ြာနားမွာ စစ္ေကာင္စီတပ္ေတြနဲ႔ ျပည္သူ႔ကာကြယ့္ေရးအဖြဲ႕ေတြ ဇန္နဝါရီလ ၂၅ ရက္ အဂၤါေန႔က တိုက္ပြဲျဖစ္ခဲ့ပါတယ္။ စစ္ေကာင္စီတပ္ေတြ တပ္စြဲထားတဲ့ေနရာကို သြားေရာက္တိုက္ခိုက္ရာက အျပန္အလွန္ပစ္ခတ္တိုက္ခိုက္မႈေတြျဖစ္ခဲ့တယ္လို႔ ေဒသခံ ကာကြယ္ေရး တပ္ဖြဲ႕ဝင္တဦးက အခုလိုေျပာပါတယ္။

“ဒီေကာင္ေတြတပ္စြဲထဲထားတဲ့ စနဗ်င္း႐ြာေပါ့ စနဗ်င္းရဲ႕ အနီးဆုံးမွာရွိတဲ့ ႐ြာတ႐ြာမွာပဲ ဘယ္လိုစျဖစ္တာလည္းဆိုေတာ့ ဒီေကာင္ေတြမွာက အင္အား ၅၀ ခန႔္ေလာက္ေပါ့။ ပ်ဴေတြမ်ားတယ္။ အဲ့အေနထားမွာက ပစ္ခတ္ၾကတဲ့ သေဘာပါပဲ။ ေသဆုံးဒဏ္ရာရက အနည္းဆုံး ကြၽန္ေတာ္တို႔ မ်က္ျမင္အေနအထားက ၃ ေယာက္က်တယ္။ အဲဒါက ေသခ်ာေပါက္ပဲ။”

ဒီတိုက္ပြဲနဲ႔ပါတ္သက္လို႔ စစ္ေကာင္စီဘက္ကေတာ့ တစုံတရာ ထုတ္ျပန္တာ မရွိေသးပါဘူး။ စစ္ကိုင္းတိုင္းအတြင္းကပဲ မင္းကင္းၿမိဳ႕နယ္ရဲ႕ အထက္ပိုင္းမွာရွိတဲ့ ကနီၿမိဳ႕နယ္ဘက္မွာေတာ့ မဲဒင္႐ြာနားက တဲအိမ္တခ်ိဳ႕ကို စစ္တပ္က ဖ်က္ဆီးသြားတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ အဲဒီဘက္က ႐ြာေတြကို စစ္ေကာင္စီတပ္ေတြ မၾကာခဏဝင္ေရာက္ရွာေဖြလို႔ ႐ြာျပင္မွာ တခ်ိဳ႕က တဲထိုးေနၾကပါတယ္။ ခ်င္းတြင္းျမစ္အတြင္း သြားလာေနတဲ့ စစ္ေကာင္စီေရယာဥ္ဟာ ဇန္နဝါရီ ၂၄ ရက္ တနလၤာေန႔ညက ျမစ္ေဘးက မဲဒင္႐ြာအနီး စခန္းခ် ရပ္နားပါတယ္။ ဇန္နဝါရီ၂၅ ရက္ မနက္ပိုင္းမွာေတာ့ ေရယာဥ္ေပၚပါလာတဲ့ တပ္ဖြဲ႕ဝင္ေတြဟာ မဲဒင္႐ြာျပင္က တဲအိမ္ေတြနဲ႔ အသုံးအေဆာင္ေတြကို မီးရႈိ႕ ဖ်က္ဆီးသြားတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ပစ္ခတ္တိုက္ခိုက္မႈေတြ မရွိဘဲ ဖ်က္ဆီးသြားတာျဖစ္တယ္လို႔ ေဒသခံတဦးက အခုလိုေျပာပါတယ္။

“၁၀ နာရီေလာက္ကေပါ့ စစ္ေကာင္စီတပ္က မဲဒင္ေျမာက္႐ြာအနီးနားက စစ္ေဘးေရွာင္ေနတဲ့ ျပည္သူေတြရွိတယ္ေပါ့။ စစ္ေဘးေရွာင္ေနတဲ့သူေတြက ေနအိမ္ကေန ပစၥည္းေတြယူၿပီးမွ တဲေတြမွာ ထားတယ္ေပါ့။ စစ္ေကာင္စီတပ္ကို ေၾကာက္လို႔ ေတာေတာင္ေတြထဲ ေနရတဲ့သူေတြ ရွိတယ္။ ရွိတဲ့ အဲ့ဒီ့တဲေလးေတြ ၅ လုံးကို စစ္ေကာင္စီတပ္က လက္နက္ႀကီးေတြနဲ႔ လက္နက္ႀကီးေတြနဲ႔ ပစ္ၿပီးေတာ့မွ ၅ လုံးလုံး ဖ်က္သြားတာမ်ိဳး ကြၽန္ေတာ္တို႔သိရတယ္။ တကယ္က တိုက္ပြဲမရွိဘဲနဲ႔ ရည္႐ြယ္ခ်က္ ရွိရွိ အခုလို ျပည္သူေတြရဲ႕ ေနအိမ္ေတြ စစ္ေဘးေရွာင္ေတြရဲ႕တဲေတြကို လိုက္ၿပီးေတာ့ မီးရႈိ႕ဖ်က္ဆီးေနတာ အေနအထားက အဲ့ဒါမ်ိဳးေပါ့ဗ်ာ။”

ဇန္နဝါရီ ၂၂ ရက္မွာကလည္း ကနီၿမိဳ႕နယ္ မုေဌာအေရွ႕ ေက်း႐ြာက လူေနအိမ္ ၁၁ လုံးကို မီးရႈိ႕ ဖ်က္ဆီးသြားသလို

စိတ္ေဝဒနာရွင္ အရပ္သားျပည္သူတဦးကိုလည္း ပစ္ခတ္ခဲ့လို႔ ေသဆုံးသြားတယ္လို႔ ေဒသခံေတြက ေျပာျပပါတယ္။ စစ္ေကာင္စီတပ္ေတြဟာ စစ္ကိုင္းတိုင္းထဲက ခ်င္းတြင္းျမစ္တေလွ်ာက္ ေရေၾကာင္းကေန သြားလာၿပီး ရိကၡာေတြအျပင္၊ ခႏၲီးၿမိဳ႕မွာရွိတဲ့ ေက်ာက္စိမ္းေမွာ္ေတြက
ေက်ာက္စိမ္းေတြကို သယ္ယူေလ့ရွိပါတယ္။ ဒါေၾကာင့္ မင္းကင္းနဲ႔ ကနီဘက္မွာလႈပ္ရွားတဲ့ ျပည္သူ႔ကာကြယ္ေရးတပ္ေတြနဲ႔ မၾကာခဏဆိုသလို ထိေတြ႕ တိုက္ပြဲေတြျဖစ္ေနတာပါ။ ခ်င္းတြင္းျမစ္ေၾကာင္းထဲမွာ သြားလာေနတဲ့ အရပ္သားေရယာဥ္ေတြအေနနဲ႔ အျပန္အလွန္ပစ္ခတ္မႈေတြၾကား ေရာက္တဲ့အတြက္ သတိထားၾကဖို႔အတြက္ကိုလည္း ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ေတြက သတိေပးထားပါတယ္။

...............................................................................

တိုက္႐ိုက္ လင့္ခ္

စစ်ကိုင်း မင်းကင်းနယ်မှာ တိုက်ပွဲဖြစ်

စစ်ကိုင်းတိုင်း မင်းကင်းနယ်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ဇန်နဝါရီလ ၂၅ ရက်က ထိတွေ့ တိုက်ပွဲဖြစ်ခဲ့ပါတယ်။ စနဗျင်းရွာပြင်မှာ ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်ခဲ့တယ်လို့ ကာကွယ်ရေးအဖွဲ့တွေဘက်က ပြောပါတယ်။ ကနီမြို့နယ်ထဲက မဲဒင်ရွာဘက်မှာတော့ ရွာအပြင်မှာ တဲထိုးနေကြသူတချို့ရဲ့ တဲတွေနဲ့ အသုံးအဆောင်တွေကို စစ်သားတွေဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မင်းကင်းနယ်ထဲကအခြေအနေ ရန်ကုန်ကနေ သတင်းပေးပို့ထားပါတယ်။

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်ထဲက စနဗျင်းကျေးရွာနားမှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ့်ရေးအဖွဲ့တွေ ဇန်နဝါရီလ ၂၅ ရက် အင်္ဂါနေ့က တိုက်ပွဲဖြစ်ခဲ့ပါတယ်။ စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့နေရာကို သွားရောက်တိုက်ခိုက်ရာက အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်ခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက အခုလိုပြောပါတယ်။

“ဒီကောင်တွေတပ်စွဲထဲထားတဲ့ စနဗျင်းရွာပေါ့ စနဗျင်းရဲ့ အနီးဆုံးမှာရှိတဲ့ ရွာတရွာမှာပဲ ဘယ်လိုစဖြစ်တာလည်းဆိုတော့ ဒီကောင်တွေမှာက အင်အား ၅၀ ခန့်လောက်ပေါ့။ ပျူတွေများတယ်။ အဲ့အနေထားမှာက ပစ်ခတ်ကြတဲ့ သဘောပါပဲ။ သေဆုံးဒဏ်ရာရက အနည်းဆုံး ကျွန်တော်တို့ မျက်မြင်အနေအထားက ၃ ယောက်ကျတယ်။ အဲဒါက သေချာပေါက်ပဲ။”

ဒီတိုက်ပွဲနဲ့ပါတ်သက်လို့ စစ်ကောင်စီဘက်ကတော့ တစုံတရာ ထုတ်ပြန်တာ မရှိသေးပါဘူး။ စစ်ကိုင်းတိုင်းအတွင်းကပဲ မင်းကင်းမြို့နယ်ရဲ့ အထက်ပိုင်းမှာရှိတဲ့ ကနီမြို့နယ်ဘက်မှာတော့ မဲဒင်ရွာနားက တဲအိမ်တချို့ကို စစ်တပ်က ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီဘက်က ရွာတွေကို စစ်ကောင်စီတပ်တွေ မကြာခဏဝင်ရောက်ရှာဖွေလို့ ရွာပြင်မှာ တချို့က တဲထိုးနေကြပါတယ်။ ချင်းတွင်းမြစ်အတွင်း သွားလာနေတဲ့ စစ်ကောင်စီရေယာဉ်ဟာ ဇန်နဝါရီ ၂၄ ရက် တနင်္လာနေ့ညက မြစ်ဘေးက မဲဒင်ရွာအနီး စခန်းချ ရပ်နားပါတယ်။ ဇန်နဝါရီ၂၅ ရက် မနက်ပိုင်းမှာတော့ ရေယာဉ်ပေါ်ပါလာတဲ့ တပ်ဖွဲ့ဝင်တွေဟာ မဲဒင်ရွာပြင်က တဲအိမ်တွေနဲ့ အသုံးအဆောင်တွေကို မီးရှို့ ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပစ်ခတ်တိုက်ခိုက်မှုတွေ မရှိဘဲ ဖျက်ဆီးသွားတာဖြစ်တယ်လို့ ဒေသခံတဦးက အခုလိုပြောပါတယ်။

“၁၀ နာရီလောက်ကပေါ့ စစ်ကောင်စီတပ်က မဲဒင်မြောက်ရွာအနီးနားက စစ်ဘေးရှောင်နေတဲ့ ပြည်သူတွေရှိတယ်ပေါ့။ စစ်ဘေးရှောင်နေတဲ့သူတွေက နေအိမ်ကနေ ပစ္စည်းတွေယူပြီးမှ တဲတွေမှာ ထားတယ်ပေါ့။ စစ်ကောင်စီတပ်ကို ကြောက်လို့ တောတောင်တွေထဲ နေရတဲ့သူတွေ ရှိတယ်။ ရှိတဲ့ အဲ့ဒီ့တဲလေးတွေ ၅ လုံးကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ လက်နက်ကြီးတွေနဲ့ ပစ်ပြီးတော့မှ ၅ လုံးလုံး ဖျက်သွားတာမျိုး ကျွန်တော်တို့သိရတယ်။ တကယ်က တိုက်ပွဲမရှိဘဲနဲ့ ရည်ရွယ်ချက် ရှိရှိ အခုလို ပြည်သူတွေရဲ့ နေအိမ်တွေ စစ်ဘေးရှောင်တွေရဲ့တဲတွေကို လိုက်ပြီးတော့ မီးရှို့ဖျက်ဆီးနေတာ အနေအထားက အဲ့ဒါမျိုးပေါ့ဗျာ။”

ဇန်နဝါရီ ၂၂ ရက်မှာကလည်း ကနီမြို့နယ် မုဌောအရှေ့ ကျေးရွာက လူနေအိမ် ၁၁ လုံးကို မီးရှို့ ဖျက်ဆီးသွားသလို

စိတ်ဝေဒနာရှင် အရပ်သားပြည်သူတဦးကိုလည်း ပစ်ခတ်ခဲ့လို့ သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပြပါတယ်။ စစ်ကောင်စီတပ်တွေဟာ စစ်ကိုင်းတိုင်းထဲက ချင်းတွင်းမြစ်တလျှောက် ရေကြောင်းကနေ သွားလာပြီး ရိက္ခာတွေအပြင်၊ ခန္တီးမြို့မှာရှိတဲ့ ကျောက်စိမ်းမှော်တွေက
ကျောက်စိမ်းတွေကို သယ်ယူလေ့ရှိပါတယ်။ ဒါကြောင့် မင်းကင်းနဲ့ ကနီဘက်မှာလှုပ်ရှားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ မကြာခဏဆိုသလို ထိတွေ့ တိုက်ပွဲတွေဖြစ်နေတာပါ။ ချင်းတွင်းမြစ်ကြောင်းထဲမှာ သွားလာနေတဲ့ အရပ်သားရေယာဉ်တွေအနေနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေကြား ရောက်တဲ့အတွက် သတိထားကြဖို့အတွက်ကိုလည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက သတိပေးထားပါတယ်။

XS
SM
MD
LG