သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ပင္ေလာင္းၿမိဳ႕အနီးတိုက္ပြဲျပင္းထန္၊ စစ္ေကာင္စီဘက္က က်ဆုံးမႈမ်ား


ပင္ေလာင္းၿမိဳ႕နယ္၊ ေဆာင္းေျပာင္းေဒသ နမ္းနိန္းေက်း႐ြာတဝိုက္ စစ္ေကာင္စီတပ္ႏွင့္ တိုက္ပြဲျဖစ္ပြားသည့္အေျခအေန Photo: PNDF(KK)

ရွမ္းျပည္ေတာင္ပိုင္း ပင္ေလာင္းၿမိဳ႕နယ္၊ နမ္းနိန္းေက်း႐ြာတဝိုက္မွာ မေန႔ ၾကာသပေတးေန႔က တိုက္ပြဲျပင္းထန္ခဲ့သလို ဒီေန႔ ေသာၾကာေန႔မွာလည္း စစ္ေရးတင္းမာေနပါတယ္။ မေန႔က တိုက္ပြဲအတြင္းမွာေတာ့ ၂ ဖက္ အထိအခိုက္ အက်အဆုံးရွိတယ္လို႔ ကာကြယ္ေရးအဖြဲ႕ေတြဘက္က ေျပာပါတယ္။ အဲဒီေဒသဖက္မွာ စစ္ေရးအေျခအေနေၾကာင့္ ေဖေဖာ္ဝါရီလထဲက ေဘးလြတ္ရာမွာ ခိုလႈံေနၾကရတဲ့ ေဒသခံေတြဟာလည္း ေနရပ္မျပန္ႏိုင္သလို ေနေရး စားေရး အခက္အခဲျဖစ္ေနပါတယ္။ ပင္ေလာင္းဘက္က အေျခအေနသတင္းေပးပို႔ခက္ကို အေျခခံၿပီး ကိုၿငိမ္းခ်မ္းကတင္ျပပါမယ္။

ရွမ္းျပည္ေတာင္ပိုင္း ပင္ေလာင္းၿမိဳ႕နယ္၊ နမ္းနိန္းေက်း႐ြာတဝိုက္ကို အင္အားအေျမာက္အမ်ားနဲ႔ ထိုးစစ္ဆင္လာတဲ့ စစ္ေကာင္စီတပ္ေတြနဲ႔ ကရင္နီ ပူးေပါင္းတပ္ဖြဲ႕ေတြအၾကား မတ္ ၁၆ ရက္၊ ၾကာသပေတးေန႔က ၅ နာရီၾကာေလာက္ ျပင္းျပင္းထန္ထန္ တိုက္ပြဲျဖစ္ခဲ့တယ္လို႔ Karenni Revolution Union (KRU) အဖြဲ႕ ျပန္ၾကားေရးတာဝန္ခံ ကိုလင္းလင္းက VOA ကို ေျပာပါတယ္။

“နမ္းနိန္းဘုန္းႀကီးေက်ာင္းရဲ႕ အေနာက္ဘက္ ေတာင္ေၾကာတေလွ်ာက္မွာ ျဖစ္တာေပါ့။ သူတို႔ စစ္ေၾကာင္းထိုးလာတာေပါ့။ စစ္ေၾကာင္းကေတာ့ အင္အား ၂၀၀ ေက်ာ္ေလာက္ရွိတဲ့ စစ္ေၾကာင္းနဲ႔ အဲ့မွာ က်ေနာ္တို႔ ကာကြယ္ေရးတပ္ေတြ ပူးေပါင္းအဖြဲ႕ေတြနဲ႔ တိုက္ပြဲျဖစ္တာေပါ့။ တိုက္ပြဲကေတာ့ မနက္ ၇ နာရီကေနၿပီးေတာ့ ေန႔လည္ ၁နာရီေက်ာ္ေလာက္အထိ ျဖစ္သြားခဲ့တယ္ေပါ့ေလ။ ေတာ္ေတာ္ေတာ့ ျပင္းျပင္းထန္ထန္ ျဖစ္ခဲ့တာေပါ့။”

ဒီေန႔ မတ္လ ၁၇ ရက္ ေန႔ခင္းပိုင္းအထိ ႏွစ္ဖက္ ပစ္ခတ္မႈမရွိေပမယ့္ စစ္ေရးအေျခအေန တင္းမာေနတယ္လို႔ ေျပာပါတယ္။ မေန႔က တိုက္ပြဲအတြင္း ကရင္နီ ေတာ္လွန္ေရးတပ္ေပါင္းစု (KRU) နဲ႔ KNDF ပူးေပါင္း မဟာမိတ္တပ္ဖြဲ႕ေတြအပါအဝင္ စစ္ေတာင္းေပ်ာက္က်ားအဖြဲ႕ေတြက စစ္ေကာင္စီတပ္ေတြကို ပူးေပါင္းတိုက္ခိုက္ခဲ့တယ္လို႔ ဆိုပါတယ္။ သူတို႔တပ္ေပါင္းစုဘက္က ထိခိုက္ဒဏ္ရာရခဲ့သလို စစ္တပ္ဘက္ကလည္း အက်အဆုံးရွိတယ္လို႔ ဆိုပါတယ္။

“စစ္ေကာင္စီကေတာ့ သူတို႔ ဒီ ၂၀ ေက်ာ္ေလာက္ က်တယ္ေပါ့ေနာ္။ က်တယ္ဆိုတာက က်ေနာ္တို႔ ကင္းျပန္ေထာက္တဲ့အခ်ိန္မွာ အဲ့မွာ သူတို႔ရဲ႕ အေလာင္းေတြေပါ့ေနာ္၊ အေလာင္းေတြ ေတာင္ေပၚကေနဆင္းၿပီးေတာ့ ေတာင္ေအာက္ထိ ျခားေနတာကို က်ေနာ္တို႔ ေတြ႕ရတယ္။ က်ေနာ္တို႔ဘက္က ၅ ေယာက္ ဒဏ္ရာ ရရွိတယ္ေပါ့။”

ေသဆုံးဒဏ္ရာရမႈနဲ႔ပါတ္သက္လို႔ VOA က သီးျခား အတည္မျပဳႏိုင္ပါဘူး။ ပင္ေလာင္းၿမိဳ႕နယ္ထဲမွာ လက္ရွိတိုက္ပြဲျဖစ္တဲ့ ဧရိယာအတြင္းမွာ စစ္တပ္ဘက္က တပ္မ ၅၅၊ တပ္မ ၆၆ တို႔ လႈပ္ရွားေနတယ္လို႔ KRU အဖြဲ႕ျပန္ၾကားေရး တာဝန္ခံ ကိုလင္းလင္းက VOA ကို ေျပာပါတယ္။ ပင္ေလာင္းၿမိဳ႕နယ္ထဲမွာ စစ္ေရးအေျခအေနေၾကာင့္ ေဖေဖာ္ဝါရီလ ေနာက္ဆုံးအပတ္တည္းက ေဘးလြတ္ရာ ထြက္ေျပးတိမ္းေရွာင္ ခိုလႈံေနၾကရတဲ့ ေဒသခံေတြဟာလည္း ခုခ်ိန္ထိ ေနရပ္မျပန္ရဲၾကေသးဘူးလို႔ စစ္ေဘးေရွာင္ေတြကို ကူညီေနသူ တစ္ေယာက္က ေျပာျပပါတယ္။

“အခုေလာေလာဆယ္က အေျခအေနမေကာင္းေသးလို႔ ဆက္ေရွာင္ေနေသးတယ္။ ႐ြာရဲ႕ အနီးအနားမွာက မေန႔ကအထိ ၾကားေနရတယ္။ ဒီေန႔ကေတာ့ မသိရေသးဘူး။ ဒီေန႔က ကိုယ္တို႔က ႐ြာအနားမွာ တစ္ေယာက္မွ မကပ္ရဲေသးဘူးေလ။ အဲ့ဒါေၾကာင့္မို႔လို႔ ဒီေန႔အေျခအေနက ဘယ္လိုရွိလဲ မသိေသးဘူး။ မေန႔ကအထိေတာ့ ပစ္ခတ္သံေတြ ၾကားေနရတုန္း။”

လက္နက္ႀကီး၊ လက္နက္ငယ္ ပစ္ခတ္ခံေတြၾကား ေျပးလႊားလာၾကတဲ့ ႐ြာသူ႐ြာသားေတြဟာ ခုခ်ိန္ထိ စိုးရိမ္ထိတ္လန႔္မႈေတြနဲ႔ ေနထိုင္ေနၾကရတယ္လို႔ ေျပာပါတယ္။

“စိုးရိမ္ေၾကာင့္ၾကမႈက ကိုယ္စီကိုယ္စီ ရင္ထဲမွာ အျပည့္ပဲထင္တယ္။ ဘာေၾကာင့္လဲဆိုေတာ့ ႐ြာကို ျပန္မလာရတဲ့ အေျခအေနေၾကာင့္၊ တိုက္ပြဲလည္း မၿပီးေသးတဲ့ အေျခအေနေၾကာင့္၊ ဟိုဟာ ႐ြာကို ျပန္ေရာက္တဲ့အခ်ိန္ေတာ့ ကိုယ့္ရဲ႕ပစၥည္းက ရွိေရာရွိေသးရဲ႕လား၊ ဒါမွမဟုတ္ဘဲ ကိုယ့္ရဲ႕ အိမ္ကေရာ ပါသြားၿပီးလာဆိုတဲ့ စိုးရိမ္စိတ္နဲ႔ ေနေနရတာပါ။”

အခုလို စစ္ပြဲေတြေၾကာင့္ ေဘးလြတ္ရာမွာ ခိုလႈံေနထိုင္ေနၾကရတဲ့ ျပည္တြင္း စစ္ေျပးဒုကၡသည္ေတြဟာ စားနပ္ရိကၡာ ေဆးဝါး၊ ေနရာထိုင္ခင္း၊ အဝတ္အထည္၊ ေစာင္၊ အမိုးအကာစတဲ့ အကူအညီေတြ လိုအပ္ေနၾကတယ္လို႔ စစ္ေဘးေရွာင္ေတြကို အကူအညီေပးေနသူေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

{Unicode}

ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်၊ နမ်းနိန်းကျေးရွာတဝိုက်မှာ မနေ့ ကြာသပတေးနေ့က တိုက်ပွဲပြင်းထန်ခဲ့သလို ဒီနေ့ သောကြာနေ့မှာလည်း စစ်ရေးတင်းမာနေပါတယ်။ မနေ့က တိုက်ပွဲအတွင်းမှာတော့ ၂ ဖက် အထိအခိုက် အကျအဆုံးရှိတယ်လို့ ကာကွယ်ရေးအဖွဲ့တွေဘက်က ပြောပါတယ်။ အဲဒီဒေသဖက်မှာ စစ်ရေးအခြေအနေကြောင့် ဖေဖော်ဝါရီလထဲက ဘေးလွတ်ရာမှာ ခိုလှုံနေကြရတဲ့ ဒေသခံတွေဟာလည်း နေရပ်မပြန်နိုင်သလို နေရေး စားရေး အခက်အခဲဖြစ်နေပါတယ်။ ပင်လောင်းဘက်က အခြေအနေသတင်းပေးပို့ခက်ကို အခြေခံပြီး ကိုငြိမ်းချမ်းကတင်ပြပါမယ်။

ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်၊ နမ်းနိန်းကျေးရွာတဝိုက်ကို အင်အားအမြောက်အများနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ကရင်နီ ပူးပေါင်းတပ်ဖွဲ့တွေအကြား မတ် ၁၆ ရက်၊ ကြာသပတေးနေ့က ၅ နာရီကြာလောက် ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ခဲ့တယ်လို့ Karenni Revolution Union (KRU) အဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုလင်းလင်းက VOA ကို ပြောပါတယ်။

“နမ်းနိန်းဘုန်းကြီးကျောင်းရဲ့ အနောက်ဘက် တောင်ကြောတလျှောက်မှာ ဖြစ်တာပေါ့။ သူတို့ စစ်ကြောင်းထိုးလာတာပေါ့။ စစ်ကြောင်းကတော့ အင်အား ၂၀၀ ကျော်လောက်ရှိတဲ့ စစ်ကြောင်းနဲ့ အဲ့မှာ ကျနော်တို့ ကာကွယ်ရေးတပ်တွေ ပူးပေါင်းအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်တာပေါ့။ တိုက်ပွဲကတော့ မနက် ၇ နာရီကနေပြီးတော့ နေ့လည် ၁နာရီကျော်လောက်အထိ ဖြစ်သွားခဲ့တယ်ပေါ့လေ။ တော်တော်တော့ ပြင်းပြင်းထန်ထန် ဖြစ်ခဲ့တာပေါ့။”

ဒီနေ့ မတ်လ ၁၇ ရက် နေ့ခင်းပိုင်းအထိ နှစ်ဖက် ပစ်ခတ်မှုမရှိပေမယ့် စစ်ရေးအခြေအနေ တင်းမာနေတယ်လို့ ပြောပါတယ်။ မနေ့က တိုက်ပွဲအတွင်း ကရင်နီ တော်လှန်ရေးတပ်ပေါင်းစု (KRU) နဲ့ KNDF ပူးပေါင်း မဟာမိတ်တပ်ဖွဲ့တွေအပါအဝင် စစ်တောင်းပျောက်ကျားအဖွဲ့တွေက စစ်ကောင်စီတပ်တွေကို ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ သူတို့တပ်ပေါင်းစုဘက်က ထိခိုက်ဒဏ်ရာရခဲ့သလို စစ်တပ်ဘက်ကလည်း အကျအဆုံးရှိတယ်လို့ ဆိုပါတယ်။

“စစ်ကောင်စီကတော့ သူတို့ ဒီ ၂၀ ကျော်လောက် ကျတယ်ပေါ့နော်။ ကျတယ်ဆိုတာက ကျနော်တို့ ကင်းပြန်ထောက်တဲ့အချိန်မှာ အဲ့မှာ သူတို့ရဲ့ အလောင်းတွေပေါ့နော်၊ အလောင်းတွေ တောင်ပေါ်ကနေဆင်းပြီးတော့ တောင်အောက်ထိ ခြားနေတာကို ကျနော်တို့ တွေ့ရတယ်။ ကျနော်တို့ဘက်က ၅ ယောက် ဒဏ်ရာ ရရှိတယ်ပေါ့။”

သေဆုံးဒဏ်ရာရမှုနဲ့ပါတ်သက်လို့ VOA က သီးခြား အတည်မပြုနိုင်ပါဘူး။ ပင်လောင်းမြို့နယ်ထဲမှာ လက်ရှိတိုက်ပွဲဖြစ်တဲ့ ဧရိယာအတွင်းမှာ စစ်တပ်ဘက်က တပ်မ ၅၅၊ တပ်မ ၆၆ တို့ လှုပ်ရှားနေတယ်လို့ KRU အဖွဲ့ပြန်ကြားရေး တာဝန်ခံ ကိုလင်းလင်းက VOA ကို ပြောပါတယ်။ ပင်လောင်းမြို့နယ်ထဲမှာ စစ်ရေးအခြေအနေကြောင့် ဖေဖော်ဝါရီလ နောက်ဆုံးအပတ်တည်းက ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင် ခိုလှုံနေကြရတဲ့ ဒေသခံတွေဟာလည်း ခုချိန်ထိ နေရပ်မပြန်ရဲကြသေးဘူးလို့ စစ်ဘေးရှောင်တွေကို ကူညီနေသူ တစ်ယောက်က ပြောပြပါတယ်။

“အခုလောလောဆယ်က အခြေအနေမကောင်းသေးလို့ ဆက်ရှောင်နေသေးတယ်။ ရွာရဲ့ အနီးအနားမှာက မနေ့ကအထိ ကြားနေရတယ်။ ဒီနေ့ကတော့ မသိရသေးဘူး။ ဒီနေ့က ကိုယ်တို့က ရွာအနားမှာ တစ်ယောက်မှ မကပ်ရဲသေးဘူးလေ။ အဲ့ဒါကြောင့်မို့လို့ ဒီနေ့အခြေအနေက ဘယ်လိုရှိလဲ မသိသေးဘူး။ မနေ့ကအထိတော့ ပစ်ခတ်သံတွေ ကြားနေရတုန်း။”

လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်ခံတွေကြား ပြေးလွှားလာကြတဲ့ ရွာသူရွာသားတွေဟာ ခုချိန်ထိ စိုးရိမ်ထိတ်လန့်မှုတွေနဲ့ နေထိုင်နေကြရတယ်လို့ ပြောပါတယ်။

“စိုးရိမ်ကြောင့်ကြမှုက ကိုယ်စီကိုယ်စီ ရင်ထဲမှာ အပြည့်ပဲထင်တယ်။ ဘာကြောင့်လဲဆိုတော့ ရွာကို ပြန်မလာရတဲ့ အခြေအနေကြောင့်၊ တိုက်ပွဲလည်း မပြီးသေးတဲ့ အခြေအနေကြောင့်၊ ဟိုဟာ ရွာကို ပြန်ရောက်တဲ့အချိန်တော့ ကိုယ့်ရဲ့ပစ္စည်းက ရှိရောရှိသေးရဲ့လား၊ ဒါမှမဟုတ်ဘဲ ကိုယ့်ရဲ့ အိမ်ကရော ပါသွားပြီးလာဆိုတဲ့ စိုးရိမ်စိတ်နဲ့ နေနေရတာပါ။”

အခုလို စစ်ပွဲတွေကြောင့် ဘေးလွတ်ရာမှာ ခိုလှုံနေထိုင်နေကြရတဲ့ ပြည်တွင်း စစ်ပြေးဒုက္ခသည်တွေဟာ စားနပ်ရိက္ခာ ဆေးဝါး၊ နေရာထိုင်ခင်း၊ အဝတ်အထည်၊ စောင်၊ အမိုးအကာစတဲ့ အကူအညီတွေ လိုအပ်နေကြတယ်လို့ စစ်ဘေးရှောင်တွေကို အကူအညီပေးနေသူတွေက ပြောပါတယ်။

XS
SM
MD
LG