သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္ေကာင္စီ ျပန္ၾကားေရးတာဝန္ခံကုိ CNN ေတြ႔ဆုံေမးျမန္း


ရန္ကုန္ၿမိဳ႕မွာ ေဒသခံတဦးကို ေမးျမန္းေနတဲ့ CNN ႏုိင္ငံတကာေရးရာ အႀကီးတန္းသတင္းေထာက္ Clarissa Ward.

(Zawgyi / Unicode)

ျမန္မာႏုိင္ငံမွာ ေရာက္ရွိေနတဲ့ CNN ႐ုပ္သံသတင္းဌာနက ႏုိင္ငံတကာေရးရာ အႀကီးတန္းသတင္းေထာက္ Clarissa Ward က ႏုိင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီ သတင္းျပန္ၾကားေရးအဖြဲ႔ ေခါင္းေဆာင္လည္းျဖစ္၊ ျပန္ၾကားေရး ဒုတိယဝန္ႀကီးလည္းျဖစ္တဲ့ ဗုိလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းကုိ ေတြ႔ဆုံ ေမးျမန္းေနတဲ့ ဓာတ္ပုံေတြ လူမႈကြန္ရက္ေပၚ တက္လာခဲ့ပါတယ္။

စစ္ေကာင္စီဘက္ကေရာ CNN သတင္းေထာက္ဘက္ကပါ အခုလုိ ေတြ႔ဆုံေမးျမန္းမႈနဲ႔ ပတ္သက္လုိ႔ အခုခ်ိန္ထိ သတင္းထုတ္ျပန္တာေတာ့ မရွိေသးပါဘူး။

CNN သတင္းေထာက္ဟာ လြန္ခဲ့တဲ့ ရက္ပုိင္းအတြင္းက ရန္ကုန္ၿမိဳ႕က ေနရာအေတာ္မ်ားမ်ားကုိ သြားေရာက္ၿပီး သတင္းယူခဲ့တာမွာ မဂၤလာဒုံမွာ သူနဲ႔ အင္တာဗ်ဴးလုပ္မိသူ ၃ ဦးကုိ အာဏာပိုင္ေတြက ဖမ္းဆီးထိန္းသိမ္းလိုက္ပါတယ္။

CNN သတင္းေထာက္က ေသာၾကာေန႔မွာ မဂၤလာဒုံေစ်းနဲ႔ ၁၀ မိုင္ေစ်းေတြကို သြားေရာက္ေလ့လာ ႐ိုက္ကူးစဥ္ အင္တာဗ်ဴးလုပ္မိသူေတြကို ဖမ္းဆီးခဲ့တာ ျဖစ္ပါတယ္။ အခုခ်ိန္ထိ အဲဒီ ဖမ္းဆီးခံရသူ ၃ ဦးရဲ႕ အေျခအေနေတြကုိ မသိရေသးပါဘူး။

----------------------

(Unicode)

စစ်ကောင်စီ ပြန်ကြားရေးတာဝန်ခံကို CNN တွေ့ဆုံမေးမြန်း

မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ CNN ရုပ်သံသတင်းဌာနက နိုင်ငံတကာရေးရာ အကြီးတန်းသတင်းထောက် Clarissa Ward က နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်းပြန်ကြားရေးအဖွဲ့ ခေါင်းဆောင်လည်းဖြစ်၊ ပြန်ကြားရေး ဒုတိယဝန်ကြီးလည်းဖြစ်တဲ့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို တွေ့ဆုံ မေးမြန်းနေတဲ့ ဓာတ်ပုံတွေ လူမှုကွန်ရက်ပေါ် တက်လာခဲ့ပါတယ်။

စစ်ကောင်စီဘက်ကရော CNN သတင်းထောက်ဘက်ကပါ အခုလို တွေ့ဆုံမေးမြန်းမှုနဲ့ ပတ်သက်လို့ အခုချိန်ထိ သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။

CNN သတင်းထောက်ဟာ လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းက ရန်ကုန်မြို့က နေရာအတော်များများကို သွားရောက်ပြီး သတင်းယူခဲ့တာမှာ မင်္ဂလာဒုံမှာ သူနဲ့ အင်တာဗျူးလုပ်မိသူ ၃ ဦးကို အာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။

CNN သတင်းထောက်က သောကြာနေ့မှာ မင်္ဂလာဒုံဈေးနဲ့ ၁၀ မိုင်ဈေးတွေကို သွားရောက်လေ့လာ ရိုက်ကူးစဉ် အင်တာဗျူးလုပ်မိသူတွေကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ အခုချိန်ထိ အဲဒီ ဖမ်းဆီးခံရသူ ၃ ဦးရဲ့ အခြေအနေတွေကို မသိရသေးပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG