သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကာကြယ္ေရးဥပေဒၾကမ္း သမၼတ Trump ဗီတို အထက္လႊတ္ေတာ္ပယ္ဖ်က္


အေမရိကန္ လႊတ္ေတာ္အေဆာက္အဦ။

(Zawgyi / Unicode)

အေမရိကန္ ကာကြယ္ေရးအသံုးစရိတ္ဆိုင္ရာ ဥပေဒမူၾကမ္းကို အေမရိကန္သမၼတ Donald Trump က ဗီတိုအာဏာနဲ႔ ပယ္ခ်ထားေပမယ့္ ဒီဗီတိုနဲ႔ ကန္႔ကြက္ခ်က္ကို္ အေမရကန္ အထက္လႊတ္ေတာ္က ပယ္ဖ်က္လိုက္ပါတယ္။ ရီပတ္ဘလစ္ကန္ႀကီးစိုးတဲ့ အထက္လႊတ္ေတာ္ကေန သမၼတ Donal Trump ရဲ႕ ဗီတိုကို ပယ္ဖ်က္တာ ၄ ႏွစ္နီးပါးအတြင္း ဒါ ပထမဆံုး ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့သီတင္းပတ္ကပဲ ကာကြယ္ေရးအသုံးစရိတ္ အေမရိကန္ေဒၚလာ ၇၄၀ ဘီလီယံရွိတဲ့ ဥပေဒမူၾကမ္းအေပၚ သမၼတ Trump က ပယ္ခ်ထားခဲ့တာပါ။

ေရြးေကာက္ပြဲကာလအတြင္း သူ႐ႈံးနိမ့္ခဲ့ရမႈေတြအေပၚ လူမႈကြန္ရက္ နည္းပညာကုမၸဏီႀကီးေတြက ဘက္လိုက္မႈေတြ ရွိခဲ့တယ္ဆိုၿပီး ဒီကုမၸဏီေတြကို ကန္႔သတ္ေရး ဒီဥပေဒၾကမ္းထဲ ထည့္သြင္းဖို႔ သမၼတ Trump က လိုလားခဲ့တာပါ။

အေမရိကန္ျပည္တြင္းစစ္ကာလက ေတာင္ပိုင္း Confederate စစ္ေခါင္းေဆာင္ေတြရဲ႕ အမည္ေပးထားတဲ့ စစ္အေျခစိုက္စခန္းေတြ အမည္နာမ ေျပာင္းလဲေပးဖို႔ အစီအစဥ္ေတြ ဒီဥပေဒၾကမ္းထဲ ထည့္သြင္းထားတာကိုလည္း သမၼတ Donld Trump က ကန္႔ကြက္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------

(Unicode)

ကာကွယ်ရေးဥပဒေကြမ်း သမ္မတ Trump ဗီတို အထက်လွှတ်တော်ပယ်ဖျက်

အမေရိကန် ကာကွယ်ရေးအသုံးစရိတ်ဆိုင်ရာ ဥပဒေမူကြမ်းကို အမေရိကန်သမ္မတ Donald Trump က ဗီတိုအာဏာနဲ့ ပယ်ချထားပေမယ့် ဒီဗီတိုနဲ့ ကန့်ကွက်ချက်ကို အမေရကန် အထက်လွှတ်တော်က ပယ်ဖျက်လိုက်ပါတယ်။ ရီပတ်ဘလစ်ကန်ကြီးစိုးတဲ့ အထက်လွှတ်တော်ကနေ သမ္မတ Donal Trump ရဲ့ ဗီတိုကို ပယ်ဖျက်တာ ၄ နှစ်နီးပါးအတွင်း ဒါ ပထမဆုံး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်ကပဲ ကာကွယ်ရေးအသုံးစရိတ် အမေရိကန်ဒေါ်လာ ၇၄၀ ဘီလီယံရှိတဲ့ ဥပဒေမူကြမ်းအပေါ် သမ္မတ Trump က ပယ်ချထားခဲ့တာပါ။

ရွေးကောက်ပွဲကာလအတွင်း သူရှုံးနိမ့်ခဲ့ရမှုတွေအပေါ် လူမှုကွန်ရက် နည်းပညာကုမ္ပဏီကြီးတွေက ဘက်လိုက်မှုတွေ ရှိခဲ့တယ်ဆိုပြီး ဒီကုမ္ပဏီတွေကို ကန့်သတ်ရေး ဒီဥပဒေကြမ်းထဲ ထည့်သွင်းဖို့ သမ္မတ Trump က လိုလားခဲ့တာပါ။

အမေရိကန်ပြည်တွင်းစစ်ကာလက တောင်ပိုင်း Confederate စစ်ခေါင်းဆောင်တွေရဲ့ အမည်ပေးထားတဲ့ စစ်အခြေစိုက်စခန်းတွေ အမည်နာမ ပြောင်းလဲပေးဖို့ အစီအစဉ်တွေ ဒီဥပဒေကြမ်းထဲ ထည့်သွင်းထားတာကိုလည်း သမ္မတ Donld Trump က ကန့်ကွက်ခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG