သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

COVID-19 ကြောင့် နေတိုးမဟာမိတ်အဖွဲ့လုပ်ငန်းတွေ မထိခိုက်နိုင်


NATO အကြီးအကဲ Jens Stoltenberg
NATO အကြီးအကဲ Jens Stoltenberg

(Zawgyi/Unicode)

လက်ရှိဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ ကပ်ရောဂါက NATO မဟာမိတ်အဖွဲ့ရဲ့ လုပ်ငန်း တာဝန်တွေကို မဟန့်တား နိုင်တဲ့ အပြင် အဖွဲ့ဝင် နိုင်ငံတွေ လုံခြုံစိတ်ချရရေး အတွက်ပါ ဆက်လက်လုပ်ဆောင် နေမှာ ဖြစ်ကြောင်း NATO အကြီးအကဲ Jens Stoltenberg က ပြောကြားလိုက်ပါတယ်။

လိုအပ်တဲ့ အရေးပေါ် ဆေးပစ္စည်းတွေ အတွက် လေကြောင်းနဲ့ပို့ဆောင်ရေးကို နေတိုး အဖွဲ့က လုပ်ဆောင်ပေးနေတာ ဖြစ်ပြီး ဗုဒ္ဒဟူးနေ့ အစောပိုင်းမှာ စစ်လေယာဉ်နဲ့ တူရကီကို ပစ္စည်းတွေ ပို့ပေးခဲ့သလို စပိန်နဲ့ အီတလီ နိုင်ငံတွေကိုလည်း ဆေးပစ္စည်းတွေ ပို့ပေး ခဲ့တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ဒေသတွင်း နေထိုင်သူ သန်းတထောင်လောက် အတွက် လုံခြုံရေးအတွက် ပါ လုပ်ဆောင်ပေးနေကြောင်းနဲ့ ဒါဟာ ကျန်းမာရေး ပြဿနာ ကနေ လုံခြုံရေး ပြဿနာ ဖြစ်မလာအောင် အဓိက ထား လုပ်ဆောင် နေတာ လို့လည်း ဗွီဒီယို ကနေ တဆင့် ကျင်းပတဲ့ အဖွဲ့ဝင်တွေရဲ့ အစည်းဝေးမှာ Stoltenberg က ပြောပါတယ်။

မကြာသေးခင်က နေတိုး မဟာမိတ်အဖွဲ့ဝင် နိုင်ငံတွေရဲ့ နယ်နိမိတ်နားမှာရှိတဲ့ ရုရှား အနောက်ပိုင်း ဒေသမှာ ရုရှားက စစ်ပွဲ ဆင်နွှဲလာတာကြောင့် မဟာမိတ် နိုင်ငံတွေရဲ့ လုံခြုံရေး ကို အာရုံစိုက်ဖို့ သတိပေးနေတယ်လို့ လည်း Stoltenberg က ပြောပါတယ်။

နေတိုး နိုင်ငံခြားရေးဝန်ကြီးတွေဟာ ကြာသပတေးနေ့မှာလည်း ဗွီဒီယိုက တဆင့် အစည်းဝေး ထပ်ကျင်းပအုံးမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


.......


(Unicode)






ဆက်စပ်သတင်းများ ...

XS
SM
MD
LG