သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

၂၄နာရီအတြင္း ကိုဗစ္ဓါတ္ခြဲအတည္ျပဳ ၂၇၀၂ဦး၊ ေသဆံုး ၉၁ဦး


ကလေးျမို ့က ကိုဗစ္လူနာတဦး (ဓာတ္ပံု- Reuters)

(Zawgyi/Unicode)

ျမန္မာႏုိင္ငံမွာ ကိုဗစ္တတိယလိႈင္းဒဏ္ အတန္ငယ္ ေလ်ာ့ပါးသက္သာလာတဲ့သေဘာ ေတြ႔ရေပမယ့္ ကူးစက္ ေသဆံုးသူအေရအတြက္ သိသိသာသာ ေလ်ာ့က်သြားတ့ဲပံု မရွိေသးပါဘူး။

လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း ဓာတ္ခြဲနမူနာေပါင္း ၂၅,၃၉၈ ခုကုိ စစ္ေဆးခဲ့တာမွာ ကူးစက္သူအေရအတြက္ ၂,၇၀၂ ေယာက္ ရွိခဲ့ၿပီး ေသဆံုးသူက ၉၁ ေယာက္ ရွိတယ္လို႔ စစ္ေကာင္စီ က်န္းမာေရးဌာနရဲ႕ ဒီကေန႔ည ၈ နာရီ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ကိုဗစ္တတိယလိႈင္းကာလအတြင္း အမွန္တကယ္ ကူးစက္ ေသဆံုးသူအေရအတြက္ဟာ တရားဝင္ထုတ္ျပန္တဲ့ အေရအတြက္ထက္ ပိုမ်ားႏုိင္တယ္လို႔ က်န္းမာေရးလုပ္သားေတြနဲ႔ ပရဟိတ အကူအညီေပးသူေတြက ခန္႔မွန္္းၾကပါတယ္။

အသက္အရြယ္ႀကီးရင့္သူေတြကို တ႐ုတ္ႏိုင္ငံထုတ္ Sinopharm ကိုဗစ္ကာကြယ္ေဆး စစ္ေကာင္စီက ထိုိးေပးေနၿပီး က်န္အသက္အရြယ္ အပိုင္းအျခားေတြကို စၿပီး ထိုးေပးေနၿပီဆိုတဲ့ တရားဝင္သတင္းေတာ့ မၾကားရေသးပါဘူး။

စက္တင္ဘာလ ၇ ရက္ေန႔အထိဆိုရင္ ကာကြယ္ေဆး ႏွစ္္ႀကိမ္အျပည့္ထိုးၿပီးသူ ၃ သန္းနီးပါးရွိၿပီး တႀကိမ္ထုိးၿပီးသူ ၁.၉ သန္းရွိၿပီျဖစ္တာေၾကာင့္ စုစုေပါင္း ကာကြယ္ေဆးထိုးထားသူဦးေရ ၄.၉ သန္းနီးပါးရွိၿပီလို႔ က်န္းမာေရးဌာနက ထုတ္ျပန္ထား ပါတယ္။

ဒါေပမယ့္လည္း ေငြေၾကးတတ္ႏုိင္သူေတြက နည္းလမ္းအမ်ဳိးမ်ဳိးနဲ႔ ကာကြယ္ေဆးရွာၿပီး ထိုးေနၾကတဲ့ သတင္းေတြေတာ့ ရထားပါတယ္။

ျမန္မာႏုိင္ငံ တ႐ုတ္ကုန္သည္မ်ားအသင္းခ်ဳပ္က သူတို႔ဆီမွာ ႀကိဳတင္စာရင္းေပးထားသူေတြ တဦးကို က်ပ္ေငြ ၅ ေသာင္းႏႈန္္းနဲ႔ Sinopharm ကာကြယ္ေဆး ထိုးေပးေနပါတယ္။

ပုဂၢလိက ေဆး႐ံုေဆးခန္းေတြကို ကိုဗစ္ကာကြယ္ေဆး တင္သြင္းခြင့္နဲ႔ အခေၾကးေငြယူၿပီး ထိုးေပးခြင့္ျပဳထားတယ္ ဆိုိတဲ့သတင္းေတြ ၾကားထားရေပမယ့္ အခုခ်ိန္ထိေတာ့ ဘယ္ ပုဂၢလိကေဆး႐ံုေဆးခန္းမွာမွ ကိုဗစ္ကာကြယ္ေဆး တကယ္တမ္း ထိုးေပးေနၿပီဆုိတာ မၾကားရေသးပါဘူး။

ျမန္မာႏုိင္ငံ လူဦးေရအမ်ားစုဟာ ကိုဗစ္ကာကြယ္ေဆးကို အခေၾကးေငြေပးၿပီးထိုးဖို႔ တတ္ႏုိင္သူေတြ မဟုတ္ၾကတာေၾကာင့္ တရားဝင္အစီအစဥ္နဲ႔ လူဦးေရအမ်ားအျပားကို ကာကြယ္ေဆးထိုးေပးတဲ့ အစီအစဥ္မ်ဳိး မရွိဘူးဆိုရင္ေတာ့ လူဦးေရ ရာခိုင္ႏႈန္းအမ်ားစုကို မၾကာခင္ကာလအတြင္း ကာကြယ္ေဆးထိုးေပးႏိုင္မယ့္ အလားအလာ မေတြ႔ရေသးပါဘူး။

တႏုိင္ငံလံုးအတြက္ ကိုဗစ္ကာကြယ္ေဆးကို ျပင္ပကဝယ္ၿပီးေတာ့သာ ထိုးေပးရမယ္ဆိုရင္ တိုင္းျပည္ မြဲသြားႏုိင္တယ္လို႔ အာဏာသိမ္း စစ္ေကာင္စီေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္က ေျပာထားဖူးပါတယ္။

..................................................................................

တိုက္႐ိုက္ လင့္ခ္


၂၄နာရီအတွင်း ကိုဗစ်ဓါတ်ခွဲအတည်ပြု ၂၇၀၂ဦး၊ သေဆုံး ၉၁ဦး

(Unicode)

မြန်မာနိုင်ငံမှာ ကိုဗစ်တတိယလှိုင်းဒဏ် အတန်ငယ် လျော့ပါးသက်သာလာတဲ့သဘော တွေ့ရပေမယ့် ကူးစက် သေဆုံးသူအရေအတွက် သိသိသာသာ လျော့ကျသွားတဲ့ပုံ မရှိသေးပါဘူး။

လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာပေါင်း ၂၅,၃၉၈ ခုကို စစ်ဆေးခဲ့တာမှာ ကူးစက်သူအရေအတွက် ၂,၇၀၂ ယောက် ရှိခဲ့ပြီး သေဆုံးသူက ၉၁ ယောက် ရှိတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကိုဗစ်တတိယလှိုင်းကာလအတွင်း အမှန်တကယ် ကူးစက် သေဆုံးသူအရေအတွက်ဟာ တရားဝင်ထုတ်ပြန်တဲ့ အရေအတွက်ထက် ပိုများနိုင်တယ်လို့ ကျန်းမာရေးလုပ်သားတွေနဲ့ ပရဟိတ အကူအညီပေးသူတွေက ခန့်မှန်းကြပါတယ်။

အသက်အရွယ်ကြီးရင့်သူတွေကို တရုတ်နိုင်ငံထုတ် Sinopharm ကိုဗစ်ကာကွယ်ဆေး စစ်ကောင်စီက ထိုးပေးနေပြီး ကျန်အသက်အရွယ် အပိုင်းအခြားတွေကို စပြီး ထိုးပေးနေပြီဆိုတဲ့ တရားဝင်သတင်းတော့ မကြားရသေးပါဘူး။

စက်တင်ဘာလ ၇ ရက်နေ့အထိဆိုရင် ကာကွယ်ဆေး နှစ်ကြိမ်အပြည့်ထိုးပြီးသူ ၃ သန်းနီးပါးရှိပြီး တကြိမ်ထိုးပြီးသူ ၁.၉ သန်းရှိပြီဖြစ်တာကြောင့် စုစုပေါင်း ကာကွယ်ဆေးထိုးထားသူဦးရေ ၄.၉ သန်းနီးပါးရှိပြီလို့ ကျန်းမာရေးဌာနက ထုတ်ပြန်ထား ပါတယ်။

ဒါပေမယ့်လည်း ငွေကြေးတတ်နိုင်သူတွေက နည်းလမ်းအမျိုးမျိုးနဲ့ ကာကွယ်ဆေးရှာပြီး ထိုးနေကြတဲ့ သတင်းတွေတော့ ရထားပါတယ်။

မြန်မာနိုင်ငံ တရုတ်ကုန်သည်များအသင်းချုပ်က သူတို့ဆီမှာ ကြိုတင်စာရင်းပေးထားသူတွေ တဦးကို ကျပ်ငွေ ၅ သောင်းနှုန်းနဲ့ Sinopharm ကာကွယ်ဆေး ထိုးပေးနေပါတယ်။

ပုဂ္ဂလိက ဆေးရုံဆေးခန်းတွေကို ကိုဗစ်ကာကွယ်ဆေး တင်သွင်းခွင့်နဲ့ အခကြေးငွေယူပြီး ထိုးပေးခွင့်ပြုထားတယ် ဆိုတဲ့သတင်းတွေ ကြားထားရပေမယ့် အခုချိန်ထိတော့ ဘယ် ပုဂ္ဂလိကဆေးရုံဆေးခန်းမှာမှ ကိုဗစ်ကာကွယ်ဆေး တကယ်တမ်း ထိုးပေးနေပြီဆိုတာ မကြားရသေးပါဘူး။

မြန်မာနိုင်ငံ လူဦးရေအများစုဟာ ကိုဗစ်ကာကွယ်ဆေးကို အခကြေးငွေပေးပြီးထိုးဖို့ တတ်နိုင်သူတွေ မဟုတ်ကြတာကြောင့် တရားဝင်အစီအစဉ်နဲ့ လူဦးရေအများအပြားကို ကာကွယ်ဆေးထိုးပေးတဲ့ အစီအစဉ်မျိုး မရှိဘူးဆိုရင်တော့ လူဦးရေ ရာခိုင်နှုန်းအများစုကို မကြာခင်ကာလအတွင်း ကာကွယ်ဆေးထိုးပေးနိုင်မယ့် အလားအလာ မတွေ့ရသေးပါဘူး။

တနိုင်ငံလုံးအတွက် ကိုဗစ်ကာကွယ်ဆေးကို ပြင်ပကဝယ်ပြီးတော့သာ ထိုးပေးရမယ်ဆိုရင် တိုင်းပြည် မွဲသွားနိုင်တယ်လို့ အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောထားဖူးပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG