သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ဒဏ္ စစ္ဒဏ္ ၿပိဳင္တူခံေနရတဲ႔ မံုးကိုး စစ္ေဘးေရွာင္မ်ား


ပန္ဆိုင္း တိုက္ပြဲေတြကေန တိမ္းေရွာင္ ခိုလံႈေနရသူမ်ား၊ ၾသဂုတ္လ ၁၅၊ ၂၀၂၁။ (ဓာတ္ပံု- MNWM / AFP)

(Zawgyi / Unicode)

ရွမ္းျပည္နယ္ ေျမာက္ပိုင္း မူဆယ္ၿမိဳ႔နယ္ မံုးကိုးၿမိဳ႔က စစ္ေရွာင္စခန္းေတြမွာ Covid 19 ကူးစက္သူ ၄၀ေလာက္ ထပ္မံ စစ္ေဆးေတြရိွခဲ့ၿပီး ေဒသတြင္းမွာေတာ့ စေနေန႔က တိုက္ပဲြ ၄ၾကိမ္ေလာက္ ျဖစ္ပြားခဲ့သလို တိုက္ပဲြေတြ ျပင္းထန္လာမယ့္ အေျခအေနလည္း ရိွေနပါတယ္။ ရန္ကုန္ကလာတဲ့ မံုးကိုးေဒသက Covid ကူးစက္မႈနဲ႔ စစ္ေရးအေျခအေနကို ေဒၚခင္မ်ိဳးသက္ ေျပာျပပါမယ္။

ဇူလိုင္လဆန္းကစၿပီး စစ္ေကာင္စီတပ္နဲ႔ MNDAA ကိုးကန္႔တပ္အၾကား တိုက္ပဲြျပင္းထန္ခဲ့တာေၾကာင့္ မံုးကိုးၿမိဳ႔ မွာ လူ ၇၀၀ေက်ာ္ေလာက္ လာေရာက္ခုိလႈံေနၾကရာမွာ ဒီလ ၁၄ ရက္ေန႔အထိ Covid 19 ကူးစက္သူ ၃၆ေယာက္ေလာက္ ရိွလာခဲ့ပါတယ္။

ဒီရက္ပိုင္းမွာေတာ့ Covid ကူးစက္လူနာ ေနာက္ထပ္ ၄၀ေက်ာ္ေလာက္ ထပ္မံေတြ႔ရိွခဲ့တယ္လို႔ မံုးကိုးၿမိဳ႔ စစ္ေရွာင္စခန္းမွာ ေရာက္ရိွေနသူတဦးက ေျပာပါတယ္။

“ မေန႔က ၄၄ေယာက္ တိုးတာ။ အားလံုးေပါင္းဆိုရင္ ၈၀ေက်ာ္ၿပီနဲ႔ တူတယ္ဗ်။ သူတို႔ ေဆးရံုပဲ သြားပို႔တာ။ က်ေနာ္တို႔ အဲဒီကို သြားလုိ႔ မရဘူးေလေနာ။ ”

အမည္မေဖာ္လိုတဲ့စစ္ေရွာင္ေတြကို ကူညီသူ တစ္ဦးကေတာ့ မေန႔က ကူးစက္ခံရသူ ၄၀ရိွၿပီး စုစုေပါင္း ၇၀ေက်ာ္ရိွေၾကာင္း၊ ကူးစက္ခံရသူအမ်ားစုဟာ အသက္ ၂၀နဲ႔ ၆၀အၾကားရိွသူ အမ်ားစုျဖစ္သလို ေရာဂါျပင္းထန္မႈမရိွေၾကာင္း ေျပာပါတယ္။

ေရာဂါကူးစက္သူေတြကို မုန္းကိုးေဆးရံုမွာ ၂ေနရာခဲြၿပီး ဆရာ၀န္၊ သူနာျပဳေတြက ေစာင့္ေရွာက္ေပးေနပါတယ္။

ၾသဂုတ္လကုန္ပိုင္းက ျဖစ္ပြားတဲ့ တိုက္ပဲြေၾကာင့္ မံုးကိုးၿမိဳ႔ အနီးအနား ေက်းရြာေတြက စစ္ေရွာင္ ၇၀၀ ေက်ာ္ဟာ ၿမိဳ႔ေပၚကို တိမ္းေရွာင္လာၾကတာျဖစ္ပါတယ္။

ဒီလ ၁၇ရက္ေန႔ကေတာ့ ၾကဴကုတ္(ပန္ဆိုင္း)ဘက္ကို စစ္ေကာင္စီဘက္က တင့္ကား ၂စီး၊ စစ္သည္တင္ယာဥ္ အစီး ၃၀ေလာက္ ထပ္မံေရာက္လာခဲ့ပါတယ္။

၁၈ရက္ေန႔မွာ မံုးကိုးအနီး ေဟမိုးလံုဘက္မွာ လက္နက္ၾကီး ပစ္ခတ္သံေတြ ၁နာရီေက်ာ္ေလာက္ ၾကားရေၾကာင္း မံုးကိုးၿမိဳ႔က စစ္ေရွာင္ေနသူက ေျပာပါတယ္။

“အရင္ရက္မွာေတာ့ ဟိုမွာ ေဟမိုးလံုဘက္ ျဖစ္တယ္လို႔ၾကားေနရတာေပါ့။ အသံပဲ ၾကားေနရတာေပါ့။ လက္နက္ၾကီးသံေပါ့။ မနက္ ၈နာရီေက်ာ္ေက်ာ္ေလာက္၊ တစ္နာရီခဲြေလာက္ပါပဲဗ်။ ေဖာင္းဆုိင္ဘက္ေတာ့ ဘာမွ မၾကားဘူးဗ်။ ”

အဲဒီေန႔မွာပဲ ၾကဴကုတ္(ပန္ဆိုင္း)အနီးမွာလည္း တိုက္ပဲြျဖစ္ပြားတာေတြ ရိွတယ္လို႔ ပန္ဆိုင္း ေဒသခံတစ္ဦးက ေျပာပါတယ္။

“ မေန႔နဲ႔ ဒီကေန႔ကေတာ့ ေအးေဆးပဲ။ အသံမျမည္ဘူး။ ဟိုးတေန႔ကေတာ့ ျမည္တယ္။ ရြာထဲမွာပဲ။ ဒီ ခလြန္နဲ႔ ေကာင္းခ်ီးၾကားေပါ့။ အဲဒီရြာ ႏွစ္ခုရဲ့ ၾကားမွာ တုိက္ပဲြျဖစ္တယ္။ နာရီ၀က္ေလာက္။”

MNDAA ကိုးကန္႔အဖဲြ႔ရဲ့ ျပန္ၾကားေရး လူမႈကြန္ယက္စာမ်က္ႏွာမွာေတာ့ ဒီလ ၁၈ရက္ေန႔ မံုးကိုးၿမိဳ႔ အနီး ေဟမိုးလံုအနီးတစ္ေနရာနဲ႔ ပန္ဆိုင္းၿမိဳ႔အနီးမွာ ၃ေနရာ စုစုေပါင္း တိုက္ပဲြ ၄ေနရာျဖစ္ေၾကာင္း ေဖာ္ျပထား ပါတယ္။

ၾကဴကုတ္(ပန္ဆိုင္း)၊ မံုးကိုးေဒသနဲ႔ ဆက္စပ္ေနတဲ့ ကိုးကန္႔ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ေျမာက္ပိုင္းကိုလည္း စစ္ေကာင္စီဘက္က တပ္ေတြ အင္အားတိုးခ်ဲ႔လာေနေၾကာင္းလည္း ေဖာ္ျပထားပါတယ္။

ေဒသခံေတြကေတာ့ မံုးကိုးၿမိဳ႔ဘက္မွာ တိုက္ပဲြေတြ ပိုျပင္းထန္းႏိုင္ေၾကာင္း ခန္႔မွန္းသလို တိုက္ပဲြေတြ ျပင္းထန္လာလို႔ စစ္ေရွာင္ေတြ ပိုမိုမ်ားျပားလာရင္ Covid 19 ေရာဂါ ကူးစက္မႈ ျမင့္တက္လာမွာကို လည္း စိုးရိမ္ေနၾကပါတယ္။

ဇူလိုင္လဆန္းပိုင္းကတည္းကစတင္ခဲ့တဲ့ တုိက္ပဲြေတြေၾကာင့့္ ၾကဴကုတ္(ပန္ဆိုင္း)အနီး ဖိုင္ေကာင္းေက်းရြာ အုပ္စု က လူ ၁၄၀၀ေလာက္ဟာ တရုတ္ ျမန္မာနယ္စပ္မွာ တိမ္းေရွာင္ေနရသလို မုန္းကိုးအနီးရြာေတြက လူ ၇၀၀ေလာက္ဟာလည္း မံုးကိုးၿမိဳ႔ေပၚမွာ ခိုလံႈေနၾကတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ကိုဗစ်ဒဏ် စစ်ဒဏ် ပြိုင်တူခံနေရတဲ့ မုံးကိုး စစ်ဘေးရှောင်များ

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့နယ် မုံးကိုးမြို့က စစ်ရှောင်စခန်းတွေမှာ Covid 19 ကူးစက်သူ ၄၀လောက် ထပ်မံ စစ်ဆေးတွေရှိခဲ့ပြီး ဒေသတွင်းမှာတော့ စနေနေ့က တိုက်ပွဲ ၄ကြိမ်လောက် ဖြစ်ပွားခဲ့သလို တိုက်ပွဲတွေ ပြင်းထန်လာမယ့် အခြေအနေလည်း ရှိနေပါတယ်။ ရန်ကုန်ကလာတဲ့ မုံးကိုးဒေသက Covid ကူးစက်မှုနဲ့ စစ်ရေးအခြေအနေကို ဒေါ်ခင်မျိုးသက် ပြောပြပါမယ်။

ဇူလိုင်လဆန်းကစပြီး စစ်ကောင်စီတပ်နဲ့ MNDAA ကိုးကန့်တပ်အကြား တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် မုံးကိုးမြို့ မှာ လူ ၇၀၀ကျော်လောက် လာရောက်ခိုလှုံနေကြရာမှာ ဒီလ ၁၄ ရက်နေ့အထိ Covid 19 ကူးစက်သူ ၃၆ယောက်လောက် ရှိလာခဲ့ပါတယ်။

ဒီရက်ပိုင်းမှာတော့ Covid ကူးစက်လူနာ နောက်ထပ် ၄၀ကျော်လောက် ထပ်မံတွေ့ရှိခဲ့တယ်လို့ မုံးကိုးမြို့ စစ်ရှောင်စခန်းမှာ ရောက်ရှိနေသူတဦးက ပြောပါတယ်။

“ မနေ့က ၄၄ယောက် တိုးတာ။ အားလုံးပေါင်းဆိုရင် ၈၀ကျော်ပြီနဲ့ တူတယ်ဗျ။ သူတို့ ဆေးရုံပဲ သွားပို့တာ။ ကျနော်တို့ အဲဒီကို သွားလို့ မရဘူးလေနော။ ”

အမည်မဖော်လိုတဲ့စစ်ရှောင်တွေကို ကူညီသူ တစ်ဦးကတော့ မနေ့က ကူးစက်ခံရသူ ၄၀ရှိပြီး စုစုပေါင်း ၇၀ကျော်ရှိကြောင်း၊ ကူးစက်ခံရသူအများစုဟာ အသက် ၂၀နဲ့ ၆၀အကြားရှိသူ အများစုဖြစ်သလို ရောဂါပြင်းထန်မှုမရှိကြောင်း ပြောပါတယ်။

ရောဂါကူးစက်သူတွေကို မုန်းကိုးဆေးရုံမှာ ၂နေရာခွဲပြီး ဆရာဝန်၊ သူနာပြုတွေက စောင့်ရှောက်ပေးနေပါတယ်။

သြဂုတ်လကုန်ပိုင်းက ဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် မုံးကိုးမြို့ အနီးအနား ကျေးရွာတွေက စစ်ရှောင် ၇၀၀ ကျော်ဟာ မြို့ပေါ်ကို တိမ်းရှောင်လာကြတာဖြစ်ပါတယ်။

ဒီလ ၁၇ရက်နေ့ကတော့ ကြူကုတ်(ပန်ဆိုင်း)ဘက်ကို စစ်ကောင်စီဘက်က တင့်ကား ၂စီး၊ စစ်သည်တင်ယာဉ် အစီး ၃၀လောက် ထပ်မံရောက်လာခဲ့ပါတယ်။

၁၈ရက်နေ့မှာ မုံးကိုးအနီး ဟေမိုးလုံဘက်မှာ လက်နက်ကြီး ပစ်ခတ်သံတွေ ၁နာရီကျော်လောက် ကြားရကြောင်း မုံးကိုးမြို့က စစ်ရှောင်နေသူက ပြောပါတယ်။

“အရင်ရက်မှာတော့ ဟိုမှာ ဟေမိုးလုံဘက် ဖြစ်တယ်လို့ကြားနေရတာပေါ့။ အသံပဲ ကြားနေရတာပေါ့။ လက်နက်ကြီးသံပေါ့။ မနက် ၈နာရီကျော်ကျော်လောက်၊ တစ်နာရီခွဲလောက်ပါပဲဗျ။ ဖောင်းဆိုင်ဘက်တော့ ဘာမှ မကြားဘူးဗျ။ ”

အဲဒီနေ့မှာပဲ ကြူကုတ်(ပန်ဆိုင်း)အနီးမှာလည်း တိုက်ပွဲဖြစ်ပွားတာတွေ ရှိတယ်လို့ ပန်ဆိုင်း ဒေသခံတစ်ဦးက ပြောပါတယ်။

“ မနေ့နဲ့ ဒီကနေ့ကတော့ အေးဆေးပဲ။ အသံမမြည်ဘူး။ ဟိုးတနေ့ကတော့ မြည်တယ်။ ရွာထဲမှာပဲ။ ဒီ ခလွန်နဲ့ ကောင်းချီးကြားပေါ့။ အဲဒီရွာ နှစ်ခုရဲ့ ကြားမှာ တိုက်ပွဲဖြစ်တယ်။ နာရီဝက်လောက်။”

MNDAA ကိုးကန့်အဖွဲ့ရဲ့ ပြန်ကြားရေး လူမှုကွန်ယက်စာမျက်နှာမှာတော့ ဒီလ ၁၈ရက်နေ့ မုံးကိုးမြို့ အနီး ဟေမိုးလုံအနီးတစ်နေရာနဲ့ ပန်ဆိုင်းမြို့အနီးမှာ ၃နေရာ စုစုပေါင်း တိုက်ပွဲ ၄နေရာဖြစ်ကြောင်း ဖော်ပြထား ပါတယ်။

ကြူကုတ်(ပန်ဆိုင်း)၊ မုံးကိုးဒေသနဲ့ ဆက်စပ်နေတဲ့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြောက်ပိုင်းကိုလည်း စစ်ကောင်စီဘက်က တပ်တွေ အင်အားတိုးချဲ့လာနေကြောင်းလည်း ဖော်ပြထားပါတယ်။

ဒေသခံတွေကတော့ မုံးကိုးမြို့ဘက်မှာ တိုက်ပွဲတွေ ပိုပြင်းထန်းနိုင်ကြောင်း ခန့်မှန်းသလို တိုက်ပွဲတွေ ပြင်းထန်လာလို့ စစ်ရှောင်တွေ ပိုမိုများပြားလာရင် Covid 19 ရောဂါ ကူးစက်မှု မြင့်တက်လာမှာကို လည်း စိုးရိမ်နေကြပါတယ်။

ဇူလိုင်လဆန်းပိုင်းကတည်းကစတင်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ကြူကုတ်(ပန်ဆိုင်း)အနီး ဖိုင်ကောင်းကျေးရွာ အုပ်စု က လူ ၁၄၀၀လောက်ဟာ တရုတ် မြန်မာနယ်စပ်မှာ တိမ်းရှောင်နေရသလို မုန်းကိုးအနီးရွာတွေက လူ ၇၀၀လောက်ဟာလည်း မုံးကိုးမြို့ပေါ်မှာ ခိုလှုံနေကြတာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG