သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကာလ သက္တမ္း ၈၅ႏွစ္ၾကာ ဂ်ဳိးျဖဴပိုက္လိုင္းႀကီးက ကမၻာလွည့္ခရီးသြားေတြ စဲြေဆာင္ေန


သက္တမ္း ၈၅ႏွစ္ရွိၿပီျဖစ္တဲ့ ဂ်ဳိးျဖဴပိုက္လိုင္းႀကီး

(Zawgyi/Unicode)

ျမန္မာႏုိင္ငံ ရန္ကုန္ၿမိဳ႕က သက္တမ္း ၈၅ ႏွစ္ရွိၿပီျဖစ္တဲ့ ဂ်ိဳးျဖဴပိုက္လိုင္းတေလွ်ာက္ လမ္းေလွ်ာက္တာက ကမာၻ႔လွည့္ခရီးသည္ေတြၾကား ေရပန္းစားလာေနပါတယ္။ ဒါက ကမာၻ႔လွည့္ခရီးသည္ေတြအတြက္ ထူးျခားတဲ့ အေတြ႔အႀကဳံတခုလည္း ျဖစ္ေစတဲ့ အေၾကာင္း ႐ုိက္တာ သတင္းေဆာင္းပါးကို အေျခခံၿပီး ကိုရန္ႏုိင္ ေျပာျပေပးမွာျဖစ္ပါတယ္။

ရန္ကုန္ၿမိဳ႕ က လူဦးေရ ၄ သန္းခဲြကို ေရေပးေ၀ေနတဲ့ ဂ်ိဳးျဖဴပိုက္လိုင္းႀကီးဟာ ရန္ကုန္ၿမိဳ႕ရဲ႕ ပင္မအသက္ေသြးေၾကာႀကီးတခုလို႔ ေျပာရမွာျဖစ္ပါတယ္။ ဂ်ိဳးျဖဴပုိက္လိုက္ႀကီးကို ဒုတိယကမာၻစစ္မတုိင္ခင္ ၁၉၃၅ ခုႏွစ္ ၿဗိတိသွ်အစိုးရလက္ထက္မွာ သြယ္တန္းေဆာက္လုပ္ ခဲ့တာျဖစ္္တာေၾကာင့္ သက္တမ္းအားျဖင့္ ၈၅ ႏွစ္ ရွိသြားၿပီျဖစ္ပါတယ္။ ပိုက္လိုင္းတေလွ်ာက္မွာ ေနထုိင္တဲ့သူေတြအတြက္ ဒီေပၚမွာ ေျပးလႊားေဆာ့ကစားတာေတြ၊ ေလွ်ာက္သြားတာေတြရွိေပမယ့္ ၊ လူအေတာ္မ်ားမ်ားကေတာ့ မလုပ္ဖူးၾကပါဘူး။ ဒါေပမဲ့လည္း ဒီပိုက္လိုင္းႀကီးဟာ အခုအခါမွာေတာ့ ကမာၻလွည့္ခရီးသည္ေတြနဲ႔ ျမန္မာႏုိင္ငံမွာေနတဲ့ ႏုိင္ငံျခားသားေတြအတြက္ စိတ္၀င္စားစရာ ေနရာတခုျဖစ္လာေနတယ္လို႔ Uncharted Horizons Myanmar ခရီးသြားလုပ္ငန္းတည္ေထာင္သူ Jochen Meissner က ေျပာပါတယ္။

အထူးသျဖင့္ COVID- 19 ကပ္ေရာဂါကာလ အတြင္း အိမ္ထဲကေန အျပင္မထြက္ရဘဲေနေနတဲ့သူေတြအတြက္ေတာ့ ၆ ေပေက်ာ္္ျမင့္တဲ့ ဒီပိုက္လိုင္းေပၚကေနေလွွ်ာက္တာက ျပင္ပသဘာ၀နဲ႔ ထိေတြ႔ခြင့္ရသလို၊ ထူးျခားတဲ့ အေတြ႔အႀကံဳတခုလည္းရေစတဲ့ စိတ္၀င္စားတဲ့သူေတြ ပိုမ်ားလာေနတယ္လို႔ Jochen Meissner က ေျပာပါတယ္။

“ၿပီးခဲ့တဲ့မတ္လက္စၿပီး အခုခ်ိန္ထိ က်ေနာ္တုိ႔ဟာ ရန္ကုန္ၿမိဳ႕မွာ အျပင္မထြက္ပဲ ေနခဲ့ရတာပါ။ က်ေနာ္တုိ႔အားလုံးဟာ ပတ္၀န္းက်င္သဘာ၀ေတြ ေလေကာင္းေလသန္႔ေတြ၊ နဲ႔ စြန္႔စားမႈအသစ္ေတြကို လုပ္ခ်င္ေနတာပါ။ က်ေနာ္တုိ႔ထဲက တစ္ေယာက္က အခုလို ဂ်ိဳးျဖဴပိုက္ႀကီးေပၚမွာ လမ္းေလွ်ာက္သြားဖို႔ စိတ္ကူးကိုရခဲ့တာပါ။ တကယ္ေတာ့ ဒီပိုက္လုံးႀကီးက ဘယ္ကေန ဘယ္ကိုသြားတယ္ဆုိတာလည္း က်ေနာ္တုိ႔မသိပါဘူး။ ဒါေၾကာင့္ ဒီပုိက္လုံးႀကီးေပၚကေန ေလွ်ာက္ၿပီးၾကည့္ရတာ ေကာင္းပါတယ္။”

ျမန္မာႏုိင္ငံမွာ ေနေနတဲ့ Olivier Moubon ကေတာ့ ကမာၻ႔လွည့္ခရီးသြားေတြ ပုံမွန္အသြားအလာမ်ားတဲ့ေနရာေတြ မဟုတ္တဲ့အထဲမွာေတာ့ ဒါက ထူးျခားၿပီး စိတ္၀င္စားဖို႔ ေကာင္းတဲ့ ခရီးစဥ္တခုျဖစ္တယ္လို႔ေျပာပါတယ္။

“ကမာၻ႔လွည့္ခရီးသြားအေတာ္မ်ားမ်ားကေတာ့ ရန္ကုန္ကိုလာလည္တဲ့အခါ၊ ေရႊတိဂုံဘုရားတုိ႔ ဆူးေလဘုရားတုိ႔႔ ျပည္သူရင္ျပင္တုိ႔လို နာမည္ႀကီးေနရာေတြကိုသြားၾကပါတယ္။ ဒါေပမဲ့ ဒီဟာကေတာ့ တကယ္ကို ထူးျခားပါတယ္။ ႏုိင္ငံျခားသား ခရီးသြားေတြထဲက ဒါကိုလုပ္ဖူးတဲ့သူက သိပ္မရွိပါဘူး။ ဒါေၾကာင့္ အခုလို သက္တမ္း ၈၀ ေက်ာ္ရွိၿပီျဖစ္တဲ့ ပိုက္လုိင္းေပၚမွာလမ္းေလွ်ာက္ရတာ ထူးျခားတဲ့ အေတြ႔အႀကဳံတခုျဖစ္ၿပီး၊ ကံေကာင္းတယ္လို႔ ခံစားရပါတယ္။”

ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာင္စီရဲ႕ အဆုိအရေတာ့ ဒီ ဂ်ိဳးျဖဴပိုက္လိုင္းႀကီးဟာ ဒုတိယကမာၻစစ္အတြင္းမွာလည္း ဘာမွမျဖစ္ခဲ့သလို၊ ၂၀၀၇ ခုႏွစ္က ျပင္းအား ၅.၇ ရွိတဲ့ ငလ်င္လႈပ္တုန္းကလည္း ဘာမွထိခိုက္ပ်က္စီးမႈမရွိခဲဘူးလို႔ ေျပာပါတယ္။ ဒီပိုက္လိုင္းႀကီးဟာ ၄၅ မိုင္ေလာက္ရွည္ၿပီး၊ ၊ ေျမာက္ဘက္ ဂ်ိဳးျဖဴေရေလွာင္တမံကေန ရန္ကုန္ၿမိဳ႕ ျပင္က ဆင္ေျခဖုံးေဒသေတြ အပါအ၀င္ လူေနရပ္ကြက္ေတြကို ျဖတ္ၿပီး ရန္ကုန္ုၿမိဳ႕ကို သြယ္တန္းထားတာျဖစ္ပါတယ္။

ကမာၻ႔လွည့္ခရီးသည္ေတြ အဲဒီလိုသြားတဲ့အခါမွာလည္း ပိုက္လုံးႀကီးေဘးမွာ ေနၾကတဲ့ လူေနရပ္ကြက္ေတြ ေနအိမ္ေတြမွာရွိတဲ့သူေတြကို သူတုိ႔ကို စိတ္၀င္တစားနဲ႔ ၾကည့္ခဲ့ ၾကပါတယ္။ ပိုက္လိုင္းတေလွ်ာက္ လမ္းေလွ်ာက္တဲ့သူေတြဟာ တခ်ိဳ႕ ေနရာေတြမွာ ေရေတြပန္းထြက္ေနတဲ့ ေရထိန္းပိုက္ေခါင္း၊ လမ္းေတြ တံတားေတြ၊ ေနာက္ မီတာအနည္းငယ္နက္တဲ့ ေရေျမာင္းႀကီးေတြကို ျဖတ္ရတာေတြ ရွိၿပီး စိတ္လႈပ္ရွားဖို႔ ေကာင္းတယ္လို႔ ျပည္တြင္းခရီးသြား ကိုေက်ာ္ဇင္လတ္က ေျပာပါတယ္။

“ဒါက က်ေနာ္တို႔အတြက္ေတာ့ လိုအပ္တာေပါ့ ဘာျဖစ္လို႔လဲဆိုေတာ့ COVID ကာလ တလလံုးလံုး အိမ္ထဲမွာ နားေနရတဲ့အခ်ိန္ အခုလို COVID ကာလ လြန္တဲ့အခါမွာ ဒီလို လမ္းေလွ်ာက္ရတာ အရမ္းလည္း စိတ္လႈပ္ရွားတယ္ ။ အခု ပထမဦးဆံုးအႀကိမ္လမ္းေလွ်ာက္တာဆိုေတာ့ စိတ္လည္းလႈပ္ရွားတယ္ ေပ်ာ္လည္း ေပ်ာ္ဖို႔ ေကာင္းပါတယ္။”

အခုလို ပိုက္လိုင္းႀကီးေပၚမွာ ေလွ်ာက္ရတာက ကမာၻ႔လွည့္ခရီးသည္ေတြကို စဲြေဆာင္ႏုိင္တဲ့ အရာတခုျဖစ္လာႏုိင္တာေၾကာင့္၊ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္ကလည္း ပိုက္လိုင္းေဘး ၀ဲယာတစ္ေလွွ်ာက္မွာရွိတဲ့ ခ်ဳံႏြယ္ သစ္ပင္ေတြကို ရွင္းလင္းတာေတြလုပ္လာေနတယ္လို႔ ေျပာပါတယ္။ အခုေလာေလာဆယ္မွာေတာ့ ကမာၻတ၀ွမ္း COVID-19 ကပ္ေရာဂါေၾကာင့္ ၊ ျမန္မာႏုိင္ငံမွာလည္း ေရာဂါကူးစက္မႈေတြ မပ်ံႏွံရေအာင္ ကန္႔သတ္မွႈေတြခ်ထားတဲ့အတြက္ လူေတြသိပ္မလာႏုိင္ေသးေပမယ့္၊ ေနာက္ပိုင္း ေရာဂါကူးစက္မႈေတြ မစိုးရိမ္ရေတာ့တဲ့အခ်ိန္မွာေတာ့ ပုိက္လုံးႀကီးေပၚမွာ သြားလာမယ့္ ကမာၻ႔လွည့္ခရီးသြားေတြ ပိုမ်ားလာမယ့္လို႔ ေမွ်ာ္လင့္ရေၾကာင္းပါ။

တိုက္႐ိုက္ လင့္ခ္

...........

(Unicode)

မြန်မာနိုင်ငံ ရန်ကုန်မြို့က သက်တမ်း ၈၅ နှစ်ရှိပြီဖြစ်တဲ့ ဂျိုးဖြူပိုက်လိုင်းတလျှောက် လမ်းလျှောက်တာက ကမ္ဘာ့လှည့်ခရီးသည်တွေကြား ရေပန်းစားလာနေပါတယ်။ ဒါက ကမ္ဘာ့လှည့်ခရီးသည်တွေအတွက် ထူးခြားတဲ့ အတွေ့အကြုံတခုလည်း ဖြစ်စေတဲ့ အကြောင်း ရိုက်တာ သတင်းဆောင်းပါးကို အခြေခံပြီး ကိုရန်နိုင် ပြောပြပေးမှာဖြစ်ပါတယ်။

ရန်ကုန်မြို့ က လူဦးရေ ၄ သန်းခွဲကို ရေပေးဝေနေတဲ့ ဂျိုးဖြူပိုက်လိုင်းကြီးဟာ ရန်ကုန်မြို့ရဲ့ ပင်မအသက်သွေးကြောကြီးတခုလို့ ပြောရမှာဖြစ်ပါတယ်။ ဂျိုးဖြူပိုက်လိုက်ကြီးကို ဒုတိယကမ္ဘာစစ်မတိုင်ခင် ၁၉၃၅ ခုနှစ် ဗြိတိသျှအစိုးရလက်ထက်မှာ သွယ်တန်းဆောက်လုပ် ခဲ့တာဖြစ်တာကြောင့် သက်တမ်းအားဖြင့် ၈၅ နှစ် ရှိသွားပြီဖြစ်ပါတယ်။ ပိုက်လိုင်းတလျှောက်မှာ နေထိုင်တဲ့သူတွေအတွက် ဒီပေါ်မှာ ပြေးလွှားဆော့ကစားတာတွေ၊ လျှောက်သွားတာတွေရှိပေမယ့် ၊ လူအတော်များများကတော့ မလုပ်ဖူးကြပါဘူး။ ဒါပေမဲ့လည်း ဒီပိုက်လိုင်းကြီးဟာ အခုအခါမှာတော့ ကမ္ဘာလှည့်ခရီးသည်တွေနဲ့ မြန်မာနိုင်ငံမှာနေတဲ့ နိုင်ငံခြားသားတွေအတွက် စိတ်ဝင်စားစရာ နေရာတခုဖြစ်လာနေတယ်လို့ Uncharted Horizons Myanmar ခရီးသွားလုပ်ငန်းတည်ထောင်သူ Jochen Meissner က ပြောပါတယ်။

အထူးသဖြင့် COVID- 19 ကပ်ရောဂါကာလ အတွင်း အိမ်ထဲကနေ အပြင်မထွက်ရဘဲနေနေတဲ့သူတွေအတွက်တော့ ၆ ပေကျော်မြင့်တဲ့ ဒီပိုက်လိုင်းပေါ်ကနေလျှောက်တာက ပြင်ပသဘာဝနဲ့ ထိတွေ့ခွင့်ရသလို၊ ထူးခြားတဲ့ အတွေ့အကြုံတခုလည်းရစေတဲ့ စိတ်ဝင်စားတဲ့သူတွေ ပိုများလာနေတယ်လို့ Jochen Meissner က ပြောပါတယ်။

“ပြီးခဲ့တဲ့မတ်လက်စပြီး အခုချိန်ထိ ကျနော်တို့ဟာ ရန်ကုန်မြို့မှာ အပြင်မထွက်ပဲ နေခဲ့ရတာပါ။ ကျနော်တို့အားလုံးဟာ ပတ်ဝန်းကျင်သဘာဝတွေ လေကောင်းလေသန့်တွေ၊ နဲ့ စွန့်စားမှုအသစ်တွေကို လုပ်ချင်နေတာပါ။ ကျနော်တို့ထဲက တစ်ယောက်က အခုလို ဂျိုးဖြူပိုက်ကြီးပေါ်မှာ လမ်းလျှောက်သွားဖို့ စိတ်ကူးကိုရခဲ့တာပါ။ တကယ်တော့ ဒီပိုက်လုံးကြီးက ဘယ်ကနေ ဘယ်ကိုသွားတယ်ဆိုတာလည်း ကျနော်တို့မသိပါဘူး။ ဒါကြောင့် ဒီပိုက်လုံးကြီးပေါ်ကနေ လျှောက်ပြီးကြည့်ရတာ ကောင်းပါတယ်။”

မြန်မာနိုင်ငံမှာ နေနေတဲ့ Olivier Moubon ကတော့ ကမ္ဘာ့လှည့်ခရီးသွားတွေ ပုံမှန်အသွားအလာများတဲ့နေရာတွေ မဟုတ်တဲ့အထဲမှာတော့ ဒါက ထူးခြားပြီး စိတ်ဝင်စားဖို့ ကောင်းတဲ့ ခရီးစဉ်တခုဖြစ်တယ်လို့ပြောပါတယ်။

“ကမ္ဘာ့လှည့်ခရီးသွားအတော်များများကတော့ ရန်ကုန်ကိုလာလည်တဲ့အခါ၊ ရွှေတိဂုံဘုရားတို့ ဆူးလေဘုရားတို့ ပြည်သူရင်ပြင်တို့လို နာမည်ကြီးနေရာတွေကိုသွားကြပါတယ်။ ဒါပေမဲ့ ဒီဟာကတော့ တကယ်ကို ထူးခြားပါတယ်။ နိုင်ငံခြားသား ခရီးသွားတွေထဲက ဒါကိုလုပ်ဖူးတဲ့သူက သိပ်မရှိပါဘူး။ ဒါကြောင့် အခုလို သက်တမ်း ၈၀ ကျော်ရှိပြီဖြစ်တဲ့ ပိုက်လိုင်းပေါ်မှာလမ်းလျှောက်ရတာ ထူးခြားတဲ့ အတွေ့အကြုံတခုဖြစ်ပြီး၊ ကံကောင်းတယ်လို့ ခံစားရပါတယ်။”

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကောင်စီရဲ့ အဆိုအရတော့ ဒီ ဂျိုးဖြူပိုက်လိုင်းကြီးဟာ ဒုတိယကမ္ဘာစစ်အတွင်းမှာလည်း ဘာမှမဖြစ်ခဲ့သလို၊ ၂၀၀၇ ခုနှစ်က ပြင်းအား ၅.၇ ရှိတဲ့ ငလျင်လှုပ်တုန်းကလည်း ဘာမှထိခိုက်ပျက်စီးမှုမရှိခဲဘူးလို့ ပြောပါတယ်။ ဒီပိုက်လိုင်းကြီးဟာ ၄၅ မိုင်လောက်ရှည်ပြီး၊ ၊ မြောက်ဘက် ဂျိုးဖြူရေလှောင်တမံကနေ ရန်ကုန်မြို့ ပြင်က ဆင်ခြေဖုံးဒေသတွေ အပါအဝင် လူနေရပ်ကွက်တွေကို ဖြတ်ပြီး ရန်ကုန်ုမြို့ကို သွယ်တန်းထားတာဖြစ်ပါတယ်။

ကမ္ဘာ့လှည့်ခရီးသည်တွေ အဲဒီလိုသွားတဲ့အခါမှာလည်း ပိုက်လုံးကြီးဘေးမှာ နေကြတဲ့ လူနေရပ်ကွက်တွေ နေအိမ်တွေမှာရှိတဲ့သူတွေကို သူတို့ကို စိတ်ဝင်တစားနဲ့ ကြည့်ခဲ့ ကြပါတယ်။ ပိုက်လိုင်းတလျှောက် လမ်းလျှောက်တဲ့သူတွေဟာ တချို့ နေရာတွေမှာ ရေတွေပန်းထွက်နေတဲ့ ရေထိန်းပိုက်ခေါင်း၊ လမ်းတွေ တံတားတွေ၊ နောက် မီတာအနည်းငယ်နက်တဲ့ ရေမြောင်းကြီးတွေကို ဖြတ်ရတာတွေ ရှိပြီး စိတ်လှုပ်ရှားဖို့ ကောင်းတယ်လို့ ပြည်တွင်းခရီးသွား ကိုကျော်ဇင်လတ်က ပြောပါတယ်။

“ဒါက ကျနော်တို့အတွက်တော့ လိုအပ်တာပေါ့ ဘာဖြစ်လို့လဲဆိုတော့ COVID ကာလ တလလုံးလုံး အိမ်ထဲမှာ နားနေရတဲ့အချိန် အခုလို COVID ကာလ လွန်တဲ့အခါမှာ ဒီလို လမ်းလျှောက်ရတာ အရမ်းလည်း စိတ်လှုပ်ရှားတယ် ။ အခု ပထမဦးဆုံးအကြိမ်လမ်းလျှောက်တာဆိုတော့ စိတ်လည်းလှုပ်ရှားတယ် ပျော်လည်း ပျော်ဖို့ ကောင်းပါတယ်။”

အခုလို ပိုက်လိုင်းကြီးပေါ်မှာ လျှောက်ရတာက ကမ္ဘာ့လှည့်ခရီးသည်တွေကို စွဲဆောင်နိုင်တဲ့ အရာတခုဖြစ်လာနိုင်တာကြောင့်၊ ရန်ကုန်မြို့တော်စည်ပင်ကလည်း ပိုက်လိုင်းဘေး ဝဲယာတစ်လျှောက်မှာရှိတဲ့ ချုံနွယ် သစ်ပင်တွေကို ရှင်းလင်းတာတွေလုပ်လာနေတယ်လို့ ပြောပါတယ်။ အခုလောလောဆယ်မှာတော့ ကမ္ဘာတဝှမ်း COVID-19 ကပ်ရောဂါကြောင့် ၊ မြန်မာနိုင်ငံမှာလည်း ရောဂါကူးစက်မှုတွေ မပျံနှံရအောင် ကန့်သတ်မှှုတွေချထားတဲ့အတွက် လူတွေသိပ်မလာနိုင်သေးပေမယ့်၊ နောက်ပိုင်း ရောဂါကူးစက်မှုတွေ မစိုးရိမ်ရတော့တဲ့အချိန်မှာတော့ ပိုက်လုံးကြီးပေါ်မှာ သွားလာမယ့် ကမ္ဘာ့လှည့်ခရီးသွားတွေ ပိုများလာမယ့်လို့ မျှော်လင့်ရကြောင်းပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG