သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ပိုးေတြ႕သူတိုးလာတဲ့ၾကား ကိုဗစ္ေရာဂါတိုက္ဖ်က္ေရး အခက္အခဲေတြရွိေန


ကိုဗစ္ေရာဂါနဲ ့ေသဆံုးသူတဦးအား ထိန္ပင္သုသာန္သို ့သယ္ယူလာစဥ္ (ဓာတ္ပံု - Sai Aung Min/ AFP)

(Zawgyi/Unicode)

ကိုဗစ္ကူးစက္သူ ခပ္စိပ္စိပ္ေတြ႕လာေနတဲ့ ေဒသေတြမွာ ေရာဂါတိုက္ဖ်က္ေရးအတြက္ အခက္အခဲေတြ ရွိေနပါတယ္။ ကပ္ေရာဂါထိန္းခ်ဳပ္ႏိုင္ဖို႔ အသြားအလာကန္႔သတ္ထားတဲ့ လက္ပံတန္းၿမိဳ႕မွာဆိုရင္လည္း ပိုးေတြ႕လူနာတခ်ိဳ႕ ထြက္ေျပးတာေတြ ရွိေနပါတယ္။ မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕မွာေတာ့ အေဆာင္အတူေန တကၠသိုလ္ေက်ာင္းသူ ၁၇ဦး အစုလိုက္ ကိုဗစ္ကူးစက္ခံခဲ့ရပါတယ္။ ျမန္မာျပည္တြင္း ကပ္ေရာဂါကူးစက္မႈ အေျခအေနေတြနဲ႔ပတ္သက္လို႔ ရန္ကုန္ကလာတဲ့ သတင္းအျပည့္အစုံကို မခင္ျဖဴေထြး ေျပာျပမွာပါ။

ေဒသတြင္း ကပ္ေရာဂါကူးစက္မႈ ထိန္းခ်ဳပ္ႏိုင္ဖို႔ အသြားအလာကန္႔သတ္ထားတဲ့ ပဲခူးတိုင္း၊ လက္ပံတန္းၿမိဳ႕မွာ ေရာဂါပိုးကူးစက္ခံရသူဦးေရ ၂၀၀ အထိရွိလာၿပီး ေသဆုံးသူကေတာ့ ၂ဦး ရွိထားပါတယ္။ ဒါဟာ ၁၄ရက္တာကာလအတြင္း ေရာဂါကူးစက္ခံရမႈ အေျခအေနပါ။ ေရာဂါကူးစက္သူဦးေရ တိုးလာေနတာေၾကာင့္ လက္ပံတန္းၿမိဳ႕အတြင္းမွာရွိတဲ့ အေျခခံပညာသင္ေက်ာင္းေတြကို ရက္အကန္႔အသတ္မရွိ ပိတ္လိုက္ၿပီး၊ ၿမိဳ႕မေစ်းကိုလည္း အသြားအလာကန္႔သတ္ထားပါတယ္။ ေရာဂါသံသယရွိသူေတြကို ေန႔စဥ္စစ္ေဆးေနၿပီး၊ ပိုးေတြ႕သူနဲ႔ ဆက္စပ္သူေတြကို စစ္ေဆးရာမွာေတာ့ တခ်ိဳ႕က ေဆးစစ္မခံဘူးလို႔ သိရပါတယ္။ ဒီေန႔မွာေတာ့ ပိုးေတြ႕လူနာတခ်ိဳ႕ သူတို႔မွာေရာဂါပိုးရွိတာ သိတာနဲ႔တၿပိဳင္နက္ ထြက္ေျပးသြားတယ္လို႔ လက္ပံတန္း ကိုဗစ္တိုက္ဖ်က္ေရး တာဝန္ရွိသူတဦးက ဗြီအိုေအကိုေျပာပါတယ္။

"ပိုးေတြ႕တယ္ဆိုေရာ ဆိုင္ကယ္ေမာင္းၿပီး ထြက္ေျပးလို႔ အခုပဲ အုပ္ခ်ဳပ္ေရးမႉးေတြ၊ ရဲေတြ အေၾကာင္းၾကားၿပီးေတာ့ အတင္းလုပ္ေနရတယ္။ စူပါကုမၸဏီေပါ့ေနာ္ အဲဒီကုမၸဏီက ေနာက္ဝန္ထမ္းေတြ အကုန္လုံးထြက္ေျပးကုန္တယ္။ က်ေနာ္တို႔မွာ အခက္အခဲေတြ အမ်ားႀကီးပဲျဖစ္ေနတယ္။ Stay Home ေတာင္မွ ဒီတိုင္းႀကီးပဲ၊ ပုံမွန္အတိုင္းပဲ လည္ပတ္ေနၾကတာပဲ။ သိပ္ၿပီးေတာ့ မေလးစားေတာ့ဘူး ျဖစ္သြားၿပီ။"

တပတ္တာကာလအတြင္း ပိုးေတြ႕လူနာ ၂၀၀ နီးပါးရွိေနတဲ့ မြန္ျပည္နယ္မွာေတာ့ ေမာ္လၿမိဳင္တကၠသိုလ္မွာ တက္ေရာက္ေနတဲ့ အေဆာင္အတူေန ေက်ာင္းသူ ၁၇ဦးမွာ ကိုဗစ္ပိုးေတြ႕ခဲ့ပါတယ္။ သူတို႔ကို ေဆး႐ုံတင္ကုသမႈေပးေနၿပီး စာေမးပြဲကိုလည္း ေဆး႐ုံတက္ရင္း ေျဖဖို႔အတြက္ ေဆာင္႐ြက္ေနတယ္လို႔ မြန္ျပည္နယ္ လူမႈကယ္ဆယ္ေရးအဖြဲ႕ တာဝန္ရွိသူက ဗြီအိုေအကိုေျပာပါတယ္။

"တကၠသိုလ္ေက်ာင္းသူတဦး အနံ႔ေပ်ာက္ၿပီး စစ္ေတာ့ သူတို႔ကအေဆာင္မွာေနတဲ့အခါက်ေတာ့ တေဆာင္လုံးက စုၿပီးေနၾကတာဆိုေတာ့ အကုန္လုံးကိုစစ္လိုက္တဲ့ အခါက်ေတာ့ က်န္တဲ့သူ ၁၆ေယာက္မွာပါ ပိုးကူးစက္ခံထားရတာ ေတြ႕တာေပါ့။ အခုလက္ရွိေတာ့ သူတို႔ကို ေမာ္လၿမိဳင္ေဆး႐ုံမွာ ေဆးကုသမႈခံယူေနတယ္။ စာေမးပြဲေျဖလို႔ရွိရင္လည္း အဲဒီမွာပဲေျဖဖို႔ ပါေမာကၡခ်ဳပ္တို႔ ဘာတို႔လည္း က်န္းမာေရးဌာနနဲ႔ ေပါင္းၿပီးေတာ့ စီစဥ္ထားတယ္လို႔ သိရတယ္ဗ်။"

ကိုဗစ္လူနာေတြကို သီးသန္႔ထား ကုသေပးဖို႔ ႀကိဳတင္ျပင္ဆင္ထားတဲ့ေနရာေတြ မလုံေလာက္လို႔ ေနရာသစ္ထပ္ရွာေနရတယ္လို႔လည္း တာဝန္ရွိသူကေျပာပါတယ္။

"အခုလက္ရွိ တပတ္ေတာအတြင္းမွာတင္ ကိုဗစ္လူနာက ၁၅၀ ေက်ာ္ - ၂၀၀ နီးပါးရွိၿပီဗ်။ အဲအတြက္ေၾကာင့္ ေဆး႐ုံႀကီးျပန္ဖြင့္တာလည္း ၃ရက္ေလာက္ပဲရွိေသးတာေလ၊ ဒီကိုဗစ္ကုသေဆာင္ေတြ ျပန္ဖြင့္တာ။ လူအေယာက္ ၂၀၀ စာ ျပင္ထားတာ အခုခ်က္ခ်င္းႀကီး လူနာက ျပည့္မတတ္ျဖစ္သြားတဲ့အခါက်ေတာ့ ေနာက္ထပ္ကိုဗစ္ျဖစ္တဲ့လူနာေတြ ထပ္ၿပီးကုသဖို႔အတြက္ က်န္းမာေရးအဖြဲ႕ကေနၿပီးေတာ့ ေနရာအသစ္ေတြ ရွာေနတယ္လို႔ေတာ့ သိရတာေပါ့ေနာ္။"

စစ္အာဏာသိမ္းၿပီးေနာက္ ကိုဗစ္စစ္ေဆးမႈ အေျခအေနေတြ ပုံမွန္မလည္ပတ္ႏိုင္ေတာ့ေပမဲ့ အခုေနာက္ပိုင္းမွာ ပိုးေတြ႕သူေတြ ျပန္မ်ားလာေနလို႔ ႏိုင္ငံေရးအခက္အခဲေတြၾကားက ျပည္သူေတြထပ္ၿပီး ဒုကၡမေရာက္ဖို႔ကို ကိုဗစ္တိုက္ဖ်က္ေရး တာဝန္ရွိသူေတြက သတိေပးေနပါတယ္။ ေရာဂါကာကြယ္ေရးအတြက္ ပါးစပ္နဲ႔ႏွာေခါင္းစည္း စနစ္တက်တပ္ဖို႔ကိုလည္း တိုက္တြန္းထားပါတယ္။

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဇြန္လ ၂၀ရက္၊ ည ၈နာရီ ထုတ္ျပန္ထားတဲ့စာရင္းအရ ျပည္တြင္းမွာ ပိုးေတြ႕လူနာအသစ္ ၄၀၇ ဦးနဲ႔ ေသဆုံးသူ ၄ ဦး ရွိခဲ့ပါတယ္။

.........................................................................

တိုက္႐ိုက္ လင့္ခ္


ပိုးတွေ့သူတိုးလာတဲ့ကြား ကိုဗစ်ရောဂါတိုက်ဖျက်ရေး အခက်အခဲတွေရှိနေ

(Unicode)

ကိုဗစ်ကူးစက်သူ ခပ်စိပ်စိပ်တွေ့လာနေတဲ့ ဒေသတွေမှာ ရောဂါတိုက်ဖျက်ရေးအတွက် အခက်အခဲတွေ ရှိနေပါတယ်။ ကပ်ရောဂါထိန်းချုပ်နိုင်ဖို့ အသွားအလာကန့်သတ်ထားတဲ့ လက်ပံတန်းမြို့မှာဆိုရင်လည်း ပိုးတွေ့လူနာတချို့ ထွက်ပြေးတာတွေ ရှိနေပါတယ်။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာတော့ အဆောင်အတူနေ တက္ကသိုလ်ကျောင်းသူ ၁၇ဦး အစုလိုက် ကိုဗစ်ကူးစက်ခံခဲ့ရပါတယ်။ မြန်မာပြည်တွင်း ကပ်ရောဂါကူးစက်မှု အခြေအနေတွေနဲ့ပတ်သက်လို့ ရန်ကုန်ကလာတဲ့ သတင်းအပြည့်အစုံကို မခင်ဖြူထွေး ပြောပြမှာပါ။

ဒေသတွင်း ကပ်ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ဖို့ အသွားအလာကန့်သတ်ထားတဲ့ ပဲခူးတိုင်း၊ လက်ပံတန်းမြို့မှာ ရောဂါပိုးကူးစက်ခံရသူဦးရေ ၂၀၀ အထိရှိလာပြီး သေဆုံးသူကတော့ ၂ဦး ရှိထားပါတယ်။ ဒါဟာ ၁၄ရက်တာကာလအတွင်း ရောဂါကူးစက်ခံရမှု အခြေအနေပါ။ ရောဂါကူးစက်သူဦးရေ တိုးလာနေတာကြောင့် လက်ပံတန်းမြို့အတွင်းမှာရှိတဲ့ အခြေခံပညာသင်ကျောင်းတွေကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်ပြီး၊ မြို့မဈေးကိုလည်း အသွားအလာကန့်သတ်ထားပါတယ်။ ရောဂါသံသယရှိသူတွေကို နေ့စဉ်စစ်ဆေးနေပြီး၊ ပိုးတွေ့သူနဲ့ ဆက်စပ်သူတွေကို စစ်ဆေးရာမှာတော့ တချို့က ဆေးစစ်မခံဘူးလို့ သိရပါတယ်။ ဒီနေ့မှာတော့ ပိုးတွေ့လူနာတချို့ သူတို့မှာရောဂါပိုးရှိတာ သိတာနဲ့တပြိုင်နက် ထွက်ပြေးသွားတယ်လို့ လက်ပံတန်း ကိုဗစ်တိုက်ဖျက်ရေး တာဝန်ရှိသူတဦးက ဗွီအိုအေကိုပြောပါတယ်။

"ပိုးတွေ့တယ်ဆိုရော ဆိုင်ကယ်မောင်းပြီး ထွက်ပြေးလို့ အခုပဲ အုပ်ချုပ်ရေးမှူးတွေ၊ ရဲတွေ အကြောင်းကြားပြီးတော့ အတင်းလုပ်နေရတယ်။ စူပါကုမ္ပဏီပေါ့နော် အဲဒီကုမ္ပဏီက နောက်ဝန်ထမ်းတွေ အကုန်လုံးထွက်ပြေးကုန်တယ်။ ကျနော်တို့မှာ အခက်အခဲတွေ အများကြီးပဲဖြစ်နေတယ်။ Stay Home တောင်မှ ဒီတိုင်းကြီးပဲ၊ ပုံမှန်အတိုင်းပဲ လည်ပတ်နေကြတာပဲ။ သိပ်ပြီးတော့ မလေးစားတော့ဘူး ဖြစ်သွားပြီ။"

တပတ်တာကာလအတွင်း ပိုးတွေ့လူနာ ၂၀၀ နီးပါးရှိနေတဲ့ မွန်ပြည်နယ်မှာတော့ မော်လမြိုင်တက္ကသိုလ်မှာ တက်ရောက်နေတဲ့ အဆောင်အတူနေ ကျောင်းသူ ၁၇ဦးမှာ ကိုဗစ်ပိုးတွေ့ခဲ့ပါတယ်။ သူတို့ကို ဆေးရုံတင်ကုသမှုပေးနေပြီး စာမေးပွဲကိုလည်း ဆေးရုံတက်ရင်း ဖြေဖို့အတွက် ဆောင်ရွက်နေတယ်လို့ မွန်ပြည်နယ် လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူက ဗွီအိုအေကိုပြောပါတယ်။

"တက္ကသိုလ်ကျောင်းသူတဦး အနံ့ပျောက်ပြီး စစ်တော့ သူတို့ကအဆောင်မှာနေတဲ့အခါကျတော့ တဆောင်လုံးက စုပြီးနေကြတာဆိုတော့ အကုန်လုံးကိုစစ်လိုက်တဲ့ အခါကျတော့ ကျန်တဲ့သူ ၁၆ယောက်မှာပါ ပိုးကူးစက်ခံထားရတာ တွေ့တာပေါ့။ အခုလက်ရှိတော့ သူတို့ကို မော်လမြိုင်ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်။ စာမေးပွဲဖြေလို့ရှိရင်လည်း အဲဒီမှာပဲဖြေဖို့ ပါမောက္ခချုပ်တို့ ဘာတို့လည်း ကျန်းမာရေးဌာနနဲ့ ပေါင်းပြီးတော့ စီစဉ်ထားတယ်လို့ သိရတယ်ဗျ။"

ကိုဗစ်လူနာတွေကို သီးသန့်ထား ကုသပေးဖို့ ကြိုတင်ပြင်ဆင်ထားတဲ့နေရာတွေ မလုံလောက်လို့ နေရာသစ်ထပ်ရှာနေရတယ်လို့လည်း တာဝန်ရှိသူကပြောပါတယ်။

"အခုလက်ရှိ တပတ်တောအတွင်းမှာတင် ကိုဗစ်လူနာက ၁၅၀ ကျော် - ၂၀၀ နီးပါးရှိပြီဗျ။ အဲအတွက်ကြောင့် ဆေးရုံကြီးပြန်ဖွင့်တာလည်း ၃ရက်လောက်ပဲရှိသေးတာလေ၊ ဒီကိုဗစ်ကုသဆောင်တွေ ပြန်ဖွင့်တာ။ လူအယောက် ၂၀၀ စာ ပြင်ထားတာ အခုချက်ချင်းကြီး လူနာက ပြည့်မတတ်ဖြစ်သွားတဲ့အခါကျတော့ နောက်ထပ်ကိုဗစ်ဖြစ်တဲ့လူနာတွေ ထပ်ပြီးကုသဖို့အတွက် ကျန်းမာရေးအဖွဲ့ကနေပြီးတော့ နေရာအသစ်တွေ ရှာနေတယ်လို့တော့ သိရတာပေါ့နော်။"

စစ်အာဏာသိမ်းပြီးနောက် ကိုဗစ်စစ်ဆေးမှု အခြေအနေတွေ ပုံမှန်မလည်ပတ်နိုင်တော့ပေမဲ့ အခုနောက်ပိုင်းမှာ ပိုးတွေ့သူတွေ ပြန်များလာနေလို့ နိုင်ငံရေးအခက်အခဲတွေကြားက ပြည်သူတွေထပ်ပြီး ဒုက္ခမရောက်ဖို့ကို ကိုဗစ်တိုက်ဖျက်ရေး တာဝန်ရှိသူတွေက သတိပေးနေပါတယ်။ ရောဂါကာကွယ်ရေးအတွက် ပါးစပ်နဲ့နှာခေါင်းစည်း စနစ်တကျတပ်ဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဇွန်လ ၂၀ရက်၊ ည ၈နာရီ ထုတ်ပြန်ထားတဲ့စာရင်းအရ ပြည်တွင်းမှာ ပိုးတွေ့လူနာအသစ် ၄၀၇ ဦးနဲ့ သေဆုံးသူ ၄ ဦး ရှိခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG