သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၄နာရီအတွင်း ကိုဗစ်ဓါတ်ခွဲအတည်ပြု ၂၄၂၁ဦး၊သေဆုံး၇၆ဦး


နေပြည်တော်မှာ ကိုဗစ်ကာကွယ်ဆေးထိုးပေးစဉ် (ဒာတ်ပုံ- AP)
နေပြည်တော်မှာ ကိုဗစ်ကာကွယ်ဆေးထိုးပေးစဉ် (ဒာတ်ပုံ- AP)

(Zawgyi/Unicode)

ကျန်းမာရေးဝန်ကြီးဌာနက ဒီနေ့ စက်တင်ဘာလ ၁၄ ရက်နေ့ ည ၈ နာရီမှာထုတ်ပြန်တဲ့ စာရင်းအရ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲစမ်းသပ်မှုပေါင်း ၂၄,၈၂၂ ခုကို စစ်ဆေးခဲ့တာမှာ ရောဂါကူးစက်ထားသူ ၂,၄၂၁ ယောက်ရှိခဲ့ပြီး သေဆုံးသူက ၇၆ ယောက်ရှိတယ်လို့ ဖော်ပြထားပါတယ်။

အခုဆိုရင် နေ့စဉ် တရားဝင်ထုတ်ပြန်ချက်အရ သေဆုံးသူ ၁၀၀ အောက် လျော့ကျလာတာ ရက်အတော်ရှိလာပါပြီ။ ကျန်းမာရေးလုပ်သားတွေနဲ့ ပရဟိတကူညီသူတွေကတော့ ကိုဗစ်တတိယလှိုင်းအတွင်း အမှန်တကယ် သေဆုံးသူအရေအတွက်ဟာ တရားဝင်ထုတ်ပြန်တာထက် ပိုများနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

ဒီညအထိဆိုရင် ပိုးတွေ့သူစုစုပေါင်း ၄၃၆,၀၀၀ ကျော်၊ ဆေးရုံဆင်းသူ ၃၈၅,၀၀၀ ကျော်နဲ့ သေဆုံးသူပေါင်းက ၁၆,၆၉၃ ယောက်ရှိပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှ ၁၀ နိုင်ငံထဲမှာ COVID-19 ရောဂါ ကူးစက်သူအရေအတွက်အရ ဆဋ္ဌမ အများဆုံးနိုင်ငံဖြစ်ပေမယ့် သေဆုံးသူအရေအတွက်မှာတော့ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ မလေးရှားနိုင်ငံတွေပြီးရင် စတုတ္ထအများဆုံးနိုင်ငံဖြစ်ပါတယ်။

ကိုဗစ်ရောဂါကူးစက်မှု ထိန်းချုပ်ရေးအတွက်ဆိုပြီး ပုဂ္ဂလိကကျောင်းတွေနဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေအပါအဝင် အခြေခံပညာကျောင်းတွေအားလုံးကို စက်တင်ဘာလ ၁၃ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ သီတင်းနှစ်ပတ်ကြာ ဆက်ပြီး ပိတ်ထားမယ့်အကြောင်းလည်း စစ်ကောင်စီက ကြေညာထားပါတယ်။

မလိုအပ်ဘဲ အိမ်ပြင်မထွက် Stay-At-Home ညွှန်ကြားချက်ထုတ်ထားတဲ့ မြို့နယ်ပေါင်းကလည်း ၁၁၉ မြို့နယ်ရှိသွားပြီဖြစ်ပါတယ်။

...........................................................................................

တိုက်ရိုက် လင့်ခ်



(Unicode)







XS
SM
MD
LG