သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ ကန္႔သတ္တားျမစ္ခ်က္ ျပန္႐ုပ္သိမ္းဖို႔ ဗီယက္နမ္ျပင္ဆင္ 


(Zawgyi/ Unicode)

ဗီယက္နမ္ႏိုင္ငံမွာ ကိုဗစ္ေၾကာင့္ Lock down အျပင္မထြက္ရတင္းၾကပ္ထားတဲ့အမိန္႕ကို အဓိကက်တဲ့ၿမိဳ႕ႀကီးေတြမွာ ဒီလကုန္ပိုင္း ေျဖေလွ်ာ့ေပးေတာ့မွာ ျဖစ္တဲ႔ အတြက္ ကာကြယ္ေဆးထိုးတာကို အရွိန္ႁမွင့္ေဆာင္ရြက္ေနတယ္လို႔ ဗီယက္နမ္အစိုးရက တနလၤာေန႔တုန္းကေျပာဆိုခဲ့ပါတယ္။

ဟႏြိဳင္းၿမိဳ့ေတာ္မွာဆိုရင္ က်န္းမာေရး၀န္ထမ္းေတြက ညလုံးေပါက္ကာကြယ္ေဆးထိုးတာေတြကိုျပုလုပ္ေပးေနပါတယ္။ ဟႏြိဳင္း ၿမိဳ႕ေတာ္မွာ ၿပီးခဲ့တဲ့ ဇူလိုင္လကတည္းက အျပင္မထြက္ရအမိန္႕ထုတ္ျပန္ထားခဲ့တာျဖစ္ပါတယ္။

ကာကြယ္ေဆးထိုးတာေတြကို က်ေနာ္တို႔အေနနဲ႕ အျမန္ဆုံးၿပီးေအာင္ေဆာင္ရြက္ရပါမယ္။ ဒါဆိုရင္ က်ေနာ္တို႔ ၿမိဳ႕ေတာ္ကိုျပန္ဖြင့္လို႔ရမွာပါ လို႔ ဟႏြိဳင္း ၿမိဳ႕ေတာ္၀န္ ကေျပာဆိုပါတယ္။ ၿပီးခဲ့တဲ့ ရက္သတၱပတ္အကုန္ပိုင္းမွာတင္ လူ ၁ သန္းေက်ာ္ေလာက္ကို ကာကြယ္ေဆးထိုးေပးခဲ့ပါတယ္။

လူဦးေရ ၆ သန္းနီးပါးရွိတဲ့ ဟႏြိဳင္းၿမိဳ႕ေတာ္မွာ ၈၀ ရာႏႈန္းေလာက္က ကာကြယ္ေဆး ပထမ တလုံး ထိုးထားၿပီးပါၿပီ။ ဒီရက္သတၱပတ္အကုန္မွာ ၁၀၀ ရာႏႈန္းထိုးၿပီးဖို႔ ရည္ရြယ္ထားပါတယ္။

ဟိုခ်ီမင္းၿမိဳ႕ေတာ္မွာေတာ့ လူဦးေရရဲ႕ ၉၅ ရာႏႈန္းဟာ ကာကြယ္ေဆးပထမ တလုံးထိုးထားၿပီးျဖစ္ပါတယ္။ ဒုတိယ တလုံးထိုးခ်င္ၾကေပမယ့္ ေဆးမလုံေလာက္တဲ့အတြက္ မထိုးရေသးသူေတြအမ်ားအျပားရွိေနပါတယ္။

အခုလို အရွိန္ႁမွင့္ေဆာင္ရြက္ေနေပမယ့္လည္း တႏိုင္ငံလုံးအတိုင္းအတာအရကေတာ့ ကာကြယ္ေဆးထိုးၿပီးသူ ၂၈ ရာႏႈန္းသာရွိၿပီး အျပည့္အ၀ထိုးၿပီးသူ ၄ ရာႏႈန္းဘဲရွိပါေသးတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ကိုဗစ် ကန့်သတ်တားမြစ်ချက် ပြန်ရုပ်သိမ်းဖို့ ဗီယက်နမ်ပြင်ဆင်

ဗီယက်နမ်နိုင်ငံမှာ ကိုဗစ်ကြောင့် Lock down အပြင်မထွက်ရတင်းကြပ်ထားတဲ့အမိန့်ကို အဓိကကျတဲ့မြို့ကြီးတွေမှာ ဒီလကုန်ပိုင်း ဖြေလျှော့ပေးတော့မှာ ဖြစ်တဲ့ အတွက် ကာကွယ်ဆေးထိုးတာကို အရှိန်မြှင့်ဆောင်ရွက်နေတယ်လို့ ဗီယက်နမ်အစိုးရက တနင်္လာနေ့တုန်းကပြောဆိုခဲ့ပါတယ်။

ဟနွိုင်းမြို့တော်မှာဆိုရင် ကျန်းမာရေးဝန်ထမ်းတွေက ညလုံးပေါက်ကာကွယ်ဆေးထိုးတာတွေကိုပြုလုပ်ပေးနေပါတယ်။ ဟနွိုင်း မြို့တော်မှာ ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက အပြင်မထွက်ရအမိန့်ထုတ်ပြန်ထားခဲ့တာဖြစ်ပါတယ်။

ကာကွယ်ဆေးထိုးတာတွေကို ကျနော်တို့အနေနဲ့ အမြန်ဆုံးပြီးအောင်ဆောင်ရွက်ရပါမယ်။ ဒါဆိုရင် ကျနော်တို့ မြို့တော်ကိုပြန်ဖွင့်လို့ရမှာပါ လို့ ဟနွိုင်း မြို့တော်ဝန် ကပြောဆိုပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်အကုန်ပိုင်းမှာတင် လူ ၁ သန်းကျော်လောက်ကို ကာကွယ်ဆေးထိုးပေးခဲ့ပါတယ်။

လူဦးရေ ၆ သန်းနီးပါးရှိတဲ့ ဟနွိုင်းမြို့တော်မှာ ၈၀ ရာနှုန်းလောက်က ကာကွယ်ဆေး ပထမ တလုံး ထိုးထားပြီးပါပြီ။ ဒီရက်သတ္တပတ်အကုန်မှာ ၁၀၀ ရာနှုန်းထိုးပြီးဖို့ ရည်ရွယ်ထားပါတယ်။

ဟိုချီမင်းမြို့တော်မှာတော့ လူဦးရေရဲ့ ၉၅ ရာနှုန်းဟာ ကာကွယ်ဆေးပထမ တလုံးထိုးထားပြီးဖြစ်ပါတယ်။ ဒုတိယ တလုံးထိုးချင်ကြပေမယ့် ဆေးမလုံလောက်တဲ့အတွက် မထိုးရသေးသူတွေအများအပြားရှိနေပါတယ်။

အခုလို အရှိန်မြှင့်ဆောင်ရွက်နေပေမယ့်လည်း တနိုင်ငံလုံးအတိုင်းအတာအရကတော့ ကာကွယ်ဆေးထိုးပြီးသူ ၂၈ ရာနှုန်းသာရှိပြီး အပြည့်အဝထိုးပြီးသူ ၄ ရာနှုန်းဘဲရှိပါသေးတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG