သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကာကြယ္ေဆးထိုးႏွံၿပီး ျမန္မာ ၂ ဦး ေဘးထြက္ဆိုးျပစ္ မႀကံဳရ


(Zawgyi/Unicode)

အေမရိကန္ ျပည္ေထာင္စုမွာ အသံုးျပဳေနတဲ႔ Covid-19 ကာကြယ္ေဆး ၂ မ်ိဳး ျဖစ္တဲ႔ Pfizer နဲ႔ Moderna ထိုးထားၾကသူ ျမန္မာ အေမရိကန္ေတြကေတာ့ ေဘးထြက္ဆိုးက်ိဳး မခံစားရဘူးလို႔ ေျပာၾကပါတယ္။ COVID-19 ကာကြယ္ေဆးကို အခမဲ႔ ထိုးေပးေနေပမယ့္ ကာကြယ္ေဆးထိုးဖို႔ စိုးရိမ္ေနၾကသူေတြလည္း ရွိေနတာပါ။ မသိဂၤ ီထုိက္ စုစည္းတင္ျပေပးမွာပါ။

“ ဘာဆို ဘာမွ မျဖစ္ဘူး။ နည္းနည္းေလးေတာင္ မနာဘူး။ ပထမ Flu Shot ထိုးတုန္းက လက္ေမာင္းေတြ ေအာင့္ေသးတယ္ ဒီတခုကေတာ့ ဘာမွ မျဖစ္ဘူး။ ”

သက္ႀကီးေစာင့္ေရွာက္ေရး ေဂဟာမွာ အလုပ္လုပ္ေနတဲ႔ အေမရိကန္ ျပည္ေထာင္စု မယ္ရီလန္း ျပည္နယ္ေန ေဒၚေအးေအးၿငိမ္းရဲ႕ အေတြ႔အႀကံဳပါ။ သူက Pfizer နဲ႔ BioNTech ရဲ႕ Covid 19 ကာကြယ္ေဆးထိုးခဲ႔တာ သီတင္း သံုးပတ္ျပည့္လို႔ ဇန္န၀ါရီလ ၁၃ ရက္ေန႔မွာ ဒုတိယ အႀကိမ္ ထပ္ၿပီး ကာကြယ္ေဆးထိုးမွာပါ။ အေရးေပၚ အသံုးအျဖစ္ ခြင့္ျပဳလုိက္တဲ႔ Moderna ရဲ႕ Covid 19 ကာကြယ္ေဆးကို ၿပီးခဲ႔တဲ႔ ဇန္န၀ါရီလ ၈ ရက္ေန႔က ထိုးခဲ႔တဲ႔ ေဆးခန္း ၀န္ထမ္း မယ္ရီလန္း ျပည္နယ္မွာေနတဲ႔ ေဒၚေမသန္းကို ေမးထားပါတယ္။
ေဒၚေမသန္း။ ။ က်မက Health Worker ဆိုေတာ့ က်မက ထိုးခြင့္ရတာေပါ့ေနာ္ ေစာၿပီးေတာ့။

သိဂၤ ီထုိက္။ ။ ဘယ္ေဆးထိုးပါလဲရွင့္။

ေဒၚေမးသန္း။ ။ Moderna ပါ။

သိဂၤ ီထုိက္။ ။ အန္တီ ေဆးထုိးတာလည္း ရက္ပိုင္း ရွိၿပီ ဆိုေတာ့ ေဆးရဲ႕ ေဘးထြက္ဆိုးက်ိဳး ခံစားရတာ ရွိပါလား။

ေဒၚေမသန္း။ ။ လံုး၀ မရွိပါဘူးရွင့္။

ဒါေပမယ့္ ကာကြယ္ေဆး မထိုးသူေတြ ရွိေနပါတယ္။ သက္ႀကီးေစာင့္ေရွာက္ေရး ေဂဟာမွာ အလုပ္လုပ္ေနတဲ႔ ေဒၚေအးေအးၿငိမ္းက ရွင္းျပထားပါတယ္။

ေဒၚေအးေအးၿငိမ္း။ ။ အကုန္လံုး မထုိးဘူး အမ။ Nurse (သူနာျပဳ)ေတြေလာက္ကေတာ့ ထိုးတယ္။ က်န္တဲ႔ ၀န္ထမ္းေတြကေတာ့ ထိုးခ်င္ထိုး မထိုးခ်င္ေန။

သိဂၤ ီထိုက္။ ။ အဲဒီေတာ့ မေအးၿငိမ္းကေရာ ဘာလို႔ ကာကြယ္ေဆး ထိုးပါလဲ။

ေဒၚေအးေအးၿငိမ္း။ ။ က်ေနာ္က ဆရာ၀န္ကို အရင္ေမးတယ္ေလ။ က်ေနာ္တို႔ ဆီက ျမန္မာ ဆရာ၀န္ ရွိတယ္ေလ။ ဆရာ က်ေနာ္ ထိုးရမလားဆိုေတာ့ ထိုးတဲ႔ ဘာမွ မျဖစ္ဘူးတဲ႔။ ဘာမွ Side Effect (ေဘးထြက္ဆိုးက်ိဳး) လည္း မရွိဘူး။ ဘာမွ မျဖစ္ဘူး ထိုးတဲ႔။ နင္ကေတာင္ ငါ့ထက္ ေစာေနေသးတယ္လို႔ သူက ေျပာတယ္။ အဲဒါနဲ႔ က်ေနာ္လည္း ထိုးလိုက္တာ။ ဘာမွ မျဖစ္ဘူး။ ဒီက Nurse မေတြကိုလည္း ေမးလိုက္ေတာ့ ဘာမွ မျဖစ္ပါဘူးတဲ႔။ အားလံုး စမ္းသပ္ၿပီးမွ အကုန္လံုး လုပ္ထားတဲ႔ အတြက္ ဘာမွ မျဖစ္ပါဘူးတဲ႔။

Pfiza နဲ႔ BioNTech ၊ ေနာက္ Moderna တို႔ရဲ႕ COVID 19 ကာကြယ္ေဆးေတြကို အခမဲ႔ ထိုးေပးေနတာပါ။ ေဒၚေမသန္းကေတာ့ Drive Through လို႔ ေခၚတဲ႔ ကားနဲ႔သြားၿပီး တန္းစီၿပီး ေဆးထိုးေပးတဲ႔ ၀န္ထမ္းက ကားထိ လာၿပီး ထိုးေပးတာ ျဖစ္ပါတယ္။ ဒါေပမယ့္ Pfiza ကာကြယ္ေဆးကို ထိုးမလား Moderna ကို ထုိးမလားဆုိတာေတာ့ ေရြးခ်ယ္လို႔ ရပါလားလို႔ ေမးၾကည့္တာမွာေတာ့

“ အဲလိုေတာ့ မဟုတ္ဘူးရွင့္။ သူတို႔ဆီမွာ ရွိတာကို ထိုးေပးလိုက္တာပါ။ က်မကေတာ့ ဘာထိုးမယ္ဆိုၿပီး ေရြးခ်ယ္ခြင့္ မရွိပါဘူး။ ”

COVID -19 ကာကြယ္ေဆး ထိုးေပးေနေပမယ့္လည္း လုပ္ငန္းခြင္ေတြ အတြင္းမွာ ကိုရိုနာ ဗိုင္းရပ္စ္ ကူးစက္သူေတြ ဆက္ၿပီး ေတြ႔ေနဆဲ ျဖစ္တယ္လို႔လည္း သက္ႀကီး ေစာင့္ေရွာက္ေရး ၀န္ထမ္း ေဒၚေအးေအးၿငိမ္းက ေျပာျပပါတယ္။

“ဒီလိုဘဲ အမ တခ်ိဳ႕ ထိုးထားတဲ႔ လူလည္း ရွိတယ္။ မထိုးတဲ႔ လူလည္း ရွိတယ္ဆိုေတာ့ ကိုယ္ေတြက ဒီတိုင္းဘဲေလ။ ၿပီးေတာ့ က်ေနာ္တို႔ အလုပ္မွာ တပတ္ကို ၂ ခါ COVID စစ္ရပါတယ္။ ေတြ႔တဲ႔သူဆို သူတို႔ကို အိမ္မွာ ၁၀ ရက္ Stay Home ေနခိုင္းလိုက္တယ္။ မလာခိုင္းဘူး။”

ကမၻာမွာ COVID 19 ျဖစ္ပြားမႈ အမ်ားဆံုး အေမရိကန္ ျပည္ေထာင္စုမွာ COVID -19 ကာကြယ္ေဆး အရွိန္ျမွင့္ ထိုးႏွံေပးေနတာမွာ က်န္းမာေရး ၀န္ထမ္းေတြ၊ ေနာက္ သက္ႀကီးေစာင့္ေရွာက္ေရး ေဂဟာေတြမွာ ေနထိုင္ေနၾကသူေတြနဲ႔ ေစာင့္ေရွာက္မႈ ေပးေနသူေတြကို ဦးစားေပး ထိုးႏွံေပးခဲ႔ၿပီး ဒီရက္ပိုင္း အတြင္းမွာေတာ့ အသက္ႀကီးပိုင္း ပုဂၢိဳလ္ေတြနဲ႔ အမ်ားျပည္သူနဲ႔ မျဖစ္မေန ထိေတြ႔ အလုပ္လုပ္ေနၾကရတဲ႔ လုပ္သားထုကိုပါ စၿပီး ကာကြယ္ေဆး ထိုးေပးေနပါတယ္။ နယူးေယာက္ ျပည္နယ္မွာေတာ့ ရဲတပ္ဖြဲ႔၀င္ေတြ၊ ေက်ာင္ဆရာ ဆရာမေတြနဲ႔ အသက္ ၇၅ ႏွစ္နဲ႔ အထက္ ပုဂၢိဳလ္မ်ားကို တနလာၤေန႔က စလို႔ ကာကြယ္ေဆးထိုးေနပါၿပီ။

တိုက္႐ိုက္ လင့္ခ္


............

ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီး မြန်မာ ၂ ဦး ဘေးထွက်ဆိုးပြစ် မကြုံရ

(Unicode)

အမေရိကန် ပြည်ထောင်စုမှာ အသုံးပြုနေတဲ့ Covid-19 ကာကွယ်ဆေး ၂ မျိုး ဖြစ်တဲ့ Pfizer နဲ့ Moderna ထိုးထားကြသူ မြန်မာ အမေရိကန်တွေကတော့ ဘေးထွက်ဆိုးကျိုး မခံစားရဘူးလို့ ပြောကြပါတယ်။ COVID-19 ကာကွယ်ဆေးကို အခမဲ့ ထိုးပေးနေပေမယ့် ကာကွယ်ဆေးထိုးဖို့ စိုးရိမ်နေကြသူတွေလည်း ရှိနေတာပါ။ မသိင်္ဂ ီထိုက် စုစည်းတင်ပြပေးမှာပါ။

“ ဘာဆို ဘာမှ မဖြစ်ဘူး။ နည်းနည်းလေးတောင် မနာဘူး။ ပထမ Flu Shot ထိုးတုန်းက လက်မောင်းတွေ အောင့်သေးတယ် ဒီတခုကတော့ ဘာမှ မဖြစ်ဘူး။ ”

သက်ကြီးစောင့်ရှောက်ရေး ဂေဟာမှာ အလုပ်လုပ်နေတဲ့ အမေရိကန် ပြည်ထောင်စု မယ်ရီလန်း ပြည်နယ်နေ ဒေါ်အေးအေးငြိမ်းရဲ့ အတွေ့အကြုံပါ။ သူက Pfizer နဲ့ BioNTech ရဲ့ Covid 19 ကာကွယ်ဆေးထိုးခဲ့တာ သီတင်း သုံးပတ်ပြည့်လို့ ဇန်နဝါရီလ ၁၃ ရက်နေ့မှာ ဒုတိယ အကြိမ် ထပ်ပြီး ကာကွယ်ဆေးထိုးမှာပါ။ အရေးပေါ် အသုံးအဖြစ် ခွင့်ပြုလိုက်တဲ့ Moderna ရဲ့ Covid 19 ကာကွယ်ဆေးကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၈ ရက်နေ့က ထိုးခဲ့တဲ့ ဆေးခန်း ဝန်ထမ်း မယ်ရီလန်း ပြည်နယ်မှာနေတဲ့ ဒေါ်မေသန်းကို မေးထားပါတယ်။
ဒေါ်မေသန်း။ ။ ကျမက Health Worker ဆိုတော့ ကျမက ထိုးခွင့်ရတာပေါ့နော် စောပြီးတော့။

သိင်္ဂ ီထိုက်။ ။ ဘယ်ဆေးထိုးပါလဲရှင့်။

ဒေါ်မေးသန်း။ ။ Moderna ပါ။

သိင်္ဂ ီထိုက်။ ။ အန်တီ ဆေးထိုးတာလည်း ရက်ပိုင်း ရှိပြီ ဆိုတော့ ဆေးရဲ့ ဘေးထွက်ဆိုးကျိုး ခံစားရတာ ရှိပါလား။

ဒေါ်မေသန်း။ ။ လုံး၀ မရှိပါဘူးရှင့်။

ဒါပေမယ့် ကာကွယ်ဆေး မထိုးသူတွေ ရှိနေပါတယ်။ သက်ကြီးစောင့်ရှောက်ရေး ဂေဟာမှာ အလုပ်လုပ်နေတဲ့ ဒေါ်အေးအေးငြိမ်းက ရှင်းပြထားပါတယ်။

ဒေါ်အေးအေးငြိမ်း။ ။ အကုန်လုံး မထိုးဘူး အမ။ Nurse (သူနာပြု)တွေလောက်ကတော့ ထိုးတယ်။ ကျန်တဲ့ ဝန်ထမ်းတွေကတော့ ထိုးချင်ထိုး မထိုးချင်နေ။


သိင်္ဂ ီထိုက်။ ။ အဲဒီတော့ မအေးငြိမ်းကရော ဘာလို့ ကာကွယ်ဆေး ထိုးပါလဲ။

ဒေါ်အေးအေးငြိမ်း။ ။ ကျနော်က ဆရာဝန်ကို အရင်မေးတယ်လေ။ ကျနော်တို့ ဆီက မြန်မာ ဆရာဝန် ရှိတယ်လေ။ ဆရာ ကျနော် ထိုးရမလားဆိုတော့ ထိုးတဲ့ ဘာမှ မဖြစ်ဘူးတဲ့။ ဘာမှ Side Effect (ဘေးထွက်ဆိုးကျိုး) လည်း မရှိဘူး။ ဘာမှ မဖြစ်ဘူး ထိုးတဲ့။ နင်ကတောင် ငါ့ထက် စောနေသေးတယ်လို့ သူက ပြောတယ်။ အဲဒါနဲ့ ကျနော်လည်း ထိုးလိုက်တာ။ ဘာမှ မဖြစ်ဘူး။ ဒီက Nurse မတွေကိုလည်း မေးလိုက်တော့ ဘာမှ မဖြစ်ပါဘူးတဲ့။ အားလုံး စမ်းသပ်ပြီးမှ အကုန်လုံး လုပ်ထားတဲ့ အတွက် ဘာမှ မဖြစ်ပါဘူးတဲ့။

Pfiza နဲ့ BioNTech ၊ နောက် Moderna တို့ရဲ့ COVID 19 ကာကွယ်ဆေးတွေကို အခမဲ့ ထိုးပေးနေတာပါ။ ဒေါ်မေသန်းကတော့ Drive Through လို့ ခေါ်တဲ့ ကားနဲ့သွားပြီး တန်းစီပြီး ဆေးထိုးပေးတဲ့ ဝန်ထမ်းက ကားထိ လာပြီး ထိုးပေးတာ ဖြစ်ပါတယ်။ ဒါပေမယ့် Pfiza ကာကွယ်ဆေးကို ထိုးမလား Moderna ကို ထိုးမလားဆိုတာတော့ ရွေးချယ်လို့ ရပါလားလို့ မေးကြည့်တာမှာတော့

“ အဲလိုတော့ မဟုတ်ဘူးရှင့်။ သူတို့ဆီမှာ ရှိတာကို ထိုးပေးလိုက်တာပါ။ ကျမကတော့ ဘာထိုးမယ်ဆိုပြီး ရွေးချယ်ခွင့် မရှိပါဘူး။ ”

COVID -19 ကာကွယ်ဆေး ထိုးပေးနေပေမယ့်လည်း လုပ်ငန်းခွင်တွေ အတွင်းမှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်သူတွေ ဆက်ပြီး တွေ့နေဆဲ ဖြစ်တယ်လို့လည်း သက်ကြီး စောင့်ရှောက်ရေး ဝန်ထမ်း ဒေါ်အေးအေးငြိမ်းက ပြောပြပါတယ်။

“ဒီလိုဘဲ အမ တချို့ ထိုးထားတဲ့ လူလည်း ရှိတယ်။ မထိုးတဲ့ လူလည်း ရှိတယ်ဆိုတော့ ကိုယ်တွေက ဒီတိုင်းဘဲလေ။ ပြီးတော့ ကျနော်တို့ အလုပ်မှာ တပတ်ကို ၂ ခါ COVID စစ်ရပါတယ်။ တွေ့တဲ့သူဆို သူတို့ကို အိမ်မှာ ၁၀ ရက် Stay Home နေခိုင်းလိုက်တယ်။ မလာခိုင်းဘူး။”

ကမ္ဘာမှာ COVID 19 ဖြစ်ပွားမှု အများဆုံး အမေရိကန် ပြည်ထောင်စုမှာ COVID -19 ကာကွယ်ဆေး အရှိန်မြှင့် ထိုးနှံပေးနေတာမှာ ကျန်းမာရေး ဝန်ထမ်းတွေ၊ နောက် သက်ကြီးစောင့်ရှောက်ရေး ဂေဟာတွေမှာ နေထိုင်နေကြသူတွေနဲ့ စောင့်ရှောက်မှု ပေးနေသူတွေကို ဦးစားပေး ထိုးနှံပေးခဲ့ပြီး ဒီရက်ပိုင်း အတွင်းမှာတော့ အသက်ကြီးပိုင်း ပုဂ္ဂိုလ်တွေနဲ့ အများပြည်သူနဲ့ မဖြစ်မနေ ထိတွေ့ အလုပ်လုပ်နေကြရတဲ့ လုပ်သားထုကိုပါ စပြီး ကာကွယ်ဆေး ထိုးပေးနေပါတယ်။ နယူးယောက် ပြည်နယ်မှာတော့ ရဲတပ်ဖွဲ့ဝင်တွေ၊ ကျောင်ဆရာ ဆရာမတွေနဲ့ အသက် ၇၅ နှစ်နဲ့ အထက် ပုဂ္ဂိုလ်များကို တနလာၤနေ့က စလို့ ကာကွယ်ဆေးထိုးနေပါပြီ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG