(Zawgyi / Unicode)
COVID-19 ေရာဂါကာကြယ္ေဆး မွ်ေဝေပးေရးဆိုင္ရာ ႀကိဳးပမ္းမႈေတြကို အရွိန္ျမႇင့္ လုပ္ေဆာင္သြားၾကဖို႔ အာရွ-ပစိဖိတ္ စီးပြားေရးပူးေပါင္းေဆာင္ရြက္မႈ (APEC) အဖြဲ႔ဝင္ႏုိင္ငံေတြက ေခါင္းေဆာင္ေတြ ေသာၾကာေန႔ အစည္းအေဝးအတြင္း သေဘာတူခဲ့ၾကပါတယ္။
COVID-19 ကပ္ေရာဂါနဲ႔ပတ္သက္ၿပီး ေခါင္းေဆာင္ေတြၾကား အဓိကအားျဖင့္ အခ်က္ႏွစ္ခ်က္ေပၚ သေဘာထားတူညီခဲ့ၾကတယ္လုိ႔ အစည္းအေဝးကို အိမ္ရွင္အျဖစ္ ႀကီးမွဴးက်င္းပတဲ့ နယူးဇီလန္ဝန္ႀကီးခ်ဳပ္ Jacinda Ardern က အစည္းအေဝးအၿပီး သတင္းစာရွင္းလင္းပြဲအတြင္း ေျပာသြားပါတယ္။
"တခ်က္ကေတာ့ ဒီကပ္ေရာဂါဟာ အခ်ိန္အေတာ္ၾကာ ဆက္ရွိေနဦးမွာျဖစ္ၿပီး က်မတို႔အားလံုးအေနနဲ႔ အထူးအားစိုက္ လုပ္ေဆာင္ၾကရမွာ ျဖစ္ၿပီးေတာ့ က်မတို႔ႏုိင္ငံေတြရဲ႕ နယ္နိမိတ္ကို ေက်ာ္လြန္ၿပီးၾကည့္ဖုိ႔ လိုအပ္တယ္ ဆုိတာပါပဲ" လို႔ ဝန္ႀကီးခ်ဳပ္ Ardern က ျေပာပါတယ္။
ဒုတိယအခ်က္အေနနဲ႔ ဒီကပ္ေရာဂါဟာ ကမာၻႀကီးရင္ဆုိင္ရတဲ့ ေနာက္ဆံုးကပ္ေရာဂါ မဟုတ္ဘဲ ႀကိဳတင္ျပင္ဆင္မႈက အထူးအေရးႀကီးတယ္ဆိုတာ ေခါင္းေဆာင္ေတြၾကား သေဘာတူ လက္ခံခဲ့ၾကတယ္လုိ႔လည္း ဝန္ႀကီးခ်ဳပ္ Ardern က ေျပာပါတယ္။
ဖြံ႔ၿဖိဳးဆဲႏုိင္ငံေတြမွာ COVID-19 ကပ္ေရာဂါဆိုင္ရာ လုပ္ငန္းေတြအတြက္ လာမယ့္သံုးႏွစ္အတြင္း ေဒၚလာ ၃ ဘီလီယံ ကူညီေထာက္ပံ့သြားမယ္လုိ႔ တ႐ုတ္ႏိုင္ငံက ကတိျပဳခဲ့ပါတယ္။
ကမာၻတဝန္းမွာ ဗီဇေျပာင္း Delta ကို႐ိုနာဗိုင္းရပ္စ္မ်ဳိးကြဲ ပ်ံ႕ႏွံ႔ကူးစက္မႈ ျမင့္တက္ေနခ်ိန္မွာပဲ အေမရိကန္သမၼတ Joe Biden၊ တ႐ုတ္သမၼတ Xi Jinping၊ ဂ်ပန္ဝန္ႀကီးခ်ဳပ္ Yoshihide Suga နဲ႔ ႐ုရွားသမၼတ Vladimir Putin အပါအဝင္ APEC အဖြဲ႔ဝင္ ၂၁ ႏုိင္ငံက ေခါင္းေဆာင္ေတြ အြန္လိုင္းထိပ္သီးအစည္းအေဝး လုပ္ခဲ့ၾကတာ ျဖစ္ပါတယ္။
---------------------
(Unicode)
ကိုဗစ်ကာကွယ်ဆေး မျှဝေပေးရေး အရှိန်မြှင့်လုပ်ဖို့ APEC ခေါင်းဆောင်များ သဘောတူ
COVID-19 ရောဂါကာကွယ်ဆေး မျှဝေပေးရေးဆိုင်ရာ ကြိုးပမ်းမှုတွေကို အရှိန်မြှင့် လုပ်ဆောင်သွားကြဖို့ အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) အဖွဲ့ဝင်နိုင်ငံတွေက ခေါင်းဆောင်တွေ သောကြာနေ့ အစည်းအဝေးအတွင်း သဘောတူခဲ့ကြပါတယ်။
COVID-19 ကပ်ရောဂါနဲ့ပတ်သက်ပြီး ခေါင်းဆောင်တွေကြား အဓိကအားဖြင့် အချက်နှစ်ချက်ပေါ် သဘောထားတူညီခဲ့ကြတယ်လို့ အစည်းအဝေးကို အိမ်ရှင်အဖြစ် ကြီးမှူးကျင်းပတဲ့ နယူးဇီလန်ဝန်ကြီးချုပ် Jacinda Ardern က အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားပါတယ်။
"တချက်ကတော့ ဒီကပ်ရောဂါဟာ အချိန်အတော်ကြာ ဆက်ရှိနေဦးမှာဖြစ်ပြီး ကျမတို့အားလုံးအနေနဲ့ အထူးအားစိုက် လုပ်ဆောင်ကြရမှာ ဖြစ်ပြီးတော့ ကျမတို့နိုင်ငံတွေရဲ့ နယ်နိမိတ်ကို ကျော်လွန်ပြီးကြည့်ဖို့ လိုအပ်တယ် ဆိုတာပါပဲ" လို့ ဝန်ကြီးချုပ် Ardern က ြပောပါတယ်။
ဒုတိယအချက်အနေနဲ့ ဒီကပ်ရောဂါဟာ ကမ္ဘာကြီးရင်ဆိုင်ရတဲ့ နောက်ဆုံးကပ်ရောဂါ မဟုတ်ဘဲ ကြိုတင်ပြင်ဆင်မှုက အထူးအရေးကြီးတယ်ဆိုတာ ခေါင်းဆောင်တွေကြား သဘောတူ လက်ခံခဲ့ကြတယ်လို့လည်း ဝန်ကြီးချုပ် Ardern က ပြောပါတယ်။
ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ COVID-19 ကပ်ရောဂါဆိုင်ရာ လုပ်ငန်းတွေအတွက် လာမယ့်သုံးနှစ်အတွင်း ဒေါ်လာ ၃ ဘီလီယံ ကူညီထောက်ပံ့သွားမယ်လို့ တရုတ်နိုင်ငံက ကတိပြုခဲ့ပါတယ်။
ကမ္ဘာတဝန်းမှာ ဗီဇပြောင်း Delta ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲ ပျံ့နှံ့ကူးစက်မှု မြင့်တက်နေချိန်မှာပဲ အမေရိကန်သမ္မတ Joe Biden၊ တရုတ်သမ္မတ Xi Jinping၊ ဂျပန်ဝန်ကြီးချုပ် Yoshihide Suga နဲ့ ရုရှားသမ္မတ Vladimir Putin အပါအဝင် APEC အဖွဲ့ဝင် ၂၁ နိုင်ငံက ခေါင်းဆောင်တွေ အွန်လိုင်းထိပ်သီးအစည်းအဝေး လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။