သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် ကုမ္ပဏီ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး စက်တင်ဘာမှာ လူတွေနဲ့ စတင် စမ်းသပ်မည်


(Zawgyi/Unicode)

အမေရိကန် ဆေးဝါးထုတ်လုပ်မှု လုပ်ငန်းကြီး Johnson & Johnson က သူ့ရဲ့ ကိုရိုနာဗိုင်းရပ်စ် စမ်းသပ် ကာကွယ်ဆေးကို စက်တင်ဘာလမှာ လူတွေနဲ့ စတင် စမ်းသပ်မှာ ဖြစ်ပြီး အရေးပေါ် အသုံးအတွက် လာမယ့်နှစ် အစောပိုင်းမှာ ကာကွယ်ဆေး ရနိုင်ပါတယ်လို့ ပြောဆိုလိုက်ပါတယ်။

ဒီကာကွယ်ဆေးကို စမ်းသပ် ထုတ်လုပ်နိုင်ရေး အတွက် အမေရိကန် ကျန်းမာရေးနဲ့ လူမှုဝန်ထမ်းဌာန နဲ့ ပူးတွဲပြီး ဒေါ်လာ သန်း ၁,၀၀၀ သုံးစွဲသွားဖို့ ဆုံးဖြတ်ထားကြောင်းလည်း ကုမ္ပဏီက တနလာၤနေ့မှာ ပြောပါတယ်။ လူသားတွေနဲ့ စမ်းသပ်မှု အောင်မြင်တယ်ဆိုရင်တော့ ကာကွယ်ဆေး အရေအတွက် သန်း ၁,၀၀၀ ကျော် ထုတ်လုပ်ဖို့ ပြင်ဆင်ထားတယ်လို့လည်း ကုမ္ပဏီက ပြောပါတယ်။

COVID -19 ဗိုင်းရပ်စ်ကို အောင်အောင်မြင်မြင် တိုက်ဖျက်နိုင်ဖို့ အလားအလာ များတဲ့ စမ်းသပ်ဆေးတမျိုး ရှိပါပြီလို့လည်း Johnson & Johnson လုပ်ငန်းကြီးရဲ့ အမှုဆောင် အရာရှိချုပ် Alex Gorsky က NBC ရုပ်သံရဲ့ Today အစီအစဉ်မှာ ပြောဆိုသွားပါတယ်။

တိုက်ရိုက် လင့်ခ်


......................

ကန် ကုမ္ပဏီ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး စက်တင်ဘာမှာ လူတွေနဲ့ စတင် စမ်းသပ်မည်

(Unicode)

အမေရိကန် ဆေးဝါးထုတ်လုပ်မှု လုပ်ငန်းကြီး Johnson & Johnson က သူ့ရဲ့ ကိုရိုနာဗိုင်းရပ်စ် စမ်းသပ် ကာကွယ်ဆေးကို စက်တင်ဘာလမှာ လူတွေနဲ့ စတင် စမ်းသပ်မှာ ဖြစ်ပြီး အရေးပေါ် အသုံးအတွက် လာမယ့်နှစ် အစောပိုင်းမှာ ကာကွယ်ဆေး ရနိုင်ပါတယ်လို့ ပြောဆိုလိုက်ပါတယ်။

ဒီကာကွယ်ဆေးကို စမ်းသပ် ထုတ်လုပ်နိုင်ရေး အတွက် အမေရိကန် ကျန်းမာရေးနဲ့ လူမှုဝန်ထမ်းဌာန နဲ့ ပူးတွဲပြီး ဒေါ်လာ သန်း ၁,၀၀၀ သုံးစွဲသွားဖို့ ဆုံးဖြတ်ထားကြောင်းလည်း ကုမ္ပဏီက တနလာၤနေ့မှာ ပြောပါတယ်။ လူသားတွေနဲ့ စမ်းသပ်မှု အောင်မြင်တယ်ဆိုရင်တော့ ကာကွယ်ဆေး အရေအတွက် သန်း ၁,၀၀၀ ကျော် ထုတ်လုပ်ဖို့ ပြင်ဆင်ထားတယ်လို့လည်း ကုမ္ပဏီက ပြောပါတယ်။

COVID -19 ဗိုင်းရပ်စ်ကို အောင်အောင်မြင်မြင် တိုက်ဖျက်နိုင်ဖို့ အလားအလာ များတဲ့ စမ်းသပ်ဆေးတမျိုး ရှိပါပြီလို့လည်း Johnson & Johnson လုပ်ငန်းကြီးရဲ့ အမှုဆောင် အရာရှိချုပ် Alex Gorsky က NBC ရုပ်သံရဲ့ Today အစီအစဉ်မှာ ပြောဆိုသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG