သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တ႐ုတ္လုပ္ Sinopharm ကိုဗစ္ ၁၉ ကာကြယ္ေဆး အလံုးေရ ၄ သန္း ရန္ကုန္ကို ထပ္မံေရာက္ရွိ


ရန္ကုန္ေလဆိပ္ကုိ ေရာက္ရွိလာတဲ့ တ႐ုတ္ႏုိင္ငံထုတ္ Sinopharm ကုိဗစ္ကာကြယ္ေဆး။ (စက္တင္ဘာ ၂၆၊ ၂၀၂၁။ ဓာတ္ပုံ - Chinese Embassy in Myanmar)

(Zawgyi / Unicode)

ျမန္မာႏိုင္ငံက ဝယ္ယူထားတဲ့ တ႐ုတ္ႏုိင္ငံထုတ္ Sinopharm ကိုဗစ္ ၁၉ ကာကြယ္ေဆး အလံုးေရ ေနာက္ထပ္ ၄ သန္း ရန္ကုန္ေလဆိပ္ကို ေရာက္လာၿပီျဖစ္ေၾကာင္း ရန္ကုန္ တ႐ုတ္သံ႐ုံးက သတင္းထုတ္ျပန္ပါတယ္။

အခုအခ်ိန္အထိ ျမန္မာႏုိင္ငံကို တ႐ုတ္ထုတ္ ကိုဗစ္ကာကြယ္ေဆး အလံုးေရ ၁၆ ဒသမ ၆ သန္း ေရာက္ရွိေနၿပီျဖစ္ၿပီး အဲဒီထဲက ၃ ဒသမ ၉ သန္းကေတာ့ တ႐ုတ္အစိုးရက လွဴဒါန္းတာ ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။

ျမန္မာႏိ္ုင္ငံမွာ တနဂၤေႏြေန႔အထိဆို ကိုဗစ္ကာကြယ္ေဆး ေဆးပတ္လည္ေအာင္ ထိုးႏွံၿပီးသူ ၃ ဒသမ ၇၂ သန္းရွိၿပီး ပထမအႀကိမ္ထိုးၿပီး သူက ၃ ဒသမ ၄၇ သန္းေက်ာ္ရွိေနတယ္လို႔ ျမန္မာႏိုင္ငံ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

ျမန္မာႏိုင္ငံ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ တနဂၤေႏြေန႔ ထုတ္ျပန္ခ်က္အရ ၂၄ နာရီအတြင္း လူေပါင္း ၁၈,၄၃၆ ေယာက္ကို ကိုဗစ္ေရာဂါပိုး စစ္ေဆးရာမွာ ပိုးေတြ႔သူ ၁,၅၃၄ ဦးရွိၿပီး ကိုဗစ္ေၾကာင့္ ေသဆံုးရသူက ၆၂ ဦး ရွိေနပါတယ္။ အခုအခ်ိန္အထိဆို တႏိုင္ငံလံုး အတိုင္းအတာနဲ႔ ကိုဗစ္ေရာဂါ ကူးစက္ခံရသူ ၄ သိန္းခြဲေက်ာ္ရွိေနၿပီး ေသဆံုးရသူက ၁၇,၅၂၇ ဦး ရွိၿပီျဖစ္ပါတယ္။

ျမန္မာႏိုင္ငံတြင္း ကိုဗစ္ေရာဂါ ကူးစက္ျပန္႔ပြါးမႈ အေျခေနေၾကာင့္ ေက်ာင္းေတြကို ေအာက္တိုဘာလ ၂၄ ရက္ေန႔အထိ ဆက္ပိတ္ထားမွာျဖစ္ေၾကာင္းနဲ႔ အသက္ ၁၂ ႏွစ္အထက္ ကေလးငယ္ေတြကို Sinopharm ကိုဗစ္ကာကြယ္ေဆး ထိုးေပးဖို႔ စီစဥ္ေနတယ္လို႔လည္း က်န္းမာေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားတာပါ။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

တရုတ်လုပ် Sinopharm ကိုဗစ် ၁၉ ကာကွယ်ဆေး အလုံးရေ ၄ သန်း ရန်ကုန်ကို ထပ်မံရောက်ရှိ

မြန်မာနိုင်ငံက ဝယ်ယူထားတဲ့ တရုတ်နိုင်ငံထုတ် Sinopharm ကိုဗစ် ၁၉ ကာကွယ်ဆေး အလုံးရေ နောက်ထပ် ၄ သန်း ရန်ကုန်လေဆိပ်ကို ရောက်လာပြီဖြစ်ကြောင်း ရန်ကုန် တရုတ်သံရုံးက သတင်းထုတ်ပြန်ပါတယ်။

အခုအချိန်အထိ မြန်မာနိုင်ငံကို တရုတ်ထုတ် ကိုဗစ်ကာကွယ်ဆေး အလုံးရေ ၁၆ ဒသမ ၆ သန်း ရောက်ရှိနေပြီဖြစ်ပြီး အဲဒီထဲက ၃ ဒသမ ၉ သန်းကတော့ တရုတ်အစိုးရက လှူဒါန်းတာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ တနင်္ဂနွေနေ့အထိဆို ကိုဗစ်ကာကွယ်ဆေး ဆေးပတ်လည်အောင် ထိုးနှံပြီးသူ ၃ ဒသမ ၇၂ သန်းရှိပြီး ပထမအကြိမ်ထိုးပြီး သူက ၃ ဒသမ ၄၇ သန်းကျော်ရှိနေတယ်လို့ မြန်မာနိုင်ငံ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ တနင်္ဂနွေနေ့ ထုတ်ပြန်ချက်အရ ၂၄ နာရီအတွင်း လူပေါင်း ၁၈,၄၃၆ ယောက်ကို ကိုဗစ်ရောဂါပိုး စစ်ဆေးရာမှာ ပိုးတွေ့သူ ၁,၅၃၄ ဦးရှိပြီး ကိုဗစ်ကြောင့် သေဆုံးရသူက ၆၂ ဦး ရှိနေပါတယ်။ အခုအချိန်အထိဆို တနိုင်ငံလုံး အတိုင်းအတာနဲ့ ကိုဗစ်ရောဂါ ကူးစက်ခံရသူ ၄ သိန်းခွဲကျော်ရှိနေပြီး သေဆုံးရသူက ၁၇,၅၂၇ ဦး ရှိပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင်း ကိုဗစ်ရောဂါ ကူးစက်ပြန့်ပွါးမှု အခြေနေကြောင့် ကျောင်းတွေကို အောက်တိုဘာလ ၂၄ ရက်နေ့အထိ ဆက်ပိတ်ထားမှာဖြစ်ကြောင်းနဲ့ အသက် ၁၂ နှစ်အထက် ကလေးငယ်တွေကို Sinopharm ကိုဗစ်ကာကွယ်ဆေး ထိုးပေးဖို့ စီစဉ်နေတယ်လို့လည်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားတာပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG