(Zawgyi / Unicode)
ျမန္မာႏုိင္ငံမွာ ကိုဗစ္ပိုးေတြ႔သူဟာ ဓာတ္ခဲြစစ္ေဆးမႈေတြရဲ႕ ၁၀ ရာခုိင္ႏႈန္းေအာက္ ပမာဏ ဆက္တိုက္က်ဆင္းလာေနခ်ိန္မွာ စစ္ေကာင္စီဥကၠ႒က ၁၂ ႏွစ္အထက္ ကေလးေတြကိုပါ မၾကာခင္ ကိုဗစ္ကာကြယ္ေဆး ထိုးေပးမယ္လို႔ ေျပာလိုက္ပါတယ္။
စစ္ေကာင္စီဥကၠ႒လည္းျဖစ္ အိမ္ေစာင့္အစိုးရရဲ႕ ဝန္ႀကီးခ်ဳပ္လည္းျဖစ္သူ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္က ဒီလကုန္မွာ တ႐ုတ္ကလွဴမယ့္ Sinopharm ကာကြယ္ေဆး ၂ သန္းကို ေက်ာင္းျပန္မဖြင့္ခင္အမီ ထိုးေပးဖို႔ ျပင္ေနတယ္လို႔ မေန႔က စစ္ေကာင္စီအစည္းအေဝးမွာ ေျပာလိုက္တာပါ။
ျမန္မာႏိုင္ငံမွာ လက္ရွိအားျဖင့္ ကိုဗစ္ကာကြယ္ေဆးေတြကို အသက္ ၆၅ ႏွစ္အထက္နဲ႔ ဘဏ္နဲ႔ က်န္းမာေရးလိုမ်ိဳး မျဖစ္မေန အေရးေပၚလိုအပ္တဲ့ လုပ္ငန္းပိုင္းက ဝန္ထမ္းေတြကိုပဲ ထိုးေပးႏုိင္ေသးတာပါ။
ေက်ာင္းေတြဘယ္ေတာ့ျပန္ဖြင့္မွာ အတိအက် မေျပာခဲ့ေပမယ့္ COVID-19 ကူးစက္မႈ ၅ ရာခုိင္ႏႈန္းေအာက္ က်လာမွသာ စိတ္ခ်ရမွာမို႔ စာသင္ေက်ာင္းေတြကို ေနာက္လ ေအာက္တိုဘ ၂၄ ရက္အထိ ဆက္ပိတ္ထားမယ္လို႔ေတာ့ ဗိုလ္ခ်ဳပ္မွဴးႀကီးက ေျပာခဲ့ပါတယ္။
ကိုဗစ္တတိယလိႈင္းစခဲ့ခ်ိန္ ဇြန္လဆန္းမွာ စစ္ေကာင္စီေခါင္းေဆာင္အေနနဲ႔ ေက်ာင္းေတြ အတင္းျပန္ဖြင့္ခဲ့ၿပီး ကူးစက္မႈ မ်ားလာခဲ့တာေၾကာင့္ ဇူလိုင္လလယ္တည္းက ျပန္ပိတ္ခဲ့တာပါ။
အခုလိုအခ်ိန္မွာ စစ္ကိုင္းတိုင္းက စစ္ကိုင္း၊ ကေလး၊ တမူး၊ ပဲခူးတိုင္းက ပဲခူးနဲ႔ ျဖဴး၊ ေနာက္ ဧရာဝတီတိုင္းက ေျမာင္းျမ စုစုေပါင္း ၆ ၿမိဳ႕နယ္ကို Stay Home အိမ္မွာေနေရး ကန္႔သတ္ခ်က္ကေန မနက္ျဖန္ကစ ပယ္ဖ်က္လိုက္တယ္လို႔ က်န္းမာေရး တာဝန္ရွိသူေတြက ဆိုပါတယ္။
က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန ဒီေန႔ထုတ္ျပန္ခ်က္အရ ဒီေန႔ ကုိဗစ္ ဓာတ္ခြဲစမ္းသပ္မႈ ၁၈,၁၃၃ ခု လုပ္ခဲ့ရာမွာ ကိုဗစ္ပိုးေတြ႔သူသစ္ ၁,၅၄၆ ဦးရွိၿပီး ပိုးေတြ႔သူ ၈.၅၂ ရာခုိင္ႏႈန္း ရွိခဲ့ပါတယ္။ ေသဆံုးသူကေတာ့ ၅၂ ဦးအျဖစ္ ၃.၈၂ ရာခုိင္ႏႈန္း ရွိခဲ့ပါတယ္။
ဒီညအထိဆုိရင္ COVID-19 စုစုေပါင္း ပိုးေတြ႔သူ ၄၅၆,၆၂၀၊ ေဆး႐ံုဆင္းသူ ၄၁၀,၀၃၃ နဲ႔ ေသဆံုးသူေပါင္း ၁၇,၄၆၅ ရွိလာေနပါၿပီ။
ဒါေပမယ့္ က်န္းမာေရးလုပ္သားေတြနဲ႔ ပရဟိတ ကူညီသူေတြကေတာ့ ကိုဗစ္တတိယလႈိင္းအတြင္း တကယ္ေသဆုံးသူက အခု တရားဝင္ထုတ္ျပန္တာထက္ ပိုမ်ားႏိုင္တယ္လို႔ ခန႔္မွန္းထားပါတယ္။
----------------------
(Unicode)
၂၄ နာရီအတွင်း ကိုဗစ်ဓာတ်ခွဲအတည်ပြု ၁,၅၄၆ ဦး၊ သေဆုံး ၅၂ ဦး
မြန်မာနိုင်ငံမှာ ကိုဗစ်ပိုးတွေ့သူဟာ ဓာတ်ခွဲစစ်ဆေးမှုတွေရဲ့ ၁၀ ရာခိုင်နှုန်းအောက် ပမာဏ ဆက်တိုက်ကျဆင်းလာနေချိန်မှာ စစ်ကောင်စီဥက္ကဋ္ဌက ၁၂ နှစ်အထက် ကလေးတွေကိုပါ မကြာခင် ကိုဗစ်ကာကွယ်ဆေး ထိုးပေးမယ်လို့ ပြောလိုက်ပါတယ်။
စစ်ကောင်စီဥက္ကဋ္ဌလည်းဖြစ် အိမ်စောင့်အစိုးရရဲ့ ဝန်ကြီးချုပ်လည်းဖြစ်သူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီလကုန်မှာ တရုတ်ကလှူမယ့် Sinopharm ကာကွယ်ဆေး ၂ သန်းကို ကျောင်းပြန်မဖွင့်ခင်အမီ ထိုးပေးဖို့ ပြင်နေတယ်လို့ မနေ့က စစ်ကောင်စီအစည်းအဝေးမှာ ပြောလိုက်တာပါ။
မြန်မာနိုင်ငံမှာ လက်ရှိအားဖြင့် ကိုဗစ်ကာကွယ်ဆေးတွေကို အသက် ၆၅ နှစ်အထက်နဲ့ ဘဏ်နဲ့ ကျန်းမာရေးလိုမျိုး မဖြစ်မနေ အရေးပေါ်လိုအပ်တဲ့ လုပ်ငန်းပိုင်းက ဝန်ထမ်းတွေကိုပဲ ထိုးပေးနိုင်သေးတာပါ။
ကျောင်းတွေဘယ်တော့ပြန်ဖွင့်မှာ အတိအကျ မပြောခဲ့ပေမယ့် COVID-19 ကူးစက်မှု ၅ ရာခိုင်နှုန်းအောက် ကျလာမှသာ စိတ်ချရမှာမို့ စာသင်ကျောင်းတွေကို နောက်လ အောက်တိုဘ ၂၄ ရက်အထိ ဆက်ပိတ်ထားမယ်လို့တော့ ဗိုလ်ချုပ်မှူးကြီးက ပြောခဲ့ပါတယ်။
ကိုဗစ်တတိယလှိုင်းစခဲ့ချိန် ဇွန်လဆန်းမှာ စစ်ကောင်စီခေါင်းဆောင်အနေနဲ့ ကျောင်းတွေ အတင်းပြန်ဖွင့်ခဲ့ပြီး ကူးစက်မှု များလာခဲ့တာကြောင့် ဇူလိုင်လလယ်တည်းက ပြန်ပိတ်ခဲ့တာပါ။
အခုလိုအချိန်မှာ စစ်ကိုင်းတိုင်းက စစ်ကိုင်း၊ ကလေး၊ တမူး၊ ပဲခူးတိုင်းက ပဲခူးနဲ့ ဖြူး၊ နောက် ဧရာဝတီတိုင်းက မြောင်းမြ စုစုပေါင်း ၆ မြို့နယ်ကို Stay Home အိမ်မှာနေရေး ကန့်သတ်ချက်ကနေ မနက်ဖြန်ကစ ပယ်ဖျက်လိုက်တယ်လို့ ကျန်းမာရေး တာဝန်ရှိသူတွေက ဆိုပါတယ်။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ဒီနေ့ထုတ်ပြန်ချက်အရ ဒီနေ့ ကိုဗစ် ဓာတ်ခွဲစမ်းသပ်မှု ၁၈,၁၃၃ ခု လုပ်ခဲ့ရာမှာ ကိုဗစ်ပိုးတွေ့သူသစ် ၁,၅၄၆ ဦးရှိပြီး ပိုးတွေ့သူ ၈.၅၂ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။ သေဆုံးသူကတော့ ၅၂ ဦးအဖြစ် ၃.၈၂ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။
ဒီညအထိဆိုရင် COVID-19 စုစုပေါင်း ပိုးတွေ့သူ ၄၅၆,၆၂၀၊ ဆေးရုံဆင်းသူ ၄၁၀,၀၃၃ နဲ့ သေဆုံးသူပေါင်း ၁၇,၄၆၅ ရှိလာနေပါပြီ။
ဒါပေမယ့် ကျန်းမာရေးလုပ်သားတွေနဲ့ ပရဟိတ ကူညီသူတွေကတော့ ကိုဗစ်တတိယလှိုင်းအတွင်း တကယ်သေဆုံးသူက အခု တရားဝင်ထုတ်ပြန်တာထက် ပိုများနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။