သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကမၻာတလႊား အရွိန္ျမင္႔လာတဲ႔ တေၾကာ႔ျပန္ ကိုဗစ္


(Zawgyi/Unicode)

ကိုဗစ္ကပ္ေရာဂါေၾကာင့္ ကမာၻအ၀န္း ေသဆုံးမႈေတြနဲ႔ ကူးစက္မႈအသစ္ေတြ ၾကာသပေတးေန႔က စံခ်ိန္တင္ေလာက္ေအာင္ မ်ားျပားခဲ့သလို၊ ေရာဂါကူးစက္မႈေတြ ထိန္းခ်ဳပ္ႏိုင္ခဲ့တဲ့ ႏိုင္ငံတခ်ဳိ႕မွာပါ ကူးစက္မႈေတြ ျပန္တိုးလာေနပါတယ္။

အေမရိကန္နဲ႔ ပီ႐ူးႏိုင္ငံေတြ ၿပီးရင္ တတိယအမ်ားဆုံးအျဖစ္ ဘရာဇီးႏိုင္ငံမွာ ၂၄ နာရီအတြင္း ေသဆုံးသူ ၄ ေထာင္ေက်ာ္ခဲ့တာပါ။ အိႏၵိယႏိုင္ငံမွာေတာ့ ၂၄ နာရီအတြင္း ကူးစက္သူ ၁၂၇,၀၀၀ နီးပါးရွိခဲ့ၿပီး၊ အီရန္ႏိုင္ငံမွာလည္း ၃ ရက္ဆက္တိုက္ ကူးစက္မႈေတြ စံခ်ိန္တင္တိုးလာရာမွာ ၂၂,၆၀၀ နီးပါး ရွိခဲ့ပါတယ္။

အိႏၵိယ၀န္ႀကီးခ်ဳပ္ Narendra Modi ကေတာ့ ကာကြယ္ေဆး ထိုးခြင့္ရွိသူေတြ ေဆးထိုးၾကဖို႔လည္း Twitter လူမႈကြန္ရက္ကေန တိုက္တြန္းခဲ့တာပါ။ အေမရိကန္ ျပည္ေထာင္စုမွာေတာ့ အရြယ္ေရာက္သူလူဦးေရရဲ႕ ၂၀ ရာခိုင္ႏႈန္းနီးပါး ကာကြယ္ေဆးထိုးထားၿပီး၊ New Mexico ျပည္နယ္ကေတာ့ ၂၅ ရာခိုင္ႏႈန္း ထိုးၿပီးတဲ့ ပထမဆုံးျပည္နယ္တခုလည္း ျဖစ္လာပါတယ္။

တေက်ာ့ျပန္ ေရာဂါကူးစက္မႈေတြ အျပင္းအထန္ ခံေနရတဲ့ အိႏၵိယႏိုင္ငံမွာေတာ့ လူဦးေရ သန္း ၁,၄၀၀ မွာ ၁၁ သန္းသာ အျပည့္အ၀ ကာကြယ္ေဆးထိုးထားပါတယ္။ ဘရာဇီးႏိုင္ငံမွာလည္း လူဦးေရ သန္း ၂၁၀ ရဲ႕ ၃ ရာခိုင္ႏႈန္းနီးပါးကိုသာ ကာကြယ္ေဆး ၂ ႀကိမ္အျပည့္ ထိုးထားတာပါ။ ေတာင္ကိုရီးယား ႏိုင္ငံမွာလည္း ဇန္နဝါရီလ ၅ ရက္ေန႔ကစလို႔ အမ်ားဆုံးအျဖစ္ ကူးစက္သူ ၇၀၀ ေက်ာ္ ေတြ႕ရွိခဲ့တာေၾကာင့္၊ လူအခ်င္းခ်င္း ထိေတြ႕ ဆက္ဆံမႈေတြကို ကန္႔သတ္ဖို႔လည္း က်န္းမာေရး ပညာရွင္ေတြ ျပင္ဆင္ေနပါတယ္။

ကပ္ေရာဂါေၾကာင့္ ေသဆုံးသူ ၉၅ ေယာက္သာ ရွိခဲ့တဲ့ ထိုင္းႏိုင္ငံမွာေတာ့ ၿဗိတိန္ႏိုင္ငံမွာ စတင္ေတြ႕ရွိခဲ့တဲ့ ကိုဗစ္ေရာဂါပိုးအမ်ဳိးအစားကို ျပည္တြင္းမွာ ပထမဆုံးေတြ႕ရွိခဲ့ေၾကာင္း အတည္ျပဳထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

ကမ္ဘာတလွှား အရှိန်မြင့်လာတဲ့ တကြော့ပြန် ကိုဗစ်
(Unicode)

ကိုဗစ်ကပ်ရောဂါကြောင့် ကမ္ဘာအဝန်း သေဆုံးမှုတွေနဲ့ ကူးစက်မှုအသစ်တွေ ကြာသပတေးနေ့က စံချိန်တင်လောက်အောင် များပြားခဲ့သလို၊ ရောဂါကူးစက်မှုတွေ ထိန်းချုပ်နိုင်ခဲ့တဲ့ နိုင်ငံတချို့မှာပါ ကူးစက်မှုတွေ ပြန်တိုးလာနေပါတယ်။

အမေရိကန်နဲ့ ပီရူးနိုင်ငံတွေ ပြီးရင် တတိယအများဆုံးအဖြစ် ဘရာဇီးနိုင်ငံမှာ ၂၄ နာရီအတွင်း သေဆုံးသူ ၄ ထောင်ကျော်ခဲ့တာပါ။ အိန္ဒိယနိုင်ငံမှာတော့ ၂၄ နာရီအတွင်း ကူးစက်သူ ၁၂၇,၀၀၀ နီးပါးရှိခဲ့ပြီး၊ အီရန်နိုင်ငံမှာလည်း ၃ ရက်ဆက်တိုက် ကူးစက်မှုတွေ စံချိန်တင်တိုးလာရာမှာ ၂၂,၆၀၀ နီးပါး ရှိခဲ့ပါတယ်။

အိန္ဒိယဝန်ကြီးချုပ် Narendra Modi ကတော့ ကာကွယ်ဆေး ထိုးခွင့်ရှိသူတွေ ဆေးထိုးကြဖို့လည်း Twitter လူမှုကွန်ရက်ကနေ တိုက်တွန်းခဲ့တာပါ။ အမေရိကန် ပြည်ထောင်စုမှာတော့ အရွယ်ရောက်သူလူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းနီးပါး ကာကွယ်ဆေးထိုးထားပြီး၊ New Mexico ပြည်နယ်ကတော့ ၂၅ ရာခိုင်နှုန်း ထိုးပြီးတဲ့ ပထမဆုံးပြည်နယ်တခုလည်း ဖြစ်လာပါတယ်။

တကျော့ပြန် ရောဂါကူးစက်မှုတွေ အပြင်းအထန် ခံနေရတဲ့ အိန္ဒိယနိုင်ငံမှာတော့ လူဦးရေ သန်း ၁,၄၀၀ မှာ ၁၁ သန်းသာ အပြည့်အ၀ ကာကွယ်ဆေးထိုးထားပါတယ်။ ဘရာဇီးနိုင်ငံမှာလည်း လူဦးရေ သန်း ၂၁၀ ရဲ့ ၃ ရာခိုင်နှုန်းနီးပါးကိုသာ ကာကွယ်ဆေး ၂ ကြိမ်အပြည့် ထိုးထားတာပါ။ တောင်ကိုရီးယား နိုင်ငံမှာလည်း ဇန်နဝါရီလ ၅ ရက်နေ့ကစလို့ အများဆုံးအဖြစ် ကူးစက်သူ ၇၀၀ ကျော် တွေ့ရှိခဲ့တာကြောင့်၊ လူအချင်းချင်း ထိတွေ့ ဆက်ဆံမှုတွေကို ကန့်သတ်ဖို့လည်း ကျန်းမာရေး ပညာရှင်တွေ ပြင်ဆင်နေပါတယ်။

ကပ်ရောဂါကြောင့် သေဆုံးသူ ၉၅ ယောက်သာ ရှိခဲ့တဲ့ ထိုင်းနိုင်ငံမှာတော့ ဗြိတိန်နိုင်ငံမှာ စတင်တွေ့ရှိခဲ့တဲ့ ကိုဗစ်ရောဂါပိုးအမျိုးအစားကို ပြည်တွင်းမှာ ပထမဆုံးတွေ့ရှိခဲ့ကြောင်း အတည်ပြုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG