သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေရႊလီ မွာ ကိုဗစ္ကူးစက္ခံရသူေတြထဲ ေနာက္ထပ္ျမန္မာ ၁၁ ဦးပါ၀င္


မွတ္တမ္းဓါတ္ပံု- ၂၀၂၀ စက္တင္ဘာတုန္းက တရုတ္ျမန္မာ နယ္စပ္ ယူနန္တြင္ ကိုဗစ္စစ္ေဆးေန

(Zawgyi/Unicode)
ျမန္မာနဲ႔ နယ္စပ္ တရုတ္ႏုိင္ငံ ေရႊလီမွာ COVID-19 ကူးစက္ခံ လူနာ ၃၂ ဦးရွိၿပီး ျမန္မာႏုိင္ငံသား ၁၁ ဦးပါ၀င္ေၾကာင္း တရုတ္ႏုိင္ငံပိုင္ သတင္းက ေဖာ္ျပပါတယ္။ ၂ လေက်ာ္ၾကာ ကာလ အတြင္း တရုတ္ျပည္တြင္း ကိုရိုနာဗိုင္းရပ္စ္ ေန႔စဥ္ကူးစက္မႈ အမ်ားဆံုး ျဖစ္ခဲ႔တဲ႔ ယူနန္ျပည္နယ္ ေရႊလီက COVID-19 ကူးစက္မႈေတြရဲ႕ မ်ိဳးဗီဇ စစ္ေဆးခ်က္ အရ ျမန္မာဘက္က ကူးစက္တာ ျဖစ္ေၾကာင္းလည္း ေဖာ္ျပပါတယ္။

ေရႊလီမွာ COVID-19 ကူးစက္ခံရႏုိင္ေျခ အျမင့္ဆံုး ဧရိယာ ၃ ခုနဲ႔ ကူးစက္ခံရႏုိင္ေျခ အလယ္အလတ္အဆင့္ ဧရိယာ ၆ ခုကို ေဒသစံေတာ္ခ်ိန္ တနလာၤေန႔ ညေနပိုင္းမွာ ေဒသအာဏာပိုင္ေတြက သတ္မွတ္ထားေၾကာင္း ႏုိင္ငံပိုင္ CCTV သတင္းက ေဖာ္ျပပါတယ္။

ဒီထဲမွာ က်ယ္ေခါင္က ေက်ာက္စိမ္းေစ်းဟာလည္း ကူးစက္ခံရႏုိင္ေျခ အျမင့္ဆံုးသတ္မွတ္ခ်က္မွာ ပါ၀င္ၿပီး မတ္လ ၁၅ ရက္ေန႔ကေန ၂၉ ရက္ အတြင္း သြားလာခဲ႔သူေတြ အိမ္မွာ သီးသန္႔ခြဲေနထိုင္ဖို႔ လိုအပ္ေၾကာင္းလည္း တရုတ္ႏုိင္ငံပိုင္ သတင္းက ေဖာ္ျပပါတယ္။

ေရႊလီမွာ လက္ရွိ ကပ္ေဘးေရာဂါ အေျခအေန အရ ကာကြယ္ေဆးထိုး လုပ္ငန္းေတြ အရွိန္ျမွင့္ေဆာင္ရြက္ေနေၾကာင္း၊ လူထုၾကား ေရာဂါခံႏုိင္ရည္ တိုးၿပီး ကပ္ေဘးေရာဂါ ကူးစက္ ပ်ံ႕ႏွံ႔မႈကို တားဆီးႏုိင္ေရး ႀကိဳးပမ္းမႈ ျဖစ္ေၾကာင္း ေရႊလီရဲ႕ ကူးစက္ေရာဂါ ထိန္းခ်ဳပ္ ကာကြယ္ေရးဌာန ဒုတိယ ညႊန္ၾကားေရးမွဴး Wan Yongfang ကေျပာပါတယ္။

"တရုတ္ႏုိင္ငံတြင္းမွာ အၿမဲတမ္း အေျခခ်ေနထိုင္တဲ႔ ျမန္မာႏုိင္ငံသားေတြ အပါအ၀င္ အသက္ ၁၈ ႏွစ္ အထက္ အားလံုးကို ကာကြယ္ေဆးထိုးႏုိင္ေရး ရည္မွန္း ေဆာင္ရြက္ေနေၾကာင္း" ေျပာဆိုခဲ႔တာပါ။

ေရႊလီ အုပ္ခ်ဳပ္ေရး အဖြဲ႔က ဆင္ေျခဖံုး ေဒသေတြမွာ အိမ္ျပင္ထြက္ သြားလာမႈ ကန္႔သတ္ထားၿပီး လူစု လူေ၀းလိုက္ COVID-19 စမ္းသပ္ စစ္ေဆးေနပါတယ္။ ေရႊလီမွာ ၿပီးခဲ႔တဲ႔ သီတင္းပတ္ အတြင္း COVID-19 လူနာေတြ ေတြ႔ရွိခဲ႔ၿပီးေနာက္ ၿမိဳ႕ အ၀င္ အထြက္ကိုလည္း စၿပီး ကန္႔သတ္ခဲ႔တာ ျဖစ္ပါတယ္။ တရုတ္မွာ COVID-19 အတည္ျပဳ လူနာ စုစုေပါင္း ၉၀,၃၀၅ ဦး ရွိေနၿပီး ေသဆံုးသူ အေရအတြက္က ၄,၆၃၆ ဦး ရွိေၾကာင္း ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


...........

ရွှေလီ မှာ ကိုဗစ်ကူးစက်ခံရသူတွေထဲ နောက်ထပ်မြန်မာ ၁၁ ဦးပါဝင်
(Unicode)
မြန်မာနဲ့ နယ်စပ် တရုတ်နိုင်ငံ ရွှေလီမှာ COVID-19 ကူးစက်ခံ လူနာ ၃၂ ဦးရှိပြီး မြန်မာနိုင်ငံသား ၁၁ ဦးပါဝင်ကြောင်း တရုတ်နိုင်ငံပိုင် သတင်းက ဖော်ပြပါတယ်။ ၂ လကျော်ကြာ ကာလ အတွင်း တရုတ်ပြည်တွင်း ကိုရိုနာဗိုင်းရပ်စ် နေ့စဉ်ကူးစက်မှု အများဆုံး ဖြစ်ခဲ့တဲ့ ယူနန်ပြည်နယ် ရွှေလီက COVID-19 ကူးစက်မှုတွေရဲ့ မျိုးဗီဇ စစ်ဆေးချက် အရ မြန်မာဘက်က ကူးစက်တာ ဖြစ်ကြောင်းလည်း ဖော်ပြပါတယ်။

ရွှေလီမှာ COVID-19 ကူးစက်ခံရနိုင်ခြေ အမြင့်ဆုံး ဧရိယာ ၃ ခုနဲ့ ကူးစက်ခံရနိုင်ခြေ အလယ်အလတ်အဆင့် ဧရိယာ ၆ ခုကို ဒေသစံတော်ချိန် တနလာၤနေ့ ညနေပိုင်းမှာ ဒေသအာဏာပိုင်တွေက သတ်မှတ်ထားကြောင်း နိုင်ငံပိုင် CCTV သတင်းက ဖော်ပြပါတယ်။

ဒီထဲမှာ ကျယ်ခေါင်က ကျောက်စိမ်းဈေးဟာလည်း ကူးစက်ခံရနိုင်ခြေ အမြင့်ဆုံးသတ်မှတ်ချက်မှာ ပါဝင်ပြီး မတ်လ ၁၅ ရက်နေ့ကနေ ၂၉ ရက် အတွင်း သွားလာခဲ့သူတွေ အိမ်မှာ သီးသန့်ခွဲနေထိုင်ဖို့ လိုအပ်ကြောင်းလည်း တရုတ်နိုင်ငံပိုင် သတင်းက ဖော်ပြပါတယ်။

ရွှေလီမှာ လက်ရှိ ကပ်ဘေးရောဂါ အခြေအနေ အရ ကာကွယ်ဆေးထိုး လုပ်ငန်းတွေ အရှိန်မြှင့်ဆောင်ရွက်နေကြောင်း၊ လူထုကြား ရောဂါခံနိုင်ရည် တိုးပြီး ကပ်ဘေးရောဂါ ကူးစက် ပျံ့နှံ့မှုကို တားဆီးနိုင်ရေး ကြိုးပမ်းမှု ဖြစ်ကြောင်း ရွှေလီရဲ့ ကူးစက်ရောဂါ ထိန်းချုပ် ကာကွယ်ရေးဌာန ဒုတိယ ညွှန်ကြားရေးမှူး Wan Yongfang ကပြောပါတယ်။

"တရုတ်နိုင်ငံတွင်းမှာ အမြဲတမ်း အခြေချနေထိုင်တဲ့ မြန်မာနိုင်ငံသားတွေ အပါအဝင် အသက် ၁၈ နှစ် အထက် အားလုံးကို ကာကွယ်ဆေးထိုးနိုင်ရေး ရည်မှန်း ဆောင်ရွက်နေကြောင်း" ပြောဆိုခဲ့တာပါ။

ရွှေလီ အုပ်ချုပ်ရေး အဖွဲ့က ဆင်ခြေဖုံး ဒေသတွေမှာ အိမ်ပြင်ထွက် သွားလာမှု ကန့်သတ်ထားပြီး လူစု လူဝေးလိုက် COVID-19 စမ်းသပ် စစ်ဆေးနေပါတယ်။ ရွှေလီမှာ ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း COVID-19 လူနာတွေ တွေ့ရှိခဲ့ပြီးနောက် မြို့ အဝင် အထွက်ကိုလည်း စပြီး ကန့်သတ်ခဲ့တာ ဖြစ်ပါတယ်။ တရုတ်မှာ COVID-19 အတည်ပြု လူနာ စုစုပေါင်း ၉၀,၃၀၅ ဦး ရှိနေပြီး သေဆုံးသူ အရေအတွက်က ၄,၆၃၆ ဦး ရှိကြောင်း ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG