သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံတွင်း ကိုဗစ်ကြောင့်သေဆုံးသူ ၆ ဦးထပ်တိုး


ရန်ကုန်မြို့ရှိ Quarantine စင်တာတခုက ကျန်းမာရေးဝန်ထမ်းများ။ (မေ ၁၆၊ ၂၀၂၀)
ရန်ကုန်မြို့ရှိ Quarantine စင်တာတခုက ကျန်းမာရေးဝန်ထမ်းများ။ (မေ ၁၆၊ ၂၀၂၀)

(Zawgyi / Unicode)

မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါကြောင့် သေဆုံးသူ ၆ ဦး ထပ်တိုးတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ညနေ ၄ နာရီမှာ သတင်းထုတ်ပြန်တဲ့အတွက် COVID-19 ကြောင့် သေဆုံးသူ စုစုပေါင်း ၈၁ ဦး ရှိသွားပါပြီ။

အခုသေဆုံးသူ ၆ ဦးစလုံးဟာ ရန်ကုန်တိုင်းဒေသကြီးအတွင်းက ဆေးရုံတွေမှာ ဆေးကုသမှု ခံယူနေသူတွေဖြစ်ပြီး အသက် ၆၀ ကနေ ၈၄ နှစ်ကြား အမျိုးသား ၅ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ ဖြစ်ပါတယ်။

ဒီကနေ့ ညနေပိုင်းအထိဆိုရင် ရောဂါပိုးကူးစက်သူ စုစုပေါင်း ၄,၆၂၁ ယောက်ရှိပြီဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးမှာ ကူးစက်သူအများဆုံး ဖြစ်ပါတယ်။

ဒါကြောင့်လည်း ကိုဗစ် ဒုတိယလှိုင်းကို ထိန်းချုပ်ဖို့ နိုင်ငံတဝန်းမှာ ပိတ်ပင်ကန့်သတ်ချက်တွေ ချမှတ်ထားပါတယ်။

---------------------------

(Unicode)






XS
SM
MD
LG