သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကမၻာတလႊား ကို႐ိုနာဗိုင္းရပ္စ္ အတည္ျပဳလူနာ ၃ သန္းထိေရာက္ရွိ


အီတလီႏုိင္ငံ မီလန္ၿမိဳ႕ ေဆး႐ုံတခုတြင္ COVID-19 လူနာအား ျပဳစုကုသေနသည့္ က်န္းမာေရးဝန္ထမ္းမ်ား။ (ဧၿပီ ၁၆၊ ၂၀၂၀)

(Zawgyi / Unicode)

ကမၻာတ၀ွမ္းမွာေတာ့ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈေတြက အခုဆိုရင္ ၃ သန္းနီးပါးအထိ တိုးလာေနၿပီး အသြားအလာ ကန္႔သတ္မႈေတြကိုလည္း ေနရာအေတာ္မ်ားမ်ားမွာ ဆက္လက္ခ်မွတ္ထားဆဲ ျဖစ္ပါတယ္။

ကူးစက္မႈ အနည္းငယ္က်ဆင္းလာတဲ့ ႏုိင္ငံတခ်ိဳ႕မွာေတာ့ အသြားအလာ ကန္႔သတ္မႈေတြနဲ႔ ယာယီပိတ္ထားတဲ့ စီးပြားေရးလုပ္ငန္းေတြကို တျဖည္းျဖည္းခ်င္း ျပန္စဖို႔ ျပင္ဆင္ေနၾကပါတယ္။

စပိန္ႏုိင္ငံမွာ တနဂၤေႏြေန႔က ကေလးငယ္ေတြကို သီတင္းေျခာက္ပတ္အတြင္း ပထမဆံုးအႀကိမ္ အိမ္အျပင္ထြက္ခြင့္ ျပန္ေပးခဲ့ပါတယ္။ စပိန္ဟာ အေမရိကန္ျပည္ေထာင္စုၿပီးရင္ ကမၻာေပၚမွာ ဒီေရာဂါကူးစက္မႈ အမ်ားဆံုးရွိတဲ့ႏုိင္ငံ ျဖစ္ပါတယ္။

ေရာဂါကူးစက္မႈ တတိယအမ်ားဆံုးျဖစ္တဲ့ အီတလီႏုိင္ငံမွာေတာ့ ေနာက္ပိုင္း ကူးစက္မႈေတြ အနည္းငယ္ ျပန္လည္ေလ်ာ့က်လာတာေၾကာင့္ အသြားအလာ ကန္႔သတ္မႈေတြ တျဖည္းျဖည္း ျပန္ေလွ်ာ့ဖို႔ ျပင္ေနပါတယ္။

ကမၻာ့ေခါင္းေဆာင္ေတြထဲ ဒီေရာဂါ ပထမဆံုး ကူးစက္ခံရၿပီး ေဆး႐ံုတက္ ကုသမႈခံယူခဲ့ရတဲ့ ၿဗိတိန္၀န္ႀကီးခ်ဳပ္ Boris Johnson ကေတာ့ ျပန္လည္ သက္သာလာၿပီျဖစ္လို႔ တနလၤာေန႔မွာ ပံုမွန္အလုပ္ေတြ ျပန္လည္စတင္ဖြယ္ ရွိေနပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈေတြ စတင္ျဖစ္ပြားခဲ့တဲ့ တ႐ုတ္ႏုိင္ငံ ၀ူဟန္ၿမိဳ႕မွာ ဒီေရာဂါနဲ႔ ေဆး႐ံုတက္ ကုသမႈခံယူခဲ့ၾကသူေတြ အားလံုးကို ေဆး႐ံုကေန ျပန္ဆင္းခြင့္ေပးလိုက္ၿပီလုိ႔ တ႐ုတ္က်န္းမာေရး အရာရွိေတြက တနဂၤေႏြေန႔က ေျပာပါတယ္။

တ႐ုတ္ႏုိင္ငံတြင္း ဒီေရာဂါကူးစက္မႈေပါင္းရဲ႕ တ၀က္ေလာက္က ၀ူဟန္ၿမိဳ႕မွာ ရွိခဲ့တာပါ။ ဒါေၾကာင့္ ဒီၿမိဳ႕ကို ၿပီးခဲ့တဲ့ ဇန္န၀ါရီလကစၿပီး ၂ လခြဲေလာက္ ၿမိဳ႕တြင္း ၿမိဳ႕ျပင္ အသြားအလာေတြ ကန္႔သတ္မႈေတြ တင္းတင္းက်ပ္က်ပ္ ခ်မွတ္ၿပီး ၿမိဳ႕ကို လံုး၀ သီးျခားခြဲ ပိတ္ဆို႔ပစ္ခဲ့ပါတယ္။ ကူးစက္မႈေတြ နည္းပါးလာခ်ိန္မွာ ကန္႔သတ္ခ်က္ အေတာ္မ်ားမ်ား ျပန္လည္ ေျဖေလွ်ာ့ေပးခဲ့ေပမယ့္လို႔ ေဒသခံေတြ အေနနဲ႔ ေရာဂါပိုး ရွိမရွိ စစ္ေဆးမႈေတြကိုေတာ့ ပံုမွန္လုပ္ေနရဆဲ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------------------

(Unicode)

ကမ္ဘာတလွှား ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ ၃ သန်းထိရောက်ရှိ

ကမ္ဘာတဝှမ်းမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေက အခုဆိုရင် ၃ သန်းနီးပါးအထိ တိုးလာနေပြီး အသွားအလာ ကန့်သတ်မှုတွေကိုလည်း နေရာအတော်များများမှာ ဆက်လက်ချမှတ်ထားဆဲ ဖြစ်ပါတယ်။

ကူးစက်မှု အနည်းငယ်ကျဆင်းလာတဲ့ နိုင်ငံတချို့မှာတော့ အသွားအလာ ကန့်သတ်မှုတွေနဲ့ ယာယီပိတ်ထားတဲ့ စီးပွားရေးလုပ်ငန်းတွေကို တဖြည်းဖြည်းချင်း ပြန်စဖို့ ပြင်ဆင်နေကြပါတယ်။

စပိန်နိုင်ငံမှာ တနင်္ဂနွေနေ့က ကလေးငယ်တွေကို သီတင်းခြောက်ပတ်အတွင်း ပထမဆုံးအကြိမ် အိမ်အပြင်ထွက်ခွင့် ပြန်ပေးခဲ့ပါတယ်။ စပိန်ဟာ အမေရိကန်ပြည်ထောင်စုပြီးရင် ကမ္ဘာပေါ်မှာ ဒီရောဂါကူးစက်မှု အများဆုံးရှိတဲ့နိုင်ငံ ဖြစ်ပါတယ်။

ရောဂါကူးစက်မှု တတိယအများဆုံးဖြစ်တဲ့ အီတလီနိုင်ငံမှာတော့ နောက်ပိုင်း ကူးစက်မှုတွေ အနည်းငယ် ပြန်လည်လျော့ကျလာတာကြောင့် အသွားအလာ ကန့်သတ်မှုတွေ တဖြည်းဖြည်း ပြန်လျှော့ဖို့ ပြင်နေပါတယ်။

ကမ္ဘာ့ခေါင်းဆောင်တွေထဲ ဒီရောဂါ ပထမဆုံး ကူးစက်ခံရပြီး ဆေးရုံတက် ကုသမှုခံယူခဲ့ရတဲ့ ဗြိတိန်ဝန်ကြီးချုပ် Boris Johnson ကတော့ ပြန်လည် သက်သာလာပြီဖြစ်လို့ တနင်္လာနေ့မှာ ပုံမှန်အလုပ်တွေ ပြန်လည်စတင်ဖွယ် ရှိနေပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ စတင်ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ဒီရောဂါနဲ့ ဆေးရုံတက် ကုသမှုခံယူခဲ့ကြသူတွေ အားလုံးကို ဆေးရုံကနေ ပြန်ဆင်းခွင့်ပေးလိုက်ပြီလို့ တရုတ်ကျန်းမာရေး အရာရှိတွေက တနင်္ဂနွေနေ့က ပြောပါတယ်။

တရုတ်နိုင်ငံတွင်း ဒီရောဂါကူးစက်မှုပေါင်းရဲ့ တဝက်လောက်က ဝူဟန်မြို့မှာ ရှိခဲ့တာပါ။ ဒါကြောင့် ဒီမြို့ကို ပြီးခဲ့တဲ့ ဇန်နဝါရီလကစပြီး ၂ လခွဲလောက် မြို့တွင်း မြို့ပြင် အသွားအလာတွေ ကန့်သတ်မှုတွေ တင်းတင်းကျပ်ကျပ် ချမှတ်ပြီး မြို့ကို လုံး၀ သီးခြားခွဲ ပိတ်ဆို့ပစ်ခဲ့ပါတယ်။ ကူးစက်မှုတွေ နည်းပါးလာချိန်မှာ ကန့်သတ်ချက် အတော်များများ ပြန်လည် ဖြေလျှော့ပေးခဲ့ပေမယ့်လို့ ဒေသခံတွေ အနေနဲ့ ရောဂါပိုး ရှိမရှိ စစ်ဆေးမှုတွေကိုတော့ ပုံမှန်လုပ်နေရဆဲ ဖြစ်ပါတယ်။

XS
SM
MD
LG