သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

နယူးေယာက္ေဆးဆုိင္ေတြမွာ COVID-19 စစ္ခြင့္ျပဳမည္


နယူးေယာက္ၿမိဳ႕ Elmhurst အရပ္ရွိ ေဆး႐ုံတ႐ုံ အထူးၾကပ္မတ္ကုသေဆာင္ ျမင္ကြင္း။

(Zawgyi / Unicode)

အေမရိကန္ျပည္ေထာင္စု နယူးေယာက္မွာ ေနထုိင္သူေတြအေနနဲ႔ COVID-19 ကပ္ေရာဂါရွိမရွိ ဆုိတာကို ေဆးဆုိင္ေတြမွာ မၾကာခင္ စစ္ႏုိင္ေတာ့မယ္လို႔ နယူးေယာက္ျပည္နယ္ အုပ္ခ်ဳပ္ေရးမွဴး Andrew Cuomo က ေျပာလိုက္ပါတယ္။

ကို႐ုိနာဗုိင္းရပ္စ္ရွိမရွိ စစ္ေဆးဖို႔အတြက္ ေဆးဆုိင္ ၅,၀၀၀ ကုိ ခြင့္ျပဳသြားမွာျဖစ္ၿပီး တေန႔ကို စမ္းသပ္မႈေပါင္း ၄၀,၀၀၀ ေလာက္ လုပ္ႏုိင္ဖို႔ ရည္မွန္းထားတယ္လို႔လည္း ေျပာပါတယ္။

ဒါ့အျပင္ နယူးေယာက္ၿမိဳ႕က ေဆး႐ုံ ၄ ခုမွာ အလုပ္လုပ္ေနၾကတဲ့ က်န္းမာေရး၀န္ထမ္းေတြ အေနနဲ႔ ဗုိင္းရပ္စ္ကို ခုခံႏုိင္တဲ့ ကိုယ္ခံအားရွိမရွိ ဆုိတာကို စမ္းသပ္စစ္ေဆးခြင့္ရမွာ ျဖစ္တယ္လို႔ သူကေျပာပါတယ္။

ကမာ႔ၻက်န္းမာေရးအဖဲြ႔ (WHO) ကေတာ့ ခႏၶာကိုယ္အတြင္း ခုခံႏုိင္တဲ့ ပဋိလႈံ႔ပစၥည္းေတြေၾကာင့္ COVID-19 ေရာဂါ ေပ်ာက္ကင္းသြားသူေတြ အေနနဲ႔ ေနာက္တႀကိမ္ ကို႐ုိနာဗုိင္းရပ္စ္ မကူးစက္ႏုိင္ဘူးလို႔ အခုိင္အမာ ေျပာႏုိင္တဲ့ သက္ေသအေထာက္အထား မရွိေသးေၾကာင္း သတိေပးထားတာပါ။

အေမရိကန္မွာ ကို႐ုိနာဗုိင္းရပ္စ္ေၾကာင့္ ေသဆုံးသူ ၅၄,၀၀၀ နီးပါး ရွိေနတဲ့အထဲက ၃ ပုံ ၁ ပုံကေတာ့ နယူးေယာက္မွာ ျဖစ္ပါတယ္။

တခ်ိန္တည္းမွာပဲ ကမာၻတ၀ွမ္းမွာ ကို႐ုိနာဗုိင္းရပ္စ္ ကူးစက္ခံရသူ ၂,၉၀၀,၀၀၀ ေက်ာ္သြားၿပီျဖစ္ၿပီး ေသဆုံးသူေပါင္းဟာလည္း ၂၀၀,၀၀၀ ေက်ာ္သြားခဲ့ၿပီ ျဖစ္ပါတယ္။

နယူးေယာက္ေဆးဆုိင္ေတြမွာ COVID-19 စစ္ခြင့္ျပဳမည္
please wait

No media source currently available

0:00 0:01:03 0:00
တိုက္႐ိုက္ လင့္ခ္

----------------------------------

(Unicode)

နယူးယောက်ဆေးဆိုင်တွေမှာ COVID-19 စစ်ခွင့်ပြုမည်

အမေရိကန်ပြည်ထောင်စု နယူးယောက်မှာ နေထိုင်သူတွေအနေနဲ့ COVID-19 ကပ်ရောဂါရှိမရှိ ဆိုတာကို ဆေးဆိုင်တွေမှာ မကြာခင် စစ်နိုင်တော့မယ်လို့ နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူး Andrew Cuomo က ပြောလိုက်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ရှိမရှိ စစ်ဆေးဖို့အတွက် ဆေးဆိုင် ၅,၀၀၀ ကို ခွင့်ပြုသွားမှာဖြစ်ပြီး တနေ့ကို စမ်းသပ်မှုပေါင်း ၄၀,၀၀၀ လောက် လုပ်နိုင်ဖို့ ရည်မှန်းထားတယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် နယူးယောက်မြို့က ဆေးရုံ ၄ ခုမှာ အလုပ်လုပ်နေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေ အနေနဲ့ ဗိုင်းရပ်စ်ကို ခုခံနိုင်တဲ့ ကိုယ်ခံအားရှိမရှိ ဆိုတာကို စမ်းသပ်စစ်ဆေးခွင့်ရမှာ ဖြစ်တယ်လို့ သူကပြောပါတယ်။

ကမာ့္ဘကျန်းမာရေးအဖွဲ့ (WHO) ကတော့ ခန္ဓာကိုယ်အတွင်း ခုခံနိုင်တဲ့ ပဋိလှုံ့ပစ္စည်းတွေကြောင့် COVID-19 ရောဂါ ပျောက်ကင်းသွားသူတွေ အနေနဲ့ နောက်တကြိမ် ကိုရိုနာဗိုင်းရပ်စ် မကူးစက်နိုင်ဘူးလို့ အခိုင်အမာ ပြောနိုင်တဲ့ သက်သေအထောက်အထား မရှိသေးကြောင်း သတိပေးထားတာပါ။

အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၅၄,၀၀၀ နီးပါး ရှိနေတဲ့အထဲက ၃ ပုံ ၁ ပုံကတော့ နယူးယောက်မှာ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ ကမ္ဘာတဝှမ်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂,၉၀၀,၀၀၀ ကျော်သွားပြီဖြစ်ပြီး သေဆုံးသူပေါင်းဟာလည်း ၂၀၀,၀၀၀ ကျော်သွားခဲ့ပြီ ဖြစ်ပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG