သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

COVID-19 ကန့်သတ်ချက်တွေ ဘယ်လိုလျှော့ပေးသင့်သလဲ


ဂျာမနီနိုင်ငံ Leipzig မြို့တွင် နှာခေါင်းစည်းတပ် ဈေးဝယ်ထွက်သည့် အမျိုးသားနှင့် အမျိုးသမီး။ (ဧပြီ ၂၀၊ ၂၀၂၀)
ဂျာမနီနိုင်ငံ Leipzig မြို့တွင် နှာခေါင်းစည်းတပ် ဈေးဝယ်ထွက်သည့် အမျိုးသားနှင့် အမျိုးသမီး။ (ဧပြီ ၂၀၊ ၂၀၂၀)

(Zawgyi / Unicode)

ဂျာမနီ၊ တောင်ကိုရီးယားနဲ့ အမေရိကန်ပြည်ထောင်စုက ပြည်နယ်တချို့ အပါအဝင် ကမ္ဘာ့နိုင်ငံ အနည်းငယ်မှာ ကိုရိုနာဗိုင်းရပ်စ် တားဆီးရေး ပိတ်ဆို့ကန့်သတ်ချက်တွေကို ဒီသီတင်းပတ်ထဲမှာ စတင်ဖြေလျော့ပေးနေပေမယ့် အခြေအနေနဲ့ အချိန်အခါကို ကြည့်ပြီး ဆောင်ရွက်သင့်တယ်ဆိုတာကို ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေက သတိပေးနေကြပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ဗွီအိုအေ သံတမန်ရေးရာ သတင်းထောက် Cindy Saine ရဲ့ သတင်းပေးပို့ချက်ကို မခွာညို တင်ပြပေးထားပါတယ်။

လူတွေ အိမ်ပြင်ထွက်ပြီး ဘုရားကျောင်းတက်၊ ဈေးဆိုင်တွေ၊ စားသောက်ဆိုင်တွေနဲ့ ပင်လယ်ကမ်းစပ်တွေဆီ မသွားခင် အခြေအနေတွေ နေသားတကျဖြစ်အောင် အရင်လုပ်ဖို့လိုကြောင်း ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေက သတိပေးနေပါတယ်။

ဂျာမနီမှာ ကိုရိုနာဗိုင်းရပ်စ် မပျံ့နှံ့အောင်ရည်ရွယ်ပြီး တလလောက် တင်းတင်းကျပ်ကျပ် အသွားအလာ ပိတ်ဆို့ထားခဲ့ရာကနေ အခုတော့ Cologne နဲ့ Frankfurt လို မြို့ကြီးတွေမှာ ဆိုင်တချို့ ပြန်ဖွင့်ခွင့်ပေးလိုက်ပါတယ်။

အမေရိကန်မှာတော့ သမ္မတ Trump ကို ထောက်ခံသူတွေက ပြည်နယ်အလိုက် သီးခြားစီ ချမှတ်ထားတဲ့ အသွားအလာ ကန့်သတ်မှုတွေကို ဆန့်ကျင်ပြီး ပြည်နယ်လွှတ်တော်တွေရှေ့မှာ ဆန္ဒပြနေကြပါတယ်။

ဖလော်ရီဒါမှာတော့ ပယ်လယ်ကမ်းစပ်တချို့ကို ပြန်ဖွင့်ပေးလိုက်သလို ဂျော်ဂျီယာပြည်နယ်မှာလည်း အားကစားရုံတွေ၊ ဆံသဆိုင်တွေကို ဒီသီတင်းပတ် နှောင်းပိုင်းမှာ ပြန်ဖွင့်ခဲ့ကြပါတယ်။

ဂျာမနီနဲ့ တောင်ကိုရီးယားဟာ စမ်းသပ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ခဲ့တယ်၊ ဆေးရုံတက်သူ လျော့ကျသွားတယ်၊ နောက် သေဆုံးမှုနှုန်းလည်း ကျဆင်းခဲ့တာတွေကြောင့် ပိတ်ဆို့မှုတွေကို ဖြေလျော့ပေးလိုက်တာဖြစ်ပေမယ့် အမေရိကန်မှာတော့ အခုမှ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုအရှိန် အမြင့်ဆုံးအချိန်မှာ ရောက်နေတုန်းဖြစ်လို့ ကန့်သတ်ချက်တွေ ဖြေလျော့ပေးဖို့ မသင့်သေးဘူးလို့ ပြောသူတွေလည်း ရှိပါတယ်။

ဒေါက်တာ William Schaffner ကလည်း Vanderbilt ဆေးတက္ကသိုလ်ကပါ။

“ဒီ ၁၄ ရက် ကန့်သတ်ကာလကုန်သွားရင် ကန့်သတ်မှုတွေ လျှော့ချပေးဖို့ကို မျှော်လင့်နေပါလိမ့်မယ်။ နောက်ပြီး ဆေးရုံတွေအနေနဲ့လည်း ဒီလူနာတွေကို ပြုစုစောင့်ရှောက်ရေးမှာ နိုင်နိုင်နင်းနင်း ဆောင်ရွက်ပေးနိုင်ဖို့လည်း လုပ်ပေးရမှာဖြစ်ပါတယ်။” လို့ သူက ပြောပါတယ်။

နယူးယောက်နဲ့ အမေရိကန်ရဲ့ တခြားဒေသတွေမှာတော့ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးနဲ့ တခြားသူတွေကို မကူးစက်စေရေးအတွက် သုံးရမယ့် ကာကွယ်ရေးပစ္စည်းတွေ မလုံမလောက် ဖြစ်နေတာကိုလည်း ကျန်းမာရေးဝန်ထမ်းတွေက ကန့်ကွက် ဆန္ဒပြနေကြပါတယ်။

Gavin Yamey ကတော့ Duke တက္ကသိုလ်က ပါမောက္ခပါ။

“နေရာအတော်များများ၊ ဆေးရုံအတော်များများမှာ ကျန်းမာရေးဝန်ထမ်းတွေကြား ကူးစက်ခံရမှုနှုန်းက အံ့သြစရာကောင်းလောက်အောင် မြင့်တက်လာနေတာကို မြင်နေကြရပါတယ်။ ဒါက ကံဆိုးမိုးမှောင်ကျမှုပါပဲ။ ကျနော့်အနေနဲ့ကတော့ ဒါဟာ ရှက်စရာကောင်းတယ်လို့ ပြောရမှာပါပဲ။” လို့ သူက ပြောပါတယ်။

အသွားအလာကန့်သတ်မှု ပိတ်ထားတာတွေကို ဖြေလျှော့ပေးမယ့်ကိစ္စဟာ အထူးသတိထား ကိုင်တွယ်ရမယ့်ကိစ္စ ဖြစ်တယ်လို့ ကျန်းမာရေးဆိုင်ရာ ပညာရှင်တွေက သတိပေးနေကြပါတယ်။ တကယ်လို့သာ ကိုရိုနာဗိုင်းရပ်စ်တွေ တကျော့ပြန် ပျံ့နှံ့လာမယ်ဆိုရင် ဒီကန့်သတ်တားမြစ်ချက်တွေကို ပြန်ပြီး ထုတ်ပြန်ရမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

-------------------------------------

(Unicode)

COVID-19 ကန့ျသတျခကြျတှေ ဘယျလိုလြှော့ပေးသင့ျသလဲ







ဒေါကျတာ William Schaffner ကလညျး Vanderbilt ဆေးတက်ကသိုလျကပါ။



Gavin Yamey ကတော့ Duke တက်ကသိုလျက ပါမောက်ခပါ။



XS
SM
MD
LG