သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID-19 ေရာဂါ ေပ်ာက္ကင္းသူေတြ ျပန္ကူးစက္မခံရေရး မေသခ်ာ


အီရန္ႏုိင္ငံ တီဟီရန္ၿမိဳ႕တြင္ ကို႐ိုနာဗုိင္းရပ္စ္ ကာကြယ္ႏုိင္ေရး ႏွာေခါင္းစည္းတပ္ ေဈးဝယ္ထြက္သူႏွစ္ဦး။ (ဧၿပီ ၂၀၊ ၂၀၂၀)

(Zawgyi / Unicode)

ကို႐ုိနာဗိုင္းရပ္စ္ေရာဂါပိုးဟာ ကမာၻတလႊားမွာ လူေပါင္း ၂,၈၆၅,၉၃၈ ကူးစက္ခံေနရၿပီး ေသဆံုးရသူေပါင္းက ၂၀၀,၆၉၇ ရွိေနၿပီလို႔ Johns Hopkins တကၠသိုလ္ရဲ႕ စေနေန႔စစ္တမ္းမွာ ေဖာ္ျပထားပါတယ္။

ဒီလိုအေျခအေနမ်ိဳးမွာ တခ်ိဳ႕ႏိုင္ငံ အစိုးရေတြက ဒီေရာဂါအတြက္ ေဆးစစ္ရာမွာ Antibodies ကိုယ္ခံအားရွိေနတာကို ေတြ႔ၿပီး ဒါဟာ ေရာဂါဒဏ္ ခံႏိုင္ရည္ရွိၿပီဆိုတာ ျပေနတယ္လို႔ သတ္မွတ္ၿပီး ခရီးသြားခြင့္၊ အလုပ္ခြင္ ဝင္ခြင့္ေတြ ေပးလို႔ ရႏုိင္တယ္လုိ႔ အႀကံျပဳေနၾကတာပါ။

ဒါေၾကာင့္ ကို႐ုိနာဗုိင္းရပ္စ္ေရာဂါပိုး ကူးစက္ခံရၿပီး ျပန္နာလံထလာသူေတြ ဒီေရာဂါပိုးဒဏ္ ခံႏုိင္သြားတာေၾကာင့္ ေနာက္တခ်ီ ထပ္မျဖစ္ႏိုင္ဘူးလို႔ ေျပာရေအာင္ ခိုင္လံုတဲ့ သက္ေသအေထာက္ထား မရွိဘူးလို႔ စေနေန႔မွာပဲ WHO ကမာၻ႔က်န္းမာေရး အဖြဲ႔ႀကီးက သတိေပးလိုက္ပါတယ္။

ၿပီးခဲ့တဲ့သီတင္းပတ္ထဲမွာပဲ ခ်ီလီအစိုးရက သူ႔ႏိုင္ငံမွာ COVID-19 ေရာဂါဒဏ္ခံရၿပီး ျပန္နာလံထူလာသူေတြကို လုပ္ငန္းခြင္ျပန္ဝင္ဖုိ႔ ခြင့္ျပဳတဲ့ က်န္းမာေရးလက္မွတ္ေတြ စထုတ္ေပးခဲ့တာပါ။ ဒီလို လက္မွတ္ထုတ္မေပးခင္မွာ Antibodies ကိုယ္ခံအား ထုတ္ေပးမႈရွိမရွိ စစ္ေဆးမႈ ခံၾကရပါတယ္။

အေရွ႕အလယ္ပိုင္းေဒသမွာ ဒီေရာဂါဒဏ္ ဆိုးဆိုးဝါးဝါးခံရတဲ့ အီရန္ႏုိင္ငံမွာေတာ့ အစၥလာမ္ဘာသာဝင္ေတြရဲ႕ ရာမာဒန္ ဥပုသ္လ စေနခ်ိန္မွာပဲ စေနေန႔က ဒီေရာဂါ ေနာက္ထပ္ျဖစ္ပြားတာ ေတြ႔ရပါတယ္။

ကမာၻမွာ ဒီေရာဂါကူးစက္မႈ အမ်ားဆံုးျဖစ္ေနတဲ့ အေမရိကန္ႏိုင္ငံမွာေတာ့ ကူးစက္ခံရသူေပါင္း ၉၀၇,၀၀၀ ရွိေနၿပီး ေသဆံုးရသူက ၅၂,၀၀၀ ေက်ာ္ ရွိေနပါတယ္။

ဒီကပ္ေရာဂါဒဏ္ေၾကာင့္ ေသဆံုးသူအေရအတြက္ မ်ားေနသလို ကမာၻတလႊား စီးပြားေရးကိုပါ အႀကီးအက်ယ္ ထိခိုက္ေနတာေၾကာင့္ အေမရိကန္ အပါအဝင္ ႏုိင္ငံအမ်ားအျပားဟာ စီးပြားေရး ျပန္စႏုိင္ေအာင္ ႀကိဳးစားတဲ့အေနနဲ႔ ခရီးသြား ကန္႔သတ္မႈေတြ ေျဖေလွ်ာ့ဖို႔အျပင္ စီးပြားေရးလုပ္ငန္းေတြပါ ျပန္ဖြင့္ဖို႔ ႀကိဳးစားေနၾကပါတယ္။

အေမရိကန္ႏုိင္ငံ စီးပြားေရး ျပန္ေကာင္းလာေစဖို႔ ရည္ရြယ္ၿပီး အေသးစား လုပ္ငန္းေလးေတြအတြက္ ေငြေခ်းဖို႔ အပါအဝင္ COVID-19 ေရာဂါပိုး ရွိမရွိ စမ္းသပ္စစ္ေဆးမႈေတြ ပိုလုပ္ေပးႏုိင္ေအာင္ အေမရိကန္အစိုးရက အကူအညီ ေဒၚလာ ၄၈၄ ဘီလ်ံ ခ်ထားေပးဖို႔ အစီအစဥ္ကို သမၼတ Donald Trump က ေသာၾကာေန႔ကပဲ လက္မွတ္ေရးထုိးေပးခဲ့တာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------------------

(Unicode)

COVID-19 ရောဂါ ပျောက်ကင်းသူတွေ ပြန်ကူးစက်မခံရရေး မသေချာ

ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးဟာ ကမ္ဘာတလွှားမှာ လူပေါင်း ၂,၈၆၅,၉၃၈ ကူးစက်ခံနေရပြီး သေဆုံးရသူပေါင်းက ၂၀၀,၆၉၇ ရှိနေပြီလို့ Johns Hopkins တက္ကသိုလ်ရဲ့ စနေနေ့စစ်တမ်းမှာ ဖော်ပြထားပါတယ်။

ဒီလိုအခြေအနေမျိုးမှာ တချို့နိုင်ငံ အစိုးရတွေက ဒီရောဂါအတွက် ဆေးစစ်ရာမှာ Antibodies ကိုယ်ခံအားရှိနေတာကို တွေ့ပြီး ဒါဟာ ရောဂါဒဏ် ခံနိုင်ရည်ရှိပြီဆိုတာ ပြနေတယ်လို့ သတ်မှတ်ပြီး ခရီးသွားခွင့်၊ အလုပ်ခွင် ဝင်ခွင့်တွေ ပေးလို့ ရနိုင်တယ်လို့ အကြံပြုနေကြတာပါ။

ဒါကြောင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံရပြီး ပြန်နာလံထလာသူတွေ ဒီရောဂါပိုးဒဏ် ခံနိုင်သွားတာကြောင့် နောက်တချီ ထပ်မဖြစ်နိုင်ဘူးလို့ ပြောရအောင် ခိုင်လုံတဲ့ သက်သေအထောက်ထား မရှိဘူးလို့ စနေနေ့မှာပဲ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက သတိပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်ထဲမှာပဲ ချီလီအစိုးရက သူ့နိုင်ငံမှာ COVID-19 ရောဂါဒဏ်ခံရပြီး ပြန်နာလံထူလာသူတွေကို လုပ်ငန်းခွင်ပြန်ဝင်ဖို့ ခွင့်ပြုတဲ့ ကျန်းမာရေးလက်မှတ်တွေ စထုတ်ပေးခဲ့တာပါ။ ဒီလို လက်မှတ်ထုတ်မပေးခင်မှာ Antibodies ကိုယ်ခံအား ထုတ်ပေးမှုရှိမရှိ စစ်ဆေးမှု ခံကြရပါတယ်။

အရှေ့အလယ်ပိုင်းဒေသမှာ ဒီရောဂါဒဏ် ဆိုးဆိုးဝါးဝါးခံရတဲ့ အီရန်နိုင်ငံမှာတော့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ရာမာဒန် ဥပုသ်လ စနေချိန်မှာပဲ စနေနေ့က ဒီရောဂါ နောက်ထပ်ဖြစ်ပွားတာ တွေ့ရပါတယ်။

ကမ္ဘာမှာ ဒီရောဂါကူးစက်မှု အများဆုံးဖြစ်နေတဲ့ အမေရိကန်နိုင်ငံမှာတော့ ကူးစက်ခံရသူပေါင်း ၉၀၇,၀၀၀ ရှိနေပြီး သေဆုံးရသူက ၅၂,၀၀၀ ကျော် ရှိနေပါတယ်။

ဒီကပ်ရောဂါဒဏ်ကြောင့် သေဆုံးသူအရေtတွက် များနေသလို ကမ္ဘာတလွှား စီးပွားရေးကိုပါ အကြီးအကျယ် ထိခိုက်နေတာကြောင့် အမေရိကန် အပါအဝင် နိုင်ငံအများအပြားဟာ စီးပွားရေး ပြန်စနိုင်အောင် ကြိုးစားတဲ့အနေနဲ့ ခရီးသွား ကန့်သတ်မှုတွေ ဖြေလျှော့ဖို့အပြင် စီးပွားရေးလုပ်ငန်းတွေပါ ပြန်ဖွင့်ဖို့ ကြိုးစားနေကြပါတယ်။

အမေရိကန်နိုင်ငံ စီးပွားရေး ပြန်ကောင်းလာစေဖို့ ရည်ရွယ်ပြီး အသေးစား လုပ်ငန်းလေးတွေအတွက် ငွေချေးဖို့ အပါအဝင် COVID-19 ရောဂါပိုး ရှိမရှိ စမ်းသပ်စစ်ဆေးမှုတွေ ပိုလုပ်ပေးနိုင်အောင် အမေရိကန်အစိုးရက အကူအညီ ဒေါ်လာ ၄၈၄ ဘီလျံ ချထားပေးဖို့ အစီအစဉ်ကို သမ္မတ Donald Trump က သောကြာနေ့ကပဲ လက်မှတ်ရေးထိုးပေးခဲ့တာ ဖြစ်ပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG