သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မကၠဆီကိုမွာ ကိုဗစ္ေၾကာင့္ေသဆံုးသူ ကမာၻ႔ တတိယအမ်ားဆံုး ျဖစ္လာ


မကၠဆီကုိမွာ COVID-19 ေၾကာင့္ ေသဆုံးသြားသူတဦးကို သယ္ေဆာင္ေနတဲ့ အလုပ္သမားမ်ား။ (ဇြန္ ၁၀၊ ၂၀၂၀)

(Zawgyi / Unicode)

မကၠဆီကိုႏုိင္ငံမွာ ကိုဗစ္ေရာဂါေၾကာင့္ ေသဆံုးသူ အေရအတြက္ဟာ အေမရိကန္နဲ႔ ဘရာဇီးၿပီးရင္ တကမာၻလံုးမွာ တတိယအမ်ားဆံုး ျဖစ္သြားပါၿပီ။

ေသာၾကာေန႔က မကၠဆီကိုမွာ ကိုဗစ္ေၾကာင့္ ေသဆံုးသူ အေရအတြက္ ၆၈၈ ဦးရွိတယ္လုိ႔ က်န္းမာေရး တာဝန္ရွိသူေတြက ေျပာတာေၾကာင့္ စုစုေပါင္းေသဆံုးသူ ၄၆,၀၀၀ ေက်ာ္သြားၿပီ ျဖစ္ပါတယ္။

ကိုဗစ္ကူးစက္တာ ၿငိမ္သြားၿပီးေတာ့ တေက်ာ့ျပန္ျဖစ္ေနတဲ့ ဗီယက္နမ္မွာ ေရာဂါပိုး ကူးစက္ခံထားရသူ တတိယေျမာက္လူတဦး ေသဆံုးသြားၿပီလို႔ တာဝန္ရွိသူေတြက ဒီကေန႔ ေျပာပါတယ္။

၉၉ ရက္ၾကာ ျပည္တြင္းမွာ ပ်ံ႕ႏွံ႔ကူးစက္တာ မရွိခဲ့တာကေန တေက်ာ့ျပန္ ကူးစက္တာေတြ ရွိလာခဲ့ၿပီး ပထမဆံုး လူေသဆံုးမႈျဖစ္အၿပီး ေနာက္တရက္အၾကာမွာ အခု သံုးေယာက္ေျမာက္ လူေသဆံုးတာပါ။

အိႏိၵယႏုိင္ငံမွာ လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း ေနာက္ထပ္ကူးစက္သူ ၅၇,၀၀၀ ေက်ာ္ရွိတာေၾကာင့္ အခုဆိုရင္ ေရာဂါပိုး ကူးစက္ထားသူေပါင္း ၁.၇ သန္းနီးပါး ရွိသြားၿပီျဖစ္ပါတယ္။ ဇူလိုင္လ တလတည္းမွာတင္ အိႏိၵယမွာ ကူးစက္သူအေရအတြက္ ၁.၁ သန္းနီးပါး ရွိခဲ့ပါတယ္။

ဂ်ပန္ႏိုင္ငံ၊ တိုက်ဳိၿမိဳ႕ေတာ္မွာလည္း ဒီကေန႔ ေနာက္ထပ္ ေရာဂါပိုးကူးစက္သူ ၄၇၂ ဦးရွိတာေၾကာင့္ သံုးရက္ဆက္တိုက္ စံခ်ိန္တင္အေရအတြက္နဲ႔ ကူးစက္တာ ျဖစ္ပါတယ္။

ဂ်ပန္တႏုိင္ငံလံုးအေနနဲ႔ ဆိုရင္ေတာ့ ေသာၾကာေန႔က ကူးစက္သူ အေရအတြက္ ၁,၅၇၉ ဦးနဲ႔ ေနာက္ထပ္ ကူးစက္မႈ အေရအတြက္ စံခ်ိန္ထပ္တင္ခဲ့ပါတယ္။

ေရာဂါပိုးကူးစက္သူ အမ်ားစုဟာ အသက္ ၂၀ ေက်ာ္ ၃၀ ေက်ာ္အရြယ္ေတြ ျဖစ္ၾကတာေၾကာင့္ လူငယ္ေတြၾကားမွာ ဗိုင္းရပ္စ္ပိုး အကာအကြယ္ေတြ ထိထိေရာက္ေရာက္ မလုပ္တာ၊ အျပင္ထြက္ သြားလာၾကတာ၊ ပါတီပြဲ တက္ၾကတာေတြကို ျပေနတယ္လုိ႔ တာဝန္ရွိသူေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------------

(Unicode)

မက္ကဆီကိုမှာ ကိုဗစ်ကြောင့်သေဆုံးသူ ကမ္ဘာ့ တတိယအများဆုံး ဖြစ်လာ

မက္ကဆီကိုနိုင်ငံမှာ ကိုဗစ်ရောဂါကြောင့် သေဆုံးသူ အရေအတွက်ဟာ အမေရိကန်နဲ့ ဘရာဇီးပြီးရင် တကမ္ဘာလုံးမှာ တတိယအများဆုံး ဖြစ်သွားပါပြီ။

သောကြာနေ့က မက္ကဆီကိုမှာ ကိုဗစ်ကြောင့် သေဆုံးသူ အရေအတွက် ၆၈၈ ဦးရှိတယ်လို့ ကျန်းမာရေး တာဝန်ရှိသူတွေက ပြောတာကြောင့် စုစုပေါင်းသေဆုံးသူ ၄၆,၀၀၀ ကျော်သွားပြီ ဖြစ်ပါတယ်။

ကိုဗစ်ကူးစက်တာ ငြိမ်သွားပြီးတော့ တကျော့ပြန်ဖြစ်နေတဲ့ ဗီယက်နမ်မှာ ရောဂါပိုး ကူးစက်ခံထားရသူ တတိယမြောက်လူတဦး သေဆုံးသွားပြီလို့ တာဝန်ရှိသူတွေက ဒီကနေ့ ပြောပါတယ်။

၉၉ ရက်ကြာ ပြည်တွင်းမှာ ပျံ့နှံ့ကူးစက်တာ မရှိခဲ့တာကနေ တကျော့ပြန် ကူးစက်တာတွေ ရှိလာခဲ့ပြီး ပထမဆုံး လူသေဆုံးမှုဖြစ်အပြီး နောက်တရက်အကြာမှာ အခု သုံးယောက်မြောက် လူသေဆုံးတာပါ။

အိန္ဒိယနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း နောက်ထပ်ကူးစက်သူ ၅၇,၀၀၀ ကျော်ရှိတာကြောင့် အခုဆိုရင် ရောဂါပိုး ကူးစက်ထားသူပေါင်း ၁.၇ သန်းနီးပါး ရှိသွားပြီဖြစ်ပါတယ်။ ဇူလိုင်လ တလတည်းမှာတင် အိန္ဒိယမှာ ကူးစက်သူအရေအတွက် ၁.၁ သန်းနီးပါး ရှိခဲ့ပါတယ်။

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်မှာလည်း ဒီကနေ့ နောက်ထပ် ရောဂါပိုးကူးစက်သူ ၄၇၂ ဦးရှိတာကြောင့် သုံးရက်ဆက်တိုက် စံချိန်တင်အရေအတွက်နဲ့ ကူးစက်တာ ဖြစ်ပါတယ်။

ဂျပန်တနိုင်ငံလုံးအနေနဲ့ ဆိုရင်တော့ သောကြာနေ့က ကူးစက်သူ အရေအတွက် ၁,၅၇၉ ဦးနဲ့ နောက်ထပ် ကူးစက်မှု အရေအတွက် စံချိန်ထပ်တင်ခဲ့ပါတယ်။

ရောဂါပိုးကူးစက်သူ အများစုဟာ အသက် ၂၀ ကျော် ၃၀ ကျော်အရွယ်တွေ ဖြစ်ကြတာကြောင့် လူငယ်တွေကြားမှာ ဗိုင်းရပ်စ်ပိုး အကာအကွယ်တွေ ထိထိရောက်ရောက် မလုပ်တာ၊ အပြင်ထွက် သွားလာကြတာ၊ ပါတီပွဲ တက်ကြတာတွေကို ပြနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG