သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

သတင္းသမားေတြ ဖမ္းဆီးမႈရပ္ဖို႔ စစ္ေကာင္စီကို CPJ ေတာင္းဆို


CPJ

[[Zawgyi/Unicode]]

ျမန္မာႏိုင္ငံမွာ ၿပီးခဲ့တဲ့ဒီဇင္ဘာလထဲတုန္းက သတင္းသမား ၈ ေယာက္ကို အာဏာသိမ္းစစ္ေကာင္စီက ႏွစ္ရွည္ ေထာင္ဒဏ္ေတြခ်မွတ္ခဲ့ေၾကာင္းနဲ႔ အခုလို တရားမဝင္ ဖမ္းဆီးေထာင္ခ်ေနတာေတြကိုရပ္တန႔္ၿပီး သတင္းသမားေတြကို လြတ္လပ္စြာလုပ္ကိုင္ခြင့္ေပးဖို႔ သတင္းသမားမ်ားကာကြယ္ေရးအဖြဲ႔ျဖစ္တဲ့ CPJ က ဗုဒၶဟူးေန႔မွာေၾကညာခ်က္တေစာင္ ထုတ္ျပန္ေျပာပါတယ္။

ဒီဇင္ဘာလထဲတုန္းက သတင္းသမားေတြျဖစ္တဲ့ ကိုေဝလင္း၊ မထက္ထက္၊ ကိုစိုးရာဇာလင္း၊ ကိုေကာင္းဆက္လင္း၊ မမႉးရတနာခက္မို႔မို႔ထြန္း၊ ဦးဟံသာၿငိမ္း၊ ကိုေအာင္လင္း၊ ကိုသူရိန္ေက်ာ္တို႔ကို ေပါက္ကြဲပစၥည္းပုဒ္မ၊ အၾကမ္းဖက္ပုဒ္မေတြနဲ႔ ေထာင္ဒဏ္ အနည္းဆုံး ၃ ႏွစ္ကေန အမ်ားဆုံး ၁၀ ႏွစ္အတြင္းရွိတဲ့ ေထာင္ဒဏ္ေတြ အသီးသီးခ်မွတ္ခဲ့တယ္လို႔ CPJ ေဖၚျပထားပါတယ္။

ျမန္မာႏိုင္ငံမွာ ဖမ္းဆီးထားတဲ့သတင္းသမား စုစုေပါင္း ၄၂ ေယာက္ရွိၿပီး ကမာၻေပၚမွာ တတိယအမ်ားဆုံး သတင္းသမားေတြကို ဖမ္းဆီးေထာင္ခ်တဲ့ႏိုင္ငံျဖစ္တယ္လို႔လည္း CPJ ကေျပာထားပါတယ္။

ဒါေပမယ့္ ၿပီးခဲ့တဲ့ဇႏၷဝါရီလ ၄ ရက္ေန႔ လြတ္လပ္ေရးေန႔တုန္းက အက်ဥ္းသား ၇,၀၀၀ ေလာက္ကိုလႊတ္ေပးခဲ့တဲ့အထဲမွာ သတင္းသမား ၆ ဦး ျပန္လည္လြတ္ေျမာက္လာခဲ့တယ္လို႔ CPJ ရဲ႕ေၾကညာခ်က္မွာ ေဖၚျပထားပါတယ္။

ျမန္မာႏိုင္ငံမွာ သတင္းသမားေတြကို ရာဇဝတ္သားေတြလိုဆက္ဆံေနတာကို ရပ္တန႔္ၿပီး ဖမ္းဆီးထားတဲ့သတင္းမားေတြကို ျပန္လႊတ္ေပးဖို႔ ႏိုင္ငံတကာသတင္းသမားမ်ားကာကြယ္ေရးအဖြဲ႔ CPJ ကေတာင္းဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

=========================

[[Unicode]]

သတင်းသမားတွေ ဖမ်းဆီးမှုရပ်ဖို့ စစ်ကောင်စီကို CPJ တောင်းဆို

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ဒီဇင်ဘာလထဲတုန်းက သတင်းသမား ၈ ယောက်ကို အာဏာသိမ်းစစ်ကောင်စီက နှစ်ရှည် ထောင်ဒဏ်တွေချမှတ်ခဲ့ကြောင်းနဲ့ အခုလို တရားမဝင် ဖမ်းဆီးထောင်ချနေတာတွေကိုရပ်တန့်ပြီး သတင်းသမားတွေကို လွတ်လပ်စွာလုပ်ကိုင်ခွင့်ပေးဖို့ သတင်းသမားများကာကွယ်ရေးအဖွဲ့ဖြစ်တဲ့ CPJ က ဗုဒ္ဓဟူးနေ့မှာကြေညာချက်တစောင် ထုတ်ပြန်ပြောပါတယ်။

ဒီဇင်ဘာလထဲတုန်းက သတင်းသမားတွေဖြစ်တဲ့ ကိုဝေလင်း၊ မထက်ထက်၊ ကိုစိုးရာဇာလင်း၊ ကိုကောင်းဆက်လင်း၊ မမှူးရတနာခက်မို့မို့ထွန်း၊ ဦးဟံသာငြိမ်း၊ ကိုအောင်လင်း၊ ကိုသူရိန်ကျော်တို့ကို ပေါက်ကွဲပစ္စည်းပုဒ်မ၊ အကြမ်းဖက်ပုဒ်မတွေနဲ့ ထောင်ဒဏ် အနည်းဆုံး ၃ နှစ်ကနေ အများဆုံး ၁၀ နှစ်အတွင်းရှိတဲ့ ထောင်ဒဏ်တွေ အသီးသီးချမှတ်ခဲ့တယ်လို့ CPJ ဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ဖမ်းဆီးထားတဲ့သတင်းသမား စုစုပေါင်း ၄၂ ယောက်ရှိပြီး ကမ္ဘာပေါ်မှာ တတိယအများဆုံး သတင်းသမားတွေကို ဖမ်းဆီးထောင်ချတဲ့နိုင်ငံဖြစ်တယ်လို့လည်း CPJ ကပြောထားပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ဇန္နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးနေ့တုန်းက အကျဉ်းသား ၇,၀၀၀ လောက်ကိုလွှတ်ပေးခဲ့တဲ့အထဲမှာ သတင်းသမား ၆ ဦး ပြန်လည်လွတ်မြောက်လာခဲ့တယ်လို့ CPJ ရဲ့ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ သတင်းသမားတွေကို ရာဇဝတ်သားတွေလိုဆက်ဆံနေတာကို ရပ်တန့်ပြီး ဖမ်းဆီးထားတဲ့သတင်းမားတွေကို ပြန်လွှတ်ပေးဖို့ နိုင်ငံတကာသတင်းသမားများကာကွယ်ရေးအဖွဲ့ CPJ ကတောင်းဆိုထားပါတယ်။

XS
SM
MD
LG