သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မေကြးတိုင္း လႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီဝင္တဦး ဖမ္းဆီးခံရ


စစ္အာဏာသိမ္းျပီးေနာက္ပိုင္း တက္ၾကြလႈပ္ရွားသူမ်ားနွင္ NLD ဖြဲ ့၀င္မ်ားကို ညအခ်ိန္လိုက္လံဖမ္းဆီးစဥ္ (ဓာတ္ပံု - AFP)

(Zawgyi/Unicode)

မေကြးတိုင္း လႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ အဖြဲ႕ဝင္တဦးျဖစ္တဲ့ ေဒၚျမင့္စန္းဟာ ဩဂုတ္လ ၁၁ ရက္မွာ ရဲတပ္ဖြဲ႕က ဖမ္းဆီးတာခံခဲ့ရၿပီး အခု ပခုကၠဴအက်ဥ္းေထာင္မွာ ထိန္းသိမ္းခံထားရေၾကာင္း ျဖစ္စဥ္ကို အေသးစိတ္သိထားတဲ့ နီးစပ္သူတဦးက ဗြီအိုေအကို ေျပာပါတယ္။ ကိုဗစ္ကာကြယ္ေရးအတြက္ အက်ဥ္းေထာင္ထဲမွာပဲ သူ႔ကိုသီးျခားခြဲၿပီး ကနဦး ေစာင့္ၾကည့္ေနတယ္လို႔ ဒီကေန႔သိရပါတယ္။ ရန္ကုန္ကလာတဲ့ ဒီသတင္းကို ကိုေအာင္ျမတ္သူက ေျပာျပပါမယ္။

၂၀၂၀ အေထြေထြ ေ႐ြးေကာက္ပြဲအႏိုင္ရ အမတ္တခ်ိဳ႕နဲ႔ ဖြဲ႕စည္းထားတဲ့ မေကြးတိုင္း လႊတ္ေတာ္ ကိုယ္စားျပဳေကာ္မတီဝင္တဦးျဖစ္သူ ေဒၚျမင့္စန္းဟာ အခုလ ၁၁ ရက္ ညပိုင္းမွာ ရဲတပ္ဖြဲ႕ရဲ႕ ဖမ္းဆီးတာခံရၿပီး အခုေတာ့ ပခုကၠဴအက်ဥ္းေထာင္မွာ ထိန္းသိမ္းခံထားရတာပါ။ ရာဇသတ္ႀကီးပုဒ္မ ၅၀၅ ( က) နဲ႔ ဖမ္းဝရမ္းထုတ္ခံထားရတဲ့ ေဒၚျမင့္စန္းကို သူတိမ္းေရွာင္ေနတဲ့ ပဲခူးတိုင္း၊ နတ္တလင္းၿမိဳ႕၊ ဘူတာ႐ုံရပ္ကြက္က ညီအမအရင္းအိမ္မွာ ဖမ္းဆီးခံခဲ့ရတာလို႔ သူနဲ႔နီးစပ္သူက ဗြီအိုေအကို ေျပာပါတယ္။

“မေကြးတိုင္းထဲမွာ အေရးႀကီးတဲ့ ပုဂၢိဳလ္ထဲမွာပါတဲ့သေဘာေၾကာင့္ ၅၀၅ ( က) တပ္တယ္လို႔ ယူဆရတယ္ေပါ့ေလ။ သူတိမ္းေရွာင္ေနတာ ၾကာပါၿပီ။ ၾကာေတာ့ အခုဟာက သူ႔အေမက အသက္ ၈၈ ႏွစ္ေပါ့။ ၁၀ ရက္ေန႔က ကြယ္လြန္တယ္၊ သူ႔အေမဆုံးေတာ့ သူ႔ရဲ႕ညီမ ေဒၚနီနီျမင့္ကို ေခၚတာေပါ့ေလ။ သြားေခၚေတာ့ ေပါက္ၿမိဳ႕နယ္ကတည္းက ရဲက ပါလာပုံရတယ္။ ည ၁၀ နာရီခြဲေလာက္မွာ ဧည့္စာရင္း စစ္ခ်င္လို႔ပါဆိုၿပီး ရဲတပ္ဖြဲ႕နဲ႔ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးရယ္ ေဒၚနီနီျမင့္နဲ႔ ဆရာမေဒၚျမင့္စန္းကို ဖမ္းသြားတာ။”

ဧည့္စာရင္းေသခ်ာမစစ္ဘူးဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ ဘူတာ႐ုံရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉးကိုလည္း ရဲတပ္ဖြဲ႕ ဖမ္းခဲ့ၿပီး ေနာက္တေန႔မွာ ျပန္လႊတ္ေပးခဲ့သလို ေဒၚျမင့္စန္းရဲ႕ ညီမကိုလည္း ျပန္လႊတ္ေပးခဲ့ပါတယ္။

ေဒၚျမင့္စန္းကို ရဲတပ္ဖြဲ႕က ပခုကၠဴၿမိဳ႕မစခန္းကို အရင္ေခၚေဆာင္သြားၿပီး ဒီေန႔ ဩဂုတ္လ ၁၃ ရက္မွာေတာ့ ပခုကၠဴအက်ဥ္းေထာင္ကို ပို႔လိုက္ပါတယ္။ ေဒၚျမင့္စန္းဟာ သူရဲ႕မိသားစုဝင္တဦးနဲ႔ ဒီကေန႔ ေတြ႕ခြင့္ရခဲ့ၿပီး လုံၿခဳံေရးတင္းက်ပ္တဲ့ အေျခအေနေၾကာင့္ ျဖစ္စဥ္အေသးစိတ္ကို ေမးျမန္းခြင့္မရခဲ့ေၾကာင္း နီးစပ္သူက တဆင့္ ျပန္ေျပာျပပါတယ္။

“ထူးထူးျခားျခားကေတာ့ သူ႔ကို ကြာရန္တင္း ဝင္ရမယ္လို႔ေျပာတယ္။ ဒီ ပခုကၠဴအက်ဥ္းေထာင္မွာ သီးသန႔္ထားမယ္လို႔ ေျပာတယ္ သူတေယာက္တည္းေပါ့။ က်န္းမာေရးေတာ့ ေကာင္းပါတယ္။ က်န္တဲ့ သတင္းအခ်က္အလက္ေတြကေတာ့ က်ေနာ္ ေမးေတာ့ေမးတယ္ ဒါေပမဲ့ သူ႔ေဘးမွာ အဲဒီရဲၿမိဳ႕နယ္မႉးေတြ၊ စခန္းမႉးေတြ ပါေနတဲ့အခါက်ေတာ့ ကားလည္း ေမာင္းေနတယ္ဆိုေတာ့ ဖုန္းခ်သြားတယ္။”
ျပည္နယ္နဲ႔တိုင္း အသီးသီးမွာ ဖြဲ႕စည္းထားတဲ့ လႊတ္ေတာ္ကိုယ္စားျပဳ ေကာ္မတီဝင္ေတြကို စစ္ေကာင္စီဘက္က ရာဇသတ္ႀကီးပုဒ္မ ၅၀၅ (က) ထုတ္ျပန္ၿပီး တခ်ိဳ႕ကိုလည္း ဖမ္းဝရမ္းပါ ဆက္ထုတ္ထားတာပါ။

NLD အစိုးရလက္ထက္က ဝန္ႀကီးခ်ဳပ္ေတြနဲ႔ အစိုးရအဖြဲ႕ဝင္ေတြကိုလည္း ဖမ္းဆီးထိမ္းသိမ္းေနတာေတြကို စစ္ေကာင္စီဘက္က ဆက္လုပ္ေနပါတယ္။ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ေနရပ္ကို စြန႔္ခြာထြက္ေျပးသူေတြ၊ ျပည္ပမွာ ယာယီခိုလႈံခြင့္ေတာင္းခံသူေတြ အမ်ားအျပားရွိေနၿပီး အဲဒီအထဲမွာ NLD အစိုးရအဖြဲ႕ဝင္ေဟာင္းေတြနဲ႔ ၂၀၂၀ ေ႐ြးေကာက္ပြဲအႏိုင္ရ NLD လႊတ္ေတာ္အမတ္ အမ်ားအျပားလည္း ပါဝင္ေနတာ ျဖစ္ပါတယ္။

..............................................................................................

မကွေးတိုင်း လွှတ်တော်ကိုယ်စားပြုကော်မတီဝင်တဦး ဖမ်းဆီးခံရ

(Unicode)

မကွေးတိုင်း လွှတ်တော်ကိုယ်စားပြုကော်မတီ အဖွဲ့ဝင်တဦးဖြစ်တဲ့ ဒေါ်မြင့်စန်းဟာ ဩဂုတ်လ ၁၁ ရက်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးတာခံခဲ့ရပြီး အခု ပခုက္ကူအကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရကြောင်း ဖြစ်စဉ်ကို အသေးစိတ်သိထားတဲ့ နီးစပ်သူတဦးက ဗွီအိုအေကို ပြောပါတယ်။ ကိုဗစ်ကာကွယ်ရေးအတွက် အကျဉ်းထောင်ထဲမှာပဲ သူ့ကိုသီးခြားခွဲပြီး ကနဦး စောင့်ကြည့်နေတယ်လို့ ဒီကနေ့သိရပါတယ်။ ရန်ကုန်ကလာတဲ့ ဒီသတင်းကို ကိုအောင်မြတ်သူက ပြောပြပါမယ်။

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအနိုင်ရ အမတ်တချို့နဲ့ ဖွဲ့စည်းထားတဲ့ မကွေးတိုင်း လွှတ်တော် ကိုယ်စားပြုကော်မတီဝင်တဦးဖြစ်သူ ဒေါ်မြင့်စန်းဟာ အခုလ ၁၁ ရက် ညပိုင်းမှာ ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးတာခံရပြီး အခုတော့ ပခုက္ကူအကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရတာပါ။ ရာဇသတ်ကြီးပုဒ်မ ၅၀၅ ( က) နဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ဒေါ်မြင့်စန်းကို သူတိမ်းရှောင်နေတဲ့ ပဲခူးတိုင်း၊ နတ်တလင်းမြို့၊ ဘူတာရုံရပ်ကွက်က ညီအမအရင်းအိမ်မှာ ဖမ်းဆီးခံခဲ့ရတာလို့ သူနဲ့နီးစပ်သူက ဗွီအိုအေကို ပြောပါတယ်။

“မကွေးတိုင်းထဲမှာ အရေးကြီးတဲ့ ပုဂ္ဂိုလ်ထဲမှာပါတဲ့သဘောကြောင့် ၅၀၅ ( က) တပ်တယ်လို့ ယူဆရတယ်ပေါ့လေ။ သူတိမ်းရှောင်နေတာ ကြာပါပြီ။ ကြာတော့ အခုဟာက သူ့အမေက အသက် ၈၈ နှစ်ပေါ့။ ၁၀ ရက်နေ့က ကွယ်လွန်တယ်၊ သူ့အမေဆုံးတော့ သူ့ရဲ့ညီမ ဒေါ်နီနီမြင့်ကို ခေါ်တာပေါ့လေ။ သွားခေါ်တော့ ပေါက်မြို့နယ်ကတည်းက ရဲက ပါလာပုံရတယ်။ ည ၁၀ နာရီခွဲလောက်မှာ ဧည့်စာရင်း စစ်ချင်လို့ပါဆိုပြီး ရဲတပ်ဖွဲ့နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးရယ် ဒေါ်နီနီမြင့်နဲ့ ဆရာမဒေါ်မြင့်စန်းကို ဖမ်းသွားတာ။”

ဧည့်စာရင်းသေချာမစစ်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဘူတာရုံရပ်ကွက် အုပ်ချုပ်ရေးမှူးကိုလည်း ရဲတပ်ဖွဲ့ ဖမ်းခဲ့ပြီး နောက်တနေ့မှာ ပြန်လွှတ်ပေးခဲ့သလို ဒေါ်မြင့်စန်းရဲ့ ညီမကိုလည်း ပြန်လွှတ်ပေးခဲ့ပါတယ်။

ဒေါ်မြင့်စန်းကို ရဲတပ်ဖွဲ့က ပခုက္ကူမြို့မစခန်းကို အရင်ခေါ်ဆောင်သွားပြီး ဒီနေ့ ဩဂုတ်လ ၁၃ ရက်မှာတော့ ပခုက္ကူအကျဉ်းထောင်ကို ပို့လိုက်ပါတယ်။ ဒေါ်မြင့်စန်းဟာ သူရဲ့မိသားစုဝင်တဦးနဲ့ ဒီကနေ့ တွေ့ခွင့်ရခဲ့ပြီး လုံခြုံရေးတင်းကျပ်တဲ့ အခြေအနေကြောင့် ဖြစ်စဉ်အသေးစိတ်ကို မေးမြန်းခွင့်မရခဲ့ကြောင်း နီးစပ်သူက တဆင့် ပြန်ပြောပြပါတယ်။

“ထူးထူးခြားခြားကတော့ သူ့ကို ကွာရန်တင်း ဝင်ရမယ်လို့ပြောတယ်။ ဒီ ပခုက္ကူအကျဉ်းထောင်မှာ သီးသန့်ထားမယ်လို့ ပြောတယ် သူတယောက်တည်းပေါ့။ ကျန်းမာရေးတော့ ကောင်းပါတယ်။ ကျန်တဲ့ သတင်းအချက်အလက်တွေကတော့ ကျနော် မေးတော့မေးတယ် ဒါပေမဲ့ သူ့ဘေးမှာ အဲဒီရဲမြို့နယ်မှူးတွေ၊ စခန်းမှူးတွေ ပါနေတဲ့အခါကျတော့ ကားလည်း မောင်းနေတယ်ဆိုတော့ ဖုန်းချသွားတယ်။”
ပြည်နယ်နဲ့တိုင်း အသီးသီးမှာ ဖွဲ့စည်းထားတဲ့ လွှတ်တော်ကိုယ်စားပြု ကော်မတီဝင်တွေကို စစ်ကောင်စီဘက်က ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) ထုတ်ပြန်ပြီး တချို့ကိုလည်း ဖမ်းဝရမ်းပါ ဆက်ထုတ်ထားတာပါ။

NLD အစိုးရလက်ထက်က ဝန်ကြီးချုပ်တွေနဲ့ အစိုးရအဖွဲ့ဝင်တွေကိုလည်း ဖမ်းဆီးထိမ်းသိမ်းနေတာတွေကို စစ်ကောင်စီဘက်က ဆက်လုပ်နေပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နေရပ်ကို စွန့်ခွာထွက်ပြေးသူတွေ၊ ပြည်ပမှာ ယာယီခိုလှုံခွင့်တောင်းခံသူတွေ အများအပြားရှိနေပြီး အဲဒီအထဲမှာ NLD အစိုးရအဖွဲ့ဝင်ဟောင်းတွေနဲ့ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ NLD လွှတ်တော်အမတ် အများအပြားလည်း ပါဝင်နေတာ ဖြစ်ပါတယ်။

တိုက္႐ိုက္ လင့္ခ္

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG