သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ုရွားႏိုင္ငံထုတ္ ေရနံေစ်းႏႈန္း ကန္႔သတ္ဖို႔ G-7 အဖဲြ႕ သေဘာတူ 


RUSSIA-OIL/

ယူကရိန္းအေပၚ က်ဳးေက်ာ္စစ္ ဆင္ႏႊဲေနတဲ့ ႐ုရွားကို ၀င္ေငြျဖတ္ေတာက္ဖို႔ ရည္ရြယ္ၿပီး၊ ႐ုရွားႏိုင္ငံကထြက္တဲ့ ေရနံေတြကို ေစ်းႏႈန္းေတြ ကန္႔သတ္ဖို႔နဲ႔ တခ်ိန္တည္းမွာ စက္သုံးဆီေစ်းႏႈန္းေတြ မတက္ဖို႔ ေလာင္စာဆီမျပတ္ေအာင္လုပ္ဖို႔ အစီအစဥ္တရပ္ကို ကမာၻ႔စီးပြားေရး အင္အားႀကီး ၇ ႏိုင္ငံ G-7 အဖဲြ႕က သေဘာတူလိုက္ၾကပါတယ္။ 

႐ုရွားႏိုင္ငံထုတ္ ေရနံေစ်းႏႈန္း ကန္႔သတ္ဖို႔ G-7 အဖဲြ႕ သေဘာတူ

{{Zawgyi/Unicode}}
ယူကရိန္းအေပၚ က်ဳးေက်ာ္စစ္ ဆင္ႏႊဲေနတဲ့ ႐ုရွားကို ၀င္ေငြျဖတ္ေတာက္ဖို႔ ရည္ရြယ္ၿပီး၊ ႐ုရွားႏိုင္ငံကထြက္တဲ့ ေရနံေတြကို ေစ်းႏႈန္းေတြ ကန္႔သတ္ဖို႔နဲ႔ တခ်ိန္တည္းမွာ စက္သုံးဆီေစ်းႏႈန္းေတြ မတက္ဖို႔ ေလာင္စာဆီမျပတ္ေအာင္လုပ္ဖို႔ အစီအစဥ္တရပ္ကို ကမာၻ႔စီးပြားေရး အင္အားႀကီး ၇ ႏိုင္ငံ G-7 အဖဲြ႕က သေဘာတူလိုက္ၾကပါတယ္။

G-7 ဘ႑ာေရး၀န္ႀကီးေတြရဲ႕ အြန္လိုင္းေဆြးေႏြးပဲြမွာ သေဘာတူခဲ့ၾကတဲ့ အစီအစဥ္နဲ႔ ပတ္သက္လို႔ အေရးႀကီးတဲ့ အေသးစိတ္ အခ်က္အလက္ေတြေတာ့ ထုတ္ျပန္ခ်က္မွာ မေတြ႕ရပါဘူး။

အစီအစဥ္ကို အေကာင္အထည္ေဖာ္မယ့္ ႏိုင္ငံေတြ စုေပါင္းၿပီး၊ ညႇိႏႈိင္းသေဘာတူညီခ်က္ေတြအေပၚ အေျခခံၿပီး ေနာက္ပိုင္းမွာ ေစ်းႏႈန္းသတ္မွတ္သြားမွာ ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။

ဒီဇင္ဘာလကစ ႐ုရွားက ေရနံတင္သြင္းမႈေတြ တားျမစ္မယ့္ ဥေရာပသမဂၢ (EU) ရဲ႕ မူဝါဒေတြနဲ႔အညီ သက္ဆိုင္ရာ ႏိုင္ငံေတြရဲ႕ ျပည္တြင္းလိုအပ္ခ်က္ေတြအေပၚ မူတည္ၿပီး အေသးစိတ္ေတြကို ေရးဆဲြသြားမယ္လို႔လည္း G-7 ဘ႑ာေရး၀န္ႀကီးေတြရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပခဲ့တာပါ။

႐ုရွားက ေရနံစီမ္းနဲ႔ ေရနံထြက္ပစၥည္းေတြကို သတ္မွတ္ေစ်း ဒါမွမဟုတ္ သတ္မွတ္ေစ်းထက္ႏွိမ့္ၿပီး ၀ယ္ယူဖို႔ အေမရိကန္၊ ကေနဒါ၊ ၿဗိတိန္၊ ျပင္သစ္၊ ဂ်ာမနီ၊ အီတလီ နဲ႔ ဂ်ပန္ တို႔ ပါဝင္တဲ့ G-7 အဖဲြ႕က တျခား ေရနံတင္သြင္းေနတဲ့ ႏိုင္ငံေတြနဲ႔ မဟာမိတ္ဖဲြ႕ ေဆာင္ရြက္သြားမယ္လို႔လည္း ေျပာပါတယ္။

ဒါေပမဲ့လည္း ေဖေဖာ္ဝါရီလမွာ ယူကရိန္းအေပၚ က်ဳးေက်ာ္မႈေတြ စတင္ခ်ိန္ကစလို႔ ႐ုရွားက ေရနံစိမ္း ၀ယ္ယူမႈေတြ တိုးျမႇင့္လာေနတဲ့ တ႐ုတ္၊ အိႏၵိယတို႔လို အဓိက တင္သြင္းေနတဲ့ ႏိုင္ငံေတြ ပူးေပါင္းပါ၀င္မႈ မရွိရင္ ေအာင္ျမင္မႈ မရမွာကိုလည္း G-7 အဖဲြ႕၀င္ အရာရွိတခ်ဳိ႕က စိုးရိမ္ေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

.......................................................................

ရုရှားနိုင်ငံထုတ် ရေနံဈေးနှုန်း ကန့်သတ်ဖို့ G-7 အဖွဲ့ သဘောတူ

{{Zawgyi/Unicode}}
ယူကရိန်းအပေါ် ကျုးကျော်စစ် ဆင်နွှဲနေတဲ့ ရုရှားကို ဝင်ငွေဖြတ်တောက်ဖို့ ရည်ရွယ်ပြီး၊ ရုရှားနိုင်ငံကထွက်တဲ့ ရေနံတွေကို ဈေးနှုန်းတွေ ကန့်သတ်ဖို့နဲ့ တချိန်တည်းမှာ စက်သုံးဆီဈေးနှုန်းတွေ မတက်ဖို့ လောင်စာဆီမပြတ်အောင်လုပ်ဖို့ အစီအစဉ်တရပ်ကို ကမ္ဘာ့စီးပွားရေး အင်အားကြီး ၇ နိုင်ငံ G-7 အဖွဲ့က သဘောတူလိုက်ကြပါတယ်။

G-7 ဘဏ္ဍာရေးဝန်ကြီးတွေရဲ့ အွန်လိုင်းဆွေးနွေးပွဲမှာ သဘောတူခဲ့ကြတဲ့ အစီအစဉ်နဲ့ ပတ်သက်လို့ အရေးကြီးတဲ့ အသေးစိတ် အချက်အလက်တွေတော့ ထုတ်ပြန်ချက်မှာ မတွေ့ရပါဘူး။

အစီအစဉ်ကို အကောင်အထည်ဖော်မယ့် နိုင်ငံတွေ စုပေါင်းပြီး၊ ညှိနှိုင်းသဘောတူညီချက်တွေအပေါ် အခြေခံပြီး နောက်ပိုင်းမှာ ဈေးနှုန်းသတ်မှတ်သွားမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ဒီဇင်ဘာလကစ ရုရှားက ရေနံတင်သွင်းမှုတွေ တားမြစ်မယ့် ဥရောပသမဂ္ဂ (EU) ရဲ့ မူဝါဒတွေနဲ့အညီ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ ပြည်တွင်းလိုအပ်ချက်တွေအပေါ် မူတည်ပြီး အသေးစိတ်တွေကို ရေးဆွဲသွားမယ်လို့လည်း G-7 ဘဏ္ဍာရေးဝန်ကြီးတွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့တာပါ။

ရုရှားက ရေနံစီမ်းနဲ့ ရေနံထွက်ပစ္စည်းတွေကို သတ်မှတ်ဈေး ဒါမှမဟုတ် သတ်မှတ်ဈေးထက်နှိမ့်ပြီး ဝယ်ယူဖို့ အမေရိကန်၊ ကနေဒါ၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ နဲ့ ဂျပန် တို့ ပါဝင်တဲ့ G-7 အဖွဲ့က တခြား ရေနံတင်သွင်းနေတဲ့ နိုင်ငံတွေနဲ့ မဟာမိတ်ဖွဲ့ ဆောင်ရွက်သွားမယ်လို့လည်း ပြောပါတယ်။

ဒါပေမဲ့လည်း ဖေဖော်ဝါရီလမှာ ယူကရိန်းအပေါ် ကျုးကျော်မှုတွေ စတင်ချိန်ကစလို့ ရုရှားက ရေနံစိမ်း ဝယ်ယူမှုတွေ တိုးမြှင့်လာနေတဲ့ တရုတ်၊ အိန္ဒိယတို့လို အဓိက တင်သွင်းနေတဲ့ နိုင်ငံတွေ ပူးပေါင်းပါဝင်မှု မရှိရင် အောင်မြင်မှု မရမှာကိုလည်း G-7 အဖွဲ့ဝင် အရာရှိတချို့က စိုးရိမ်နေကြပါတယ်။

XS
SM
MD
LG