သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Fani ဆိုင်ကလုံး အားပျော့ပြီး ဘင်္ဂလားဒေ့ရှ်ကို ဝင်ရောက်


Fani ဆိုင်ကလုံး တိုက်ခတ်မှုကြောင့် ပျက်စီးသွားတဲ့ အပျက်အစီးတချို့ (မေ၊ ၀၃၊ ၂၀၁၉)
Fani ဆိုင်ကလုံး တိုက်ခတ်မှုကြောင့် ပျက်စီးသွားတဲ့ အပျက်အစီးတချို့ (မေ၊ ၀၃၊ ၂၀၁၉)

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း Odisha ပြည်နယ်ကို သောကြာနေ့မှာ ဝင်ရောက်တိုက်ခတ် ဖျက်စီးခဲ့တဲ့ ဆိုင်ကလုန်း Fani က မုန်တိုင်းငယ် အဖြစ် အားပျော့လာပြီး စနေနေ့မှာတော့ ဘင်္ဂလားဒေ့ရှ်ကို ဝင်ရောက် တိုက်ခတ်ပါတယ်။

အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့မှာ မုန်းတိုင်းဒဏ်ကနေ လူတွေ ထိခိုက်မယ့် အရေးကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ခဲ့တယ်လို့ ဆိုနိုင်ပေမယ့်လည်း အိန္ဒိယနိုင်ငံမှာ အနည်းဆုံး လူ ၁၂ ဦး သေဆုံးကြောင်း အစီရင်ခံချက်တွေ ရရှိထားပြီး အာဏာပိုင်ဆို့ စစ်ဆေးနေကြပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာတော့ အနည်းဆုံး ၄ ဦး သေဆုံးခဲ့ပါတယ်။

မုန်တိုင်း မကျခင် ၂၄ နာရီ အတွင်း အိန္ဒိယနိုင်ငံမှာ လူပေါင်း ၁ ဒသမ ၂ သန်းကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးနိုင်ခဲ့ပြီး လူထုရဲ့ အသက်အန္တရာယ် ကျရောက်မယ့် အရေးကနေ ကာကွယ်ပေးနိုင်ခဲ့တယ်လို့ အိန္ဒိယရဲ့ သဘာဝ ဘေးဒုက္ခ တုံ့ပြန်ကိုင်တွယ်ရေး အဖွဲ့က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာတော့ လူပေါင်း ၁ ဒသမ ၆ သန်းကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ကြောင်း မုန်တိုင်းဒီရေကြောင့် ကျေးရွာပေါင်း ၃၆ ရွာ ရေနစ်ခဲ့ပြီး အိမ်ပေါင်း ၂ ထောင်ကျော် ပျက်စီးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တို့က AFP သတင်းအေဂျင်စီကို ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် ကုန်းတွင်းကို ဝင်ရောက်တိုက်ခိုက်ချိန်မှာတော့ ဆိုင်ကလုန်း Fani က မုန်တိုင်းငယ် အဖြစ် အားပျော့လာပါတယ်။ အိန္ဒိယ သမုဒ္ဒရာ မြောက်ပိုင်းမှာ တိုက်ခတ်တဲ့ မုန်တိုင်းတွေထဲမှာတော့ အခု ဆိုင်ကလုန်း Fani က အင်အား အပြင်းဆုံး ဖြစ်သွားပြီး ၂၀၀၈ ခုနှစ်က မြန်မာနိုင်ငံကို ဝင်ရောက် တိုက်ခတ်ခဲ့ပြီး လူ ၁ သိန်းကျော် သေဆုံးခဲ့ရတဲ့ ဆိုင်ကလုန်း နာဂစ် ထက်တောင် အင်းအားပြင်းခဲ့ပါတယ်။

၂၀၁၉ ခုနှစ် အတွင်း ပထမဆုံး ဆိုင်ကလုန်း မုန်တိုင်း ဖြစ်တဲ့ Fani ဆိုင်ကလုန်းက မုန်တိုင်းငယ် အဖြစ် ကနေ လေဖိအားနည်း ရပ်ဝန်း အဖြစ် အားပျော့လာဖို့ ရှိပြီး မုန်းတိုင်း အရှိန်ကြောင့် မြန်မာနိုင်ငံတဝန်းမှာ မိုးရွာသွန်းနိုင်ကြောင်း လေကြောင်း ရေကြောင်း ခရီးစဉ်တွေ ကြိုတင် သတိပြုဖို့လည်း မြန်မာ မိုးဇလ ဌာနက သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG