သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ COVID-19 ကူးစက္သူ ၃,၃၉၉ ေယာက္၊ ေသဆံုးသူ ၁၀၂ ေယာက္ထပ္တိုး


ျမန္မာေဆး၀န္ထမ္းမ်ား က ကိုဗစ္စစ္ေဆးေနစဥ္ (ဓာတ္ပံု- Reuters)

(Zawgyi/Unicode)

ျမန္မာႏုိင္ငံတ၀န္း ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္း ဓာတ္ခြဲနမူနာေပါင္း ( ၃၉ ၂၈၉)ခုကုိ စစ္ေဆးခဲ့တာမွာ ေရာဂါပိုးေတြ႔သူ(၃၃၉၉ ) ေယာက္ရွိၿပီး ေသဆံုးသူ (၁၀၂ ) ေယာက္ရွိတယ္လုိ႔ စစ္ေကာင္စီ က်န္းမာေရးဌာနက ည ၈ နာရီမွာ သတင္းထုတ္ျပန္ပါတယ္။ျမန္မာႏုိင္ငံမွာပိုးကူးသူစုစုေပါင္းက (၃၉ ၉ ၂၈၂) ဦးနဲ႔ ေသဆုံးသူ စုစုေပါင္းက တေသာင္းခြဲ ေက်ာ္ရွိတယ္လို႔ ေၾကျငာခ်က္မွာ ေဖာ္ျပထားတာပါ။

က်န္းမာေရးပညာရွင္ေတြနဲ႔ ပရဟိတ ကူညီေပးေနသူေတြကေတာ့ အမွန္တကယ္ ကူးစက္ေသဆုံးႏႈန္းဟာ တရားဝင္ထုတ္ျပန္တာထက္ ပိုမ်ားႏုိင္တယ္လုိ႔ ခန္႔မွန္းၾကပါတယ္။ ကိုဗစ္ကပ္ေရာဂါတတိယလႈိင္းနဲ႔ ႀကဳံေနရတဲ့ ျမန္မာႏိုင္ငံမွာ ေရာဂါကုသေရးပိုင္းဆိုင္ရာ အခက္အခဲေတြ ရင္ဆိုင္ေနၾကရသလို စားဝတ္ေနေရး အခက္အခဲျဖစ္ေနသူေတြလည္း အေတာ္ေလး မ်ားလာေနပါတယ္။ ကိုဗစ္ကပ္ေရာဂါ ထိန္းခ်ဳပ္ႏိုင္ဖို႔ စည္းကမ္း ကန႔္သတ္ခ်က္ေတြထုတ္ျပန္ထားတာနဲ႔အတူ အလုပ္အကိုင္တခ်ိဳ႕ ရပ္နားထားတဲ့အတြက္ ဝင္ေငြထိခိုက္ စားဝတ္ေနေရး မေျပလည္သူေတြပို မ်ားလာတာပါ။

ျမန္မာႏိုင္ငံမွာ ကပ္ေရာဂါနဲ႔ ႏိုင္ငံေရးမတည္ၿငိမ္မႈေတြေၾကာင့္ အခုႏွစ္ဝက္အတြင္းမွာ အလုပ္အကိုင္ ၂.၂ သန္း ဆုံးရႈံးႏိုင္တယ္လို႔ အျပည္ျပည္ဆိုင္ရာ အလုပ္သမားေရးရာအဖြဲ႕ ILO က ခန႔္မွန္းထားပါတယ္။ဒီလို အၾကပ္အတည္းေတြနဲ႔ ရင္ဆိုင္ေနရတဲ့ ျမန္မာႏိုင္ငံတြင္း ဒုကၡသည္ ၇၀၀,၀၀၀ ေက်ာ္နဲ႔ ျပည္တြင္းေနရပ္စြန႔္ခြာေနရသူေတြအပါအဝင္ ျမန္မာျပည္သူလူထုအတြက္ အေရးေပၚ လူသားခ်င္းစာနာမႈအကူအညီ ေဒၚလာ သန္း ၅၀ ေက်ာ္ကို အေမရိကန္ျပည္ေထာင္စုက ကူညီေထာက္ပံ့ထားပါတယ္။

ဒီအကူအညီေတြကေနၿပီး ျမန္မာႏိုင္ငံအတြင္း ေဖ‌ေဖာ္ဝါရီလ ၁ ရက္ စစ္တပ္အာဏာသိမ္းၿပီးေနာက္ပိုင္း အၾကမ္းဖက္မႈေတြနဲ႔ဖိႏွိပ္မႈေတြေၾကာင့္ ထြက္ေျပးေနရတဲ့ျပည္သူေတြကို အဓိက အကူအညီေပးသြားမွာပါ။ အကူအညီေပးမယ့္အထဲမွာ အသက္ကယ္တင္ ေစာင့္ေရွာက္ေရး၊ ေနရာထိုင္ခင္း၊ မရွိမျဖစ္က်န္းမာေရးေစာင့္ေရွာက္မႈ၊ အေရးေပၚစားနပ္ရိကၡာေတြအျပင္ ေရ၊ မိလႅာနဲ႔ တစ္ကိုယ္ေရက်န္းမာသန႔္ရွင္းေရး ဝန္ေဆာင္မႈေတြပါဝင္ပါတယ္။

......................................................................................

တိုက္႐ိုက္ လင့္ခ္


မြန်မာ COVID-19 ကူးစက်သူ ၃,၃၉၉ ယောက်၊ သေဆုံးသူ ၁၀၂ ယောက်ထပ်တိုး

မြန်မာနိုင်ငံတဝန်း ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာပေါင်း ( ၃၉ ၂၈၉)ခုကို စစ်ဆေးခဲ့တာမှာ ရောဂါပိုးတွေ့သူ(၃၃၉၉ ) ယောက်ရှိပြီး သေဆုံးသူ (၁၀၂ ) ယောက်ရှိတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဌာနက ည ၈ နာရီမှာ သတင်းထုတ်ပြန်ပါတယ်။မြန်မာနိုင်ငံမှာပိုးကူးသူစုစုပေါင်းက (၃၉ ၉ ၂၈၂) ဦးနဲ့ သေဆုံးသူ စုစုပေါင်းက တသောင်းခွဲ ကျော်ရှိတယ်လို့ ကြေငြာချက်မှာ ဖော်ပြထားတာပါ။

ကျန်းမာရေးပညာရှင်တွေနဲ့ ပရဟိတ ကူညီပေးနေသူတွေကတော့ အမှန်တကယ် ကူးစက်သေဆုံးနှုန်းဟာ တရားဝင်ထုတ်ပြန်တာထက် ပိုများနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ကိုဗစ်ကပ်ရောဂါတတိယလှိုင်းနဲ့ ကြုံနေရတဲ့ မြန်မာနိုင်ငံမှာ ရောဂါကုသရေးပိုင်းဆိုင်ရာ အခက်အခဲတွေ ရင်ဆိုင်နေကြရသလို စားဝတ်နေရေး အခက်အခဲဖြစ်နေသူတွေလည်း အတော်လေး များလာနေပါတယ်။ ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်နိုင်ဖို့ စည်းကမ်း ကန့်သတ်ချက်တွေထုတ်ပြန်ထားတာနဲ့အတူ အလုပ်အကိုင်တချို့ ရပ်နားထားတဲ့အတွက် ဝင်ငွေထိခိုက် စားဝတ်နေရေး မပြေလည်သူတွေပို များလာတာပါ။

မြန်မာနိုင်ငံမှာ ကပ်ရောဂါနဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် အခုနှစ်ဝက်အတွင်းမှာ အလုပ်အကိုင် ၂.၂ သန်း ဆုံးရှုံးနိုင်တယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ILO က ခန့်မှန်းထားပါတယ်။ဒီလို အကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံတွင်း ဒုက္ခသည် ၇၀၀,၀၀၀ ကျော်နဲ့ ပြည်တွင်းနေရပ်စွန့်ခွာနေရသူတွေအပါအဝင် မြန်မာပြည်သူလူထုအတွက် အရေးပေါ် လူသားချင်းစာနာမှုအကူအညီ ဒေါ်လာ သန်း ၅၀ ကျော်ကို အမေရိကန်ပြည်ထောင်စုက ကူညီထောက်ပံ့ထားပါတယ်။

ဒီအကူအညီတွေကနေပြီး မြန်မာနိုင်ငံအတွင်း ဖေ‌ဖော်ဝါရီလ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်မှုတွေနဲ့ဖိနှိပ်မှုတွေကြောင့် ထွက်ပြေးနေရတဲ့ပြည်သူတွေကို အဓိက အကူအညီပေးသွားမှာပါ။ အကူအညီပေးမယ့်အထဲမှာ အသက်ကယ်တင် စောင့်ရှောက်ရေး၊ နေရာထိုင်ခင်း၊ မရှိမဖြစ်ကျန်းမာရေးစောင့်ရှောက်မှု၊ အရေးပေါ်စားနပ်ရိက္ခာတွေအပြင် ရေ၊ မိလ္လာနဲ့ တစ်ကိုယ်ရေကျန်းမာသန့်ရှင်းရေး ဝန်ဆောင်မှုတွေပါဝင်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG