သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ပရောက် မြန်မာတွေ အချင်းချင်းစောင့်ရှောက်ဖို့ ဒေါ်စုတိုက်တွန်း


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံကို ရောက်ရှိနေစဉ်
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံကို ရောက်ရှိနေစဉ်
တိုက်ရိုက် လင့်ခ်

ထိုင်းနိုင်ငံ အကျဉ်းထောင်တွေထဲက မြန်မာအကျဉ်းသားအားလုံးကို သူတို့ အစိုးရအနေနဲ့ ကူညီစောင့်ရှောက်မှာဖြစ်တယ် လို့ ရွှေ့ပြောင်းအလုပ်သမားအရေး အဖွဲ့တွေနဲ့ မနေ့က ဘန်ကောက်ရှိ မြန်မာသံရုံးမှာ တွေ့ဆုံရာ မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။ လူသိများတဲ့ ထိုင်းနိုင်ငံက လိပ်ကျွန်းလူသတ်မှုမှာ သေဒဏ် ချမှတ်ခံထားရ တဲ့ မြန်မာအလုပ်သမားနှစ်ဦးနဲ့ပတ်သက်လို့ တင်ပြချက်အပေါ်မှာ အဲဒီလို တုန့်ပြန်ပြောကြားလိုက်တာလဲဖြစ်ပါတယ်။

“ပြစ်မှုကျူးလွန်သူတွေကိုတောင်မှ သံရုံးကကာကွယ်ရမယ်။ ကိုယ်ရဲ့ နိုင်ငံသူနိုင်ငံသားတွေ ထောင်ထဲမှာ ရောက်နေပြီဆိုရင် ထောင်ဝင်စာသွားတွေ့ရမယ်။ ကူညီရမယ်။ စောင့်ရှောက်ရမယ်။ ရာဇဝတ်မှုကျူးလွန်လို့ ထောင်ထဲရောက်နေတဲ့ ပုဂ္ဂိုလ်တွေကိုတောင်မှ ကိုယ်နိုင်ငံသူနိုင်ငံသားဆိုရင် စောင့်ရှောက်ရမယ်။ မှန်မှန်သွားတွေ့ရမယ်ဆိုပြီးတော့ ကျမ သံရုံးကတာဝန်ရှိသူတွေကို ညွန်ကြားထားပါတယ်။”

ဂျွန်လ ၂၅ရက်က မြန်မာ ရွေ့ပြောင်း လုပ်သားမာျးနှင့် တွေ့ဆုံနေသော ဒေါ်အောင်ဆန်းစုကြည်။ ဓါတ်ပုံ - (Zin Latt/VOA)
ဂျွန်လ ၂၅ရက်က မြန်မာ ရွေ့ပြောင်း လုပ်သားမာျးနှင့် တွေ့ဆုံနေသော ဒေါ်အောင်ဆန်းစုကြည်။ ဓါတ်ပုံ - (Zin Latt/VOA)

ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်တိုင်တင်ပြခဲ့တဲ့အကြောင်းအရာနဲ့ပတ်သက်လို့ လည်း ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ယက် (MWRN) ဥက္ကဌ ဦးစိန်ဌေးက ဗွီအိုအေကိုအခုလိုပြောပြပါတယ်။

“ကျနော်အနေနဲ့က လိပ်ကျွန်းလူသတ်မှုနဲ့သေဒဏ်ကျခံရတဲ့ ကလေးနှစ်ယောက်ကို ပြီးခဲ့တဲ့ (၂၁)ရက်နေ့ကထောင်ဝင်စာသွားတွေ့ထားတယ်။ ပြီးတော့ သူတို့ရဲ့အမှာစကားကို ဒေါ်အောင်ဆန်းစုကြည်ကို ပြောဖြစ်ပါတယ်။ သူတို့အမှာစကားကတော့ သူတို့ ဒီပြစ်မှုတွေကို မကျူးလွန်ပါဘူး။ လွတ်မြောက်ဖို့ မျှော်လင့်ပါတယ်ဆိုတဲ့ အကြောင်းရယ်၊ နောက်ပြီးတော့ ထောင်ထဲမှာရှိနေတဲ့ မြန်မာနိုင်ငံသားအကျဉ်းသားတွေ အဲဒီထဲမှာ တချို့က တကယ်ပြစ်မှုကျူးလွန်လို့ ကျခံရတာပါသလို၊ တချို့ကလည်း ပစ်မှုမကျူးလွန်ပဲကျခံရတာပါတယ်လို့ သူတို့ကတော့ ပြော တာပေါ့နော်။ အဲဒီလူတွေကို ကြည့်ရှု့စောင့်ရှောက်ပေးဖို့ အမှာစကား ပါးပေးပါဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပြောခိုင်းတာပေါ့နော်။ ကျနော်ကလည်း အဲဒီအတိုင်းပြောခဲ့ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းခရီးစဉ်ကြောင့် လည်း မြန်မာရွှေ့ပြောင်း အလုပ်သ မားတွေရဲ့အခြေအနေ ပြောင်းလဲတိုးတက်လာဖို့ရှိတယ်လို့ မျှော်လင့်ပေမဲ့ မြန်မာသံရုံးအနေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့အရေးကိုထိရောက်အောင် ဆောင်ရွက်ပေးဖို့ လိုအပ်နေသေးကြောင်း ဦးစိန်ဌေးက ဆိုပါတယ်။

ဒီအတောအတွင်းမှာပဲ ဇွန်လ (၂၃)ရက်နေ့က မဟာချိုင်ဒေသ ငါးပုဇွန်လုပ်ငန်းခွင် မှာလုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေကို ဒေါ်အောင်ဆန်းစုကြည် သွားရောက်တွေ့ဆုံရာမှာ ထိုင်းအာဏာပိုင်တွေက ကန့်သတ်တားမြစ်မှုတွေ လုပ်ခဲ့တာကို သူ့အနေနဲ့ စိတ်ပျက်မိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဖေါ်ပြောဆိုပြီးနောက် ဇွန်လ (၂၄)ရက်စွဲနဲ့ ထိုင်းဝန်ကြီးချုပ်ကိုယ်တိုင် လက်မှတ်ရေးထိုးထားတဲ့ ရဲအရာရှိပေါင်း (၂၃)ဦးကို ရာထူးကနေခေတ္တဖယ်ရှားပြီး စစ်ဆေးမယ့် စာရင်းမှာ မဟာချိုင်က အာဏာပိုင်တချို့ရဲ့အမည်တွေပါဝင်ခဲ့ပါတယ်။

အရေးယူခံထားရတဲ့စာရင်းထဲမှာတော့ မဟာချိုင်ခရိုင်မှူး၊ ခရိုင်ဒုတိယဥပဒေအရာ ရှိချုပ် တို့ပါဝင်ကြောင်း ဦးစိန်ဌေးကပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ သူရဲ့ (၃)ရက်ကြာထိုင်းနိုင်ငံ ခရီးစဉ်အတွင်း ထိုင်းဝန်ကြီးချုပ် ပရာရွတ် ချန်အိုချာနဲ့ တွေ့ဆုံရာမှာ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေ ရဲ့အခွင့်အရေးတွေ အကာအကွယ်ပေးတဲ့ အလုပ်သမားဆိုင်ရာ သဘော တူညီချက်စာချုပ်တွေအပြင် လုံခြုံစိတ်ချတဲ့ အခြေအနေရောက် မှ မြန်မာဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေး နှစ်နိုင်ငံ သဘောတူညီချက်တွေရရှိခဲ့ပါတယ်။

XS
SM
MD
LG