သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် ဆွီဒင်နိုင်ငံရောက်


ဒေါ်အောင်ဆန်းစုကြည် ဆွီဒင်နိုင်ငံရောက် (Ministry of Foreign Affairs Myanmar)

ပြီးခဲ့တဲ့ သီတင်းပတ် တနင်္ဂနွေညက စပြီး ကနေဒါနဲ့ ဆွီဒင် ၂ နိုင်ငံ ချစ်ကြည်ရေး ခရီးထွက်ခွါခဲ့တဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အခု တနင်္ဂနွေနေ့မှာ ဆွီဒင်နိုင်ငံကို ရောက်ရှိနေပါပြီ။ ပထမဆုံး သွားရောက်ခဲ့တဲ့ ကနေဒါ နိုင်ငံကနေ စနေနေ့ ညနေက ထွက်ခွါခဲ့ပြီး တနင်္ဂနွေနေ့ မှာ ပြင်သစ်နိုင်ငံကနေ တဆင့် ဆွီဒင်နိုင်ငံ စတော့ဟုမ်းကို ရောက်ရှိသွားပြီ ဖြစ်ပါတယ်။

ဆွီဒင်က လွှတ်တော်ဥက္ကဌ Mr. Urban Ahlin နဲ့ ဆွီဒင် ဝန်ကြီးချုပ် Mr. Stefan Lofven တို့ရဲ့ ဖိတ်ကြားချက်အရ ဒေါ်အောင်ဆန်းစုကြည်ဟာ ဆွီဒင်နိုင်ငံကို တရားဝင် ချစ်ကြည်ရေး ခရီး ဆက်လက် သွားရောက်တာ ဖြစ်ပါတယ်။

ကနေဒါဝန်ကြီးချုပ် Justin Trudeau ရဲ့ ဖိတ်ကြားချက်နဲ့ ကနေဒါနိုင်ငံ ကို ချစ်ကြည်ရေး ခရီးသွားရောက်စဉ် အတွင်း ကနေဒါ ဝန်ကြီးချုပ် နဲ့ရော ကနေဒါဘုရင်ခံချုပ် David Johnston တို့နဲ့ပါ တွေ့ဆုံခဲ့ပါတယ်။ ကနေဒါ ဝန်ကြီးချုပ်နဲ့ တွေ့ဆုံစဉ်မှာတော့ ၂ နိုင်ငံကြား စီးပွါးရေးနဲ့ ဖွံဖြိုးရေး အတွက် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပါတယ်။ ဒီခရီးစဉ်အတွင်း မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ လူသားချင်း စာနာမှု ဆိုင်ရာ အကူအညီတွေ အတွက် ကနေဒါနိုင်ငံက ဒေါ်လာ ၈.၈ သန်း ထောက်ပံ့မှာ ဖြစ်ကြောင်း ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ကနေဒါနိုင်ငံ ဖက်ဒရယ်စနစ်အောက်က ဘဏ္ဍာရေးဆိုင်ရာ အစီအမံများနဲ့ သဘာဝ သယံဇာတ အရင်းအမြစ် စီမံခန့်ခွဲမှုဆိုင်ရာ ဆွေးနွေးပွဲကိုလည်း တက်ရောက်ခဲ့တာ ဖြစ်ပြီး ကနေဒါရောက် မြန်မာမိသားစုတွေနဲ့ အော်တ၀ါမြို့မှာရော တိုရန်တိုမြို့ မှာပါ တွေ့ဆုံခဲ့တာပါ။ ဒီခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဒုတိယဝန်ကြီး ဦးကျော်တင်၊ သမ္မတရုံး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမင်းသူ တို့လည်း လိုက်ပါသွားတာ ဖြစ်ပါတယ်။

ဆွီဒင်နိုင်ငံခရီးစဉ် အတွင်း ဇွန်လ ၁၂ ရက် တနင်္လာနေ့မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဆွီဒင်နိုင်ငံရောက် မြန်မာ တိုင်းရင်းသား မိသားစု တွေနဲ့ တွေ့ဆုံဖို့ ရှိပါတယ်။ ဇွန်လ (၁၃) ရက်နေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည် ဆွီဒင်လွှတ်တော်မှာ မိန့်ခွန်း ပြောကြားဖို့ ရှိတယ်လို့ လွှတ်တော်က သတင်းထုတ်ပြန် ထားပေမဲ့ အသေးစိတ် ကိုတော့ မသိရသေးပါဘူး။

ဒေါ်အောင်ဆန်းစုကြည် ဆွီဒင်နိုင်ငံရောက်
please wait

No media source currently available

0:00 0:01:35 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG